Print

စိုးရိမ်ပူပန်မှုကို ဘယ်လိုလျှော့ချမလဲ

  13-Jun-2018
Preview Image


 

စိုးရိမ်ပူပန်မှုသည် ချက်ခြင်းလက်ငင်း ဖျောက်ဖျက်၍ရသောအရာမဟုတ်။ ဖြည်းဖြည်းခြင်း ပြုပြင်ပြောင်းလဲယူူရသည်။ သို့သော်စိုးရိမ်ပူပန်မှုနှင့် နေရသောနေ့တိုင်းသည် အပြည့်အဝပျော်ရွှင်မှု မရရှိနိုင်သောကြောင့် ပျောက်ကင်းအောင် ပြုပြင်ရန်ကား လိုအပ်သည်။ အောက်ဖော်ပြပါများသည် နေ့စဉ်ဘဝတွင် ပြုလုပ်နိုင်သော စိုးရိမ်ပူပန်မှု လျော့ကျစေသည့် နည်းလမ်းများဖြစ်သည်။

 

၁။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

ခန္ဓာကိုယ်လှုပ်ရှားမှုသည် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး စိတ်ဖိစီးမှုဆိုင်ရာလက္ခဏာများကို သက်သာစေသည်။

 

၂။ ကိုယ်နှင့်စိတ်ကို ဖြေလျော့ပေးသောနည်းလမ်းများ

တရားထိုင်ခြင်းကဲ့သို့ နည်းလမ်းများကို လူအများစုသည် သတိပြုမိသော်လည်း ချက်ခြင်းလက်ငင်းသက်သာစေခြင်း မရှိသောကြောင့် အသုံးမပြုကြ။ ကာလကြာရှည်နေ့စဉ် ကျင့်သုံးလျှင်တော့ ထိရောက်မှုရှိသည်ကို တွေ့ရှိရသည်။

 

၃။ အိပ်စက်ခြင်း

အိပ်စက်ချိန်နည်းပါးခြင်းက စိုးရိမ်ပူပန်မှုလက္ခဏာများကို ပိုမိုစိုးရွားစေနိုင်သည်။ စိုးရိမ်ပူပန်တတ်သူများအဖို့ အိပ်စက်ခြင်းသည်မ ဖြစ်မနေလိုအပ်သော အရာဖြစ်သည်။

 

၄။ ယဉ်ပါးစေခြင်း

သင့်ကို စိုးရိမ်ပူပန်စေသော အရာများနှင့် ယဉ်ပါးအောင် လေ့ကျင့်ပေးနိုင်သည်။ အကယ်၍ သင်သည်ရှက်တတ်သူဖြစ်လျှင် လူပုံအလယ်သို့ ကြောင်ကြောင်ကျားကျား ဝတ်ဆင်၍ လမ်းထွက်ခြင်းဖြင့် ရှက်သည်ဟူသော ခံစားမှုကို အကျင့်ရစေနိုင်သည်။

 

၅။ ပျော်စရာကောင်းအောင်နေထိုင်ပါ

ဘဝတွင် နေ့စဉ်လုပ်ကိုင်နေရသော လုပ်ငန်းဆောင်တာများကို ပျော်ရွှင်ဖွယ်ဖြစ်အောင် ပြောင်းလဲနိုင်သည့် နည်းလမ်းများကို ရှာဖွေပါ။ အကယ်၍ သင့်အလုပ်က သင့်ကို စိုးရိမ်ပူပန်မှုဖြစ်စေပါက လုပ်ငန်းခွင်၌ ပျောရွှင်နိုင်သော နည်းလမ်းများကို ရှာဖွေသင့်ပေသည်။

 

၆။ ကျန်းမာရေးကို မထိခိုက်စေသည့် စိတ်အပြောင်းအလဲများကို ရှာဖွေပါ

စိုးရိမ်ပူပန်မှုကို တိုက်ဖျက်ရာတွင် စိတ်အပြောင်းအလည်းများသည် အရေးပါသည်။ စိတ်တက်ကြွဖွယ် တေးသီချင်းများကို နားထောင်ခြင်း၊ ရယ်ရွှင်ဖွယ်ရာ TV အစီအစဉ်များကို ကြည့်ရှုခြင်း၊ ဝါသနာပါရာ အားကစားပြုလုပ်ခြင်း စသည်တို့ဖြင့် စိုးရိမ်ပူပန်မှု မဖြစ်ပေါ်အောင်တားဆီးနိုင်သည်။

 

၇။ အနုပညာ

အနုပညာသည် စိုးရိမ်ပူပန်မှုအတွက် အစွမ်းထက်သော ဆေးတလက်ဖြစ်သည်။ ပန်းချီဆွဲခြင်းကဲ့သို့သော အနုပညာဖန်တီးမှုများသည် မိမိစိတ်ကို ဖော်ပြနိုင်ရုံသာမက စိုးရိမ်ပူပန်မှုမှ စိတ်အလွှဲအပြောင်းဖြစ်စေနိုင်သည်။

 

Dr.Aung Aung


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18