ရေခဲ၏အသုံးဝင်ပုံလေးများ
25-Jun-2018၁။
မျက်နှာကိုလန်းဆန်းစေခြင်း
မိတ်ကပ်မလိမ်းခင် မျက်နှာအသားအရေ အနှံ့သုတ်လိမ်းပေးပါ။ချက်ချင်း
တောက်ပလာပါလိမ့်မယ်။ ရေခဲတုံးကိုနူးညံ့တဲ့အဝတ်စ ဒါမှမဟုတ် တစ်သျှူးနဲ့အုပ်ပြီး
မျက်နှာပေါ်အုပ်ပါ။ပြီးမှမိတ်ကပ်လိမ်းရင်မိတ်ကပ်သားစွဲစေပါတယ်။
၂။ နေလောင်ဒဏ်ရာပျောက်စေခြင်း
ရေခဲတုံးကိုနေလောင်ထားတဲ့အရေပြားပေါ်ပွတ်လိမ်းပေးရင် အလွန်အေးမြသက်သာစေတဲ့
ခံစားချက်ရှိပါတယ်။
၃။ ဝက်ခြံသက်သာစေခြင်း
ဝက်ခြံအဖုအပိန့်တွေပါ်ရေခဲကပ်ပေးရင်အရေပြားကို အေးမြစေတဲ့ခံစားချက်ရှိပါတယ်။
ဒါ့အပြင်ချွေးပေါက်ကျဉ်းစေပြီး အရေပြားအတွင်း
ဘက်တီးရီးယား ပိုးတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးပါတယ်။ သန့်ရှင်းတဲ့
ပိတ်စထဲရေခဲတုံး ထည့်ပြီး အမာရွတ်ပေါ်ကိုနေ့စဉ် ၁၀ မိနစ်ခန့် ပွတ်သပ်ပေးပါ။
ချွေးပေါက်ကျဉ်းပြီးရောင်ရမ်းမှု လျော့ကျစေပါတယ်။
၄။ မျက်စိအနားရစေခြင်း
အလုပ်ကိုကြာကြာလုပ်ပြီး ပင်ပန်းနေရင်၊ ကွန်ပျူတာ screen ကိုကြာကြာကြည့်ထားရင်
ရေခဲတုံးထည့်ထားတဲ့ ပိတ်စကို မျက်စိပေါ်အုပ်ပေးပါ။ စိတ်ဖိစီးမှုကို
သက်သာလျော့ပါးစေရုံသာမက မျက်စိဖောင်းအစ်မှုကို ကင်းစင်စေပါတယ်။
၅။ အမွေးနုတ်လျှင်နာကျင်မှုမရှိခြင်း
မျက်ခုံးမွှေးနုတ်တဲ့အခါ နာကျင်မှုမရှိစေဖို့ မျက်ခုံးမွှေးပေါ်ကိုေ ရခဲတုံးကပ်ပေးပါ။
အဲဒီနေရာထုံသွားပြီး အမွေးနုတ်တဲ့အခါ နာကျင်မှုကင်းစေပါတယ်။
၆။ မီးလောင်ဖုသက်သာစေခြင်း
မီးလောင်ဖု၊ အရည်ဖုတွေပေါ်ကို ရေခဲထုပ်ထားတဲ့ပိတ်စအုပ်ပေးရင်အရေပြားကိုနောက်
ထပ်ထိခိုက်မှုမဖြစ်အောင်ကူညီပေးပါတယ်။ ရောင်ရမ်းမှုကိုလည်းလျော့ကျစေပါတယ်။
၇။ ကြွက်သားနာကျင်မှုလျော့ပါးစေခြင်း
ကြွက်သားရောင်ရမ်းမှုနဲ့နာကျင်မှုသက်သာစေဖို့ရေခဲတုံးကပ်ပေးနိုင်ပါတယ်။
Ref: NSD
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။