Print

နှာခေါင်းသွေးလျှံခြင်း

  07-Jul-2018
Preview Image

ပူပြင်းခြောက်သွေ့သည့် ရာသီဥတုတွင် နှာခေါင်းသွေးလျှံခြင်း ဖြစ်တတ်သည်။ အသားအရေပြားခြောက်သွေ့ခြင်းကြောင့် သွေးကြောများ ပေါက်လွယ်တတ်သဖြင့်နာခေါင်းသွေးလျှံခြင်း အလွယ်တကူ ဖြစ်တတ်ပါသည်။ ဖြစ်လာခဲ့ပါက မိမိကိုယ်တိုင်အလွယ်ဆုံးလုပ်ဆောင်သင့်သည့်အချက်များမှာ

၁။ နှာခေါင်းသွေးလျှံသည့်အခါ နှာခေါင်းထိပ်ဖြားနေရာကို လက်မနဲ့လက်ညိုးဖြင့်ညှပ်ပေးထားပါ။

၂။ သွေးတိတ်သည့်အထိနေပေးပါ။ အဲဒီလိုဖြစ်နေသည့်အချိန်တွင် လှဲအိပ်ခြင်းမပြုလုပ်ရပါ။ သွေးများအသက်ရှူလမ်းကြောင်းအတွင်းသို ့ရောက်ရှိတတ်ပါသည်။ 

၃။ ဦးခေါင်းကို အနည်းငယ်မော့ပေးထားပါ ။

၄။ ရေခဲအဝတ်ဖြင့် နှာခေါင်းထိပ်နေရာတွင် မကြာမကြာကပ်ပေးပါ ။

၅။ နှာခေါင်းအတွင်း လက်ဖြင့်နှိုက်ခြင်းလုံးဝမပြုလုပ်ရပါ။ ငြိမ်သက်စွာနားနားနေနေပေးပါ။

၆။ အလေးပင်မခြင်း ၊ လေ့ကျင့်ခန်းလုပ်ခြင်း မလုပ်ဆောင်သင့်ပါ ။

၇။ ဆေးလိပ်သောက်တက်သူများ ဆေးလိပ်ဆက်မသောင်သင့်ဘဲတစ်ရက်တာမျှ နားပေးပါ။

၈။ သွေးလျှံနေခြင်းကြောင့် ပူသောဟင်းရည်၊ ကော်ဖီ၊ လက်ဖက်ရည်တို ့သောက်သုံးခြင်းရှောင်ရှားလိုက်ပါ။

Ref:
Mg Mandalay

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18