Print

ကိုယ်ဝန်ဆောင်များအရက်သောက်ခြင်းကကလေးကိုထိခိုက်နိုင်လား

  09-Jul-2018
Preview Image

ကိုယ်ဝန်ဆောင်မိခင်များ အရက်သောက်သုံးလျှင် မွေးလာသည့် ကလေး၌ မှတ်ဉာဏ်ထိခိုက်ကာ မွေးရာပါချို့ယွင်းမှုများ ဖြစ်ပေါ်နိုင်ပြီး နောက်ဆက်တွဲ ဆိုးကျိုး များအဖြစ် ကျောင်းပညာရေးကိုလည်း ထိခိုက်စေနိုင်ကြောင်း သတင်းရရှိသည်။အရက်ကြောင့် ခန္ဓာကိုယ်ထဲ၌ ဓာတ်ပြိုကွဲပြီး ဖြစ်ပေါ်လာသည့် အက်ဆီတယ်လ်ဒီဟိုက် (Acetaldehyde) ဓာတ်ပစ္စည်းသည် အဆိပ်ဖြစ်ကာ မျိုးရိုးဗီဇ DNA ကိုပျက်စီးစေခြင်းဖြစ်သည်။ ထို့ကြောင့် အရက်အနည်းငယ်သောက်သုံးရုံဖြင့် အမျိုးသမီးများ မြုံစေနိုင်ပြီး အမျိုးသားများ မျိုးပွားနိုင်စွမ်းကို ထိခိုက်စေနိုင်ခြင်းဖြစ်သည်။‘‘ကိုယ်ဝန်ဆောင်တွေ အရက်သောက်ရင် အရက်ကြောင့် ကလေးဖွံ့ဖြိုးမှုကို ထိခိုက်ပြီး အန္တရာယ်ရှိတယ်။ မွေးရာပါချို့ယွင်းချက် ပြသနာတွေဖြစ်မယ်။ စာလည်းသင်လို့မရ၊ မှတ်ဉာဏ်မကောင်းဘဲနဲ့ ခဲရာခဲဆစ်သင်ရတဲ့ကလေး ဖြစ်နိုင်ပါတယ်’’ ဟု အသည်းအထူးကုပါမောက္ခကြီး ဒေါက်တာဝင်းနိုင် ကဆိုသည်။

ကိုယ်ဝန်ဆောင်နေစဉ် အရက်သောက်သုံးမှုကြောင့် ကလေးသူငယ်များ၌ ဉာဏ်ရည်မမီခြင်း၊ ခေါင်းသေးခြင်း၊ မျက်နှာသေးခြင်း၊ နားမကောင်းခြင်း၊နှာခေါင်းတိုခြင်းနှင့် မေးစေ့ချွန်ခြင်း စသည့် ဦးခေါင်းပိုင်း၊ မျက်နှာပိုင်းများ၌မွေးရာပါ ချို့ယွင်းမှု ပြဿသနာများရှိနိုင်ပြီး ဦးနှောက်ထိခိုက်ခြင်းများလည်းဖြစ်ပေါ်နိုင်သည်။‘‘ကိုယ်ဝန်ဆောင်မိခင်တွေက အရက်သောက်တာလို
အမှားအယွင်းပြုလုပ်မိရင် သန္ဓေသားရဲ့ ကိုယ်အင်္ဂါဖြစ်ပွားမှုမှာပြဿသနာပေါ်စေပြီး အင်္ဂါမစုံတဲ့ ကလေးအဖြစ် မွေးဖွားလာနိုင်တယ်။ ဒါကြောင့် ကိုယ်ဝန်သည်တွေအနေနဲ့ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါးသုံးစွဲမှုတွေကို လုံးဝမပြုလုပ်သင့်ပါဘူး’’ ဟုရန်ကင်းမြို့နယ်ရှိ ကလေးအထူးကုဆရာဝန်ကြီးတစ်ဦးကဆိုသည်။

ဗြိတိန်နိုင်ငံ တော်ဝင်ဆေးပညာရှင်များကောလိပ်ရှိ ကျန်းမာရေးဌာနကအမျိုးသားများ တစ်ပတ်လျှင် အရက်ပမာဏ ၂၁ ယူနစ်နှင့် အမျိုးသမီးများ တစ်ပတ်လျှင် အရက်ပမာဏ ၁၄ ယူနစ် သာသောက်သုံးသင့်ပြီး အရက်မသောက်သင့်သည့်နေ့ရက်မှာတစ်ပတ်လျှင် သုံးရက်ခန့် ရှိရမည်ဖြစ်သည်ဟု ဆိုသည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ၂၀၀၉ ခုနှစ်တွင် ကောက်ယူခဲ့သောစစ်တမ်းများအရ jမန်မာနိုင်ငံတွင် အရက်သောက်သုံးမှုမှာ အမျိုးသားများတွင် ၂၅ရာခိုင်နှုန်း၊ အမျိုးသမီးများတွင် ၃၁ ရာခိုင်နှုန်းရှိပြီး လူတစ်ရာလျှင် တစ်ယောက်နှုန်းသောက်သုံးနေသည်ဟု သိရသည်။

Ref:
ယမင်း

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18