လက်သည်း ကျန်းမာရေးအတွက် အာဟာရ
11-Jul-2018- လက်သည်းခြောက်ခြင်းအတွက် ပဲပင်ပေါက်၊ ပဲစေ့၊ ဟင်းနုနွယ်၊
အစိမ်းရောင်ဟင်းရွက်များစားခြင်း ဖြင့် folate ဓါတ်ရရှိပြီး လက်သည်း များ တောက်ပြောင်လာစေသည်။
- လက်သည်းကြွပ်ခြင်း၊ ကျိုးလွယ် ခြင်းအတွက် fatty
acid ကြွယ်ဝသောလျှော်စေ့အဆီကို ဟင်းထဲထည့်ချက်ပါ။
- လက်သည်းပျော့ခြင်းအတွက် အသားဓါတ်များများ စားသုံးရန်လိုအပ်သည်။
- သံဓါတ်ချို့တဲ့သည့်အခါ၌လည်း လက်သည်းများ ကျိုးလွယ်တတ်သည်။
ကြက်ဥ၊ ဟင်းနု နွယ်နှင့် ဗိုက်တာမင်စီကြွယ်ဝသော အချဉ်သီးများ၊ ခရမ်းချဉ်သီးများက သံဓါတ်
စုပ်ယူမှုကောင်းစေရန် ကူညီပေးသည်။
- သံလွင်ဆီအနည်းငယ်ကို ညအိပ်ခါနီး လက်သည်းပေါ်လိမ်းပေးခြင်းဖြင့်ခြောက်သွေ့သည့် လက်သည်းများ ပြန်လည်စိုပြည်လာစေသည်။
Ref:
ဇော်ကို
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။