Print

ဒူးနာခြင်း

  26-Jun-2018
Preview Image

အသက်ငယ်စဉ်အရွယ်တွင် မသိပေမဲ့ အသက်အရွယ်ရလာသောအခါတွင် အကြောတက် အဆစ်နာဆိုသည့် အရွယ်အရ စကားပြောလာပါသည်။ မိမိ၏ကိုယ်ခန္ဓာ အလေးချိန်ဝိတ်ကို မထိန်းနိုင်လျှင် ဒူးနာခါးနာ ပိုမိုဖြစ်ပွားလေ့ရှိပါသည်။

ခန္ဓာကိုယ်အထက်ပိုင်း ကိုယ်အလေးချိန်များကို ကြာရှည်ဖိထားခြင်းကြောင့်ထိုင်နေရာမှထလျှင်ဖြစ်ဖြစ်၊ သွားလာနေရင်းဖြစ်ဖြစ်၊ ဒူးနာလာခြင်း၊ ခါးနာလာခြင်း သိသိသာသာ နာကျင်နေမှု ဖြစ်ပေါ်လာသည်။ တစ်သက်လုံး ခိုင်းသမျှ လုပ်ဆောင်ခဲ့သမျှဒဏ်တွေကြောင့် ဖြစ်ပေါ်လာသည့် ရောဂါလည်းဖြစ်ပါသည်။ အမျိုးသားများရော အမျိုးသမီးများတွင် ဖြစ်ပွားပါသည်။ လှုပ်ရှားလျှင် ဒူးခေါင်းအဆစ်နေရာတွင် အသံတွေမြည်ပြီး နာကျင်ပါသည်။

လူတစ်ယောက် ဒူးနာရောဂါစွဲကပ်နေပြီဆိုပါက ပုဆစ်တုပ်လည်း ထိုင်မရ ၊ ထိုင်နေရာမှ ထရမှာကိုတောင် ကြောက်နေမိပါတယ်။ အိမ်သာသွားလည်း ထိုင်လို့တောင် အစဉ်မပြေဖြစ်တတ်ပါသည်။ အဆစ်အမြစ်တွေနာနေပြီဆိုလျှင် တစ်ချို့ကလေးဖက်နာဆိုပြီး အလွယ်တကူ အမည်ပေးတတ်ကြပါသည်။ အဆစ်နာခြင်းလား အဆစ်ရောင်ခြင်းဆိုတာကို မသိကြပါ ။ အဆစ်ရောင်ခြင်းတွင် ယူရစ်အက်စစ်များခြင်းကြောင့် အဆစ်အတွင်း အနည်ကျသဖြင့် နာသောဂေါက်ရောဂါ ဆိုလျှင် ရုတ်တရက်နာကျင်လာတက်ပါသည်။ နာနေစဉ် အလွန်နာ၊ မခံနိုင်အောင်နာ၊ လှုပ်မရအောင် နာလေ့ရှိပါသည် ။ ယင်းအနာပျောက်သွားချိန်ဆိုလျှင် အကောင်းပကတိဖြစ်နေတတ်သည်။ ရောဂါလုံးဝပျောက်သွားသလားလို့ထင်မြင်မိကြပါသည်။

ဆေးပညာသဘောအရ အဆစ်နာ၊ အဆစ်ရောင်ရောဂါများကို အုပ်စုခွဲ သတ်မှတ်ထားပါသည်။ ရောင်ရမ်းသောအဆစ်ရောင်ရောဂါ ၊ သက်ကြီးဇရာ၊ ထိခိုက်မိသောကြောင့်ဒဏ်နှင့်ဇီဝဓာတုဓာတ်ပစ္စည်းများကြောင့်အဆစ်ရောင်ဖြစ်ပေါ်စေခြင်းတို့ဖြစ်ပါသည်။အဆစ်ရောင်အဆစ်နာဖြစ်နေသည်နေရာ၊ဘယ်နှဆစ်ရောင်နေလဲ၊နာကျင်ဝေဒနာအချိန်ကြာကြာဖြစ်ပေါ်နေလား၊ ဘယ်လိုအချိန်တွေမှာ ပိုမိုနာကျင်မှု့ဖြစ်ပေါ်လာသလဲဆိုပြီး ဖြစ်ပေါ်သည့်ရောဂါများတွင် ကွဲပြားခြားနားမှု ့ရှိပါသည်။

 နာကျင်နေသည့်အခါတိုင်းတွင် မိမိဖာသာ နာကျင်ခြင်းကို သက်သာစေသော အကိုက်အခဲပျောက်ဆေးများသောက်ခြင်းမပြု့လုပ်သင့်ဘဲ နာကျင်နေမှု့အတွက် တိကျသောအဖြေတစ်ခုရရှိရန်အတွက် ဓာတ်ခွဲမှု လုပ်ဆောင်သင့်ပါသည်။သင်လိုက်နာသင့်သည်မှာ အဝလွန်မဖြစ်စေရန် ထိန်းပါ။အလေးပင်မခြင်း ရှောင်ရှားပါ။ ပြင်းထန်သောအားကစားများ လုပ်ဆောင်ခြင်းကိုရှောင်ရှားပါ။ နာကျင်နေသည့်အချိန်တွင် ခြေထောက်များကို ခါရမ်းခြင်း မပြု့လုပ်သင့်ပါ။ရောင်ရမ်းနာသော ဒူးအဆစ်နေရာများကို ဖိနှိပ်ခြင်းမလုပ်သင့်ပါ။ ကလီစာ အစာအစားများစားသုံခြင်းမပြု့သင့်ပါ။ အရက်ဘီယာသောက်သုံးခြင်းများကို ရှောင်ရှားခြင်းတို့ပင်ဖြစ်ပါသည် ။

Ref: Mg Mandalay

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18