Autonomic Neuropathy (အလိုအလျောက်အာရုံကြောစနစ် ချို့ယွင်းခြင်း)
13-Jul-2018အကျဉ်းရှင်းလင်းချက်
အလိုအလျောက်အာရုံကြောစနစ် ချို့ယွင်းခြင်းသည် ခန္ဓာကိုယ်၏လုပ်ဆောင်ချက်များဖြစ်သော သွေးပေါင်ထိန်းညှိခြင်း ၊ ကိုယ်ခန္ဓာအပူချိန်ထိန်းပေးခြင်း ၊ အစာချေဖျက်ခြင်း ၊ ဆီးသွားခြင်း ၊ ကာမဆက်ဆံခြင်းတို့တွင် သက်ရောက်မှုရှိသည်။ ထိခိုက်ပျက်စီးသွားသော အာရုံကြောသည် ဦးနှောက်နှင့် ကိုယ်တွင်းကလီစာများကြားဆက်သွယ်မှုကို နှောင့်အယှက်ပြုသည်။
လက္ခဏာများ
ထိခိုက်သွားသော အာရုံကြောပေါ်မူတည်၍ လက္ခဏာများကွဲပြားနိုင်သည်။
- မူးဝေခြင်း ၊ သတိမေ့ခြင်း
- ဆီးလမ်းကြောင်း ဆိုင်ရာ လက္ခဏာများ - ဆီးသွားရခက်ခြင်း ၊ ဆီးမထိန်းနိုင်ခြင်း ၊ ဆီးအိမ်တင်းခြင်းကို မသိခြင်း ၊ ဆီးကျန်ခြင်းတို့သည် ဆီးလမ်းကြောင်းပိုးဝင်နိုင်သည်။
- မျိုးပွားခြင်းဆိုင်ရာ လက္ခဏာများ - အမျိးသားများ သုက်လွှတ်ခြင်း ပြဿနာများ ၊ အမျိုးသမီးများတွင် မိန်းမကိုယ်ခြောက်သွေ့ခြင်း ၊ ကာမစိတ်လျော့နည်းခြင်း ၊ ကာမဆန္ဒမပြီးမြောက်ခြင်း
- အစာချေဖျက်ခြင်းဆိုင်ရာ လက္ခဏာများ - ရင်ပြည့်လွယ်ခြင်း ၊ အစာစားချင်စိတ်လျော့နည်းခြင်း ၊ အစာမကြေဖြစ်ခြင်း ၊ ဝမ်းလျှောခြင်း ၊ ပျို့အန်ခြင်း ၊ အစာမျိုရခက်ခြင်း
- ချွေးထွက်များခြင်း ၊ နည်းခြင်းများသည် ခန္ဓာကိုယ်အပူချိန်ကို ထိန်ချုပ်ရာတွင် သက်ရောက်မှုဖြစ်ခြင်း
ဖြစ်ပွားရသော အကြောင်းရင်းများ
- ဆီးချိုရောဂါရှိခြင်း
- အာရုံကြောများကို ထိခိုက်ခြင်း
- ကိုယ်ခန္ဓာမှ ပုံမမှန်တိုက်ထုတ်တတ်သော ရောဂါများ (autoimmune disease)
- မျိုးရိုးလိုက်ခြင်း
- နာတာရှည်ရောဂါများ - Parkinson ရောဂါ ၊ အတိတ်မေ့ရောဂါ
- ကင်ဆာရောဂါကုဆေးများ
ဖြစ်နိုင်ချေများသူများ
- ဆီးချိုရောဂါရှိသူများ
- သိုင်းရွိုက်ဟော်မုန်းနည်းသည့်သူများ
- ကင်ဆာရောဂါကုသမှုခံယူနေသူများ
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
အထက်ဖော်ပြပါ လက္ခဏာများ ပေါ်ပေါက်လာပါက ဆရာဝန်နှင့် သွားရောက်ပြသသင့်ပါသည်။ အထူးသဖြင့် ဆီးချိုရောဂါရှိသူများ ၊ ဆီးချိုမထိန်းနိုင်သူများတွင် ပို၍အရေးကြီးပါသည်။
စစ်ဆေးမှုများ
- breathing test - အသက်ရှူခြင်းဆိုင်ရာစစ်ဆေးခြင်း
- Tilt-Table Teat - ခန္ဓာကိုယ် အနေအထားပြောင်းလဲချိန်တွင် သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်းပြောင်းသွားခြင်းကို တိုင်းတာစစ်ဆေးခြင်း
- Gastrointestinal Test - အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ စစ်ဆေးမှုများပြုလုပ်ခြင်း
- Thermoregulatory sweat test - ကိုယ်အပူချိန်နှင့်ချွေးထွက်ခြင်းဆိုင်ရာစစ်ဆေးခြင်း
- Ultrasound ( အာထရာဆောင်း ) ရိုက်ခြင်း
ကုသခြင်း
- အလိုအလျောက်အာရုံကြောစနစ် ချို့ယွင်းခြင်းကို ဖြစ်စေသည့် ရောဂါကို ကုသခြင်း (ဥပမာ - ဆီးချိုရောဂါကြောင့် ဖြစ်လျှင် ဆီးချိုထိန်းခြင်း)
- ထိခိုက်ပျက်စီးသွားသော အာရုံကြောနေရာပေါ်မူတည်၍ လက္ခဏာသက်သာအောင် ကုသခြင်း
- သွေးခုန်နှုန်းနှင့် သွေးပေါင်ချိန် မှန်အောင် ထိန်းညှိပေးခြင်း
- အစာချေ စနစ် ကောင်းမွန်အောင် ပြုလုပ်ပေးခြင်း - ဝမ်းချုပ်ခြင်းမဖြစ်အောင် အမျှင်ဓာတ်ဝင်ပါသော အစားအစာများ စားခြင်း ၊ ဝမ်းသွားလျှင် ဆေးဖြင့်ကုသခြင်း
- ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများမဖြစ်အောင် ကုသပေးခြင်း - ဆီးသွားရမည့်အချိန်တွင် သွားနိုင်အောင် ဆီးအိမ်ကို လေ့ကျင့်ပေးခြင်း ၊ ဆီးပိုက်ထည့်ခြင်း
- ကာမဆက်ဆံခြင်းတွင် အခက်အခဲမဖြစ်အောင် ကုသပေးခြင်း - အမျိုးသား လိင်အင်္ဂါတောင့်တင်းစေရန် ဆေးများ သုံးစွဲခြင်း ၊ အမျိုးသမီးများ မိန်းမကိုယ်ခြောက်သွေ့ခြင်းအတွက် ဆေးများလိမ်းခြင်း
- သွေးပေါင်ချိန်နှင့် သွေးခုန်နှုန်းကို ပုံမှန်ဖြစ်အောင် ထိန်းညှိုပေးခြင်း
- ချွေးထွက်များခြင်းများအတွက် ချွေးထွက်နည်းအောင် ဆေးများသုံးခြင်း
ကာကွယ်ခြင်း
- ဆီးချိုရောဂါရှိလျှင် ဆီးချိုပမာဏထိန်းပေးခြင်း
- အရက်စွဲရောဂါရှိလျှင် ဆေးကုသမှုခံယူခြင်း
- သွေးပေါင်ချိန် ထိန်းညှိပေးခြင်း
- ကျန်းမာသည့် ကိုယ်ခန္ဓာရအောင် ပြုလုပ်ခြင်း
- ဆေးလိပ်ဖြတ်ခြင်း
- ကိုယ်ကာယ လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်း
အခြားသိသင့်သော အချက်များ (ရှိလျှင်)
- အပ်စိုက်ကုသခြင်း
- Electrical Nerve stimulation - လျှပ်စစ်ဓာတ်ဖြင့် အာရုံကြော နှိုးဆွခြင်း
Ref: Mayo Clinic
By Dr. May Hnin Phyu (7887 Healthcare Call Center)
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။