ဗီတာမင်စီလွန်ကဲခြင်း
25-Feb-2017
- အစားအစာများမှရရှိသည့် ဗီတာမင်စီကြောင့် လွန်ကဲသွားသည်ဟု မရှိပါ။ သို့သော် ဗီတာမင်စီဆေးပြားများကို အလွန်အကျွံသောက်သုံးခြင်းကြောင့် ဘေးထွက် ဆိုးကျိုး များ ဖြစ်နိုင်ပါသည်။
- ဗီတာမင်စီကို နေ့စဉ် ၁၀၀၀ မီလီဂရမ်မှ ၂၀၀၀ မီလီဂရမ် သောက်သုံးခြင်းဖြင့် ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းပျက်ခြင်းတို့ ဖြစ်နိုင်ပါသည်။
- ဗီတာမင်စီသည် သံဓာတ်စုပ်ယူမှုကို အားပေးသဖြင့် ခန္ဓာကိုယ်အတွင်း သံဓာတ် များပြားနေသည့် ရောဂါရှိသူများသည် ဗီတာမင်စီအမြောက်အမြား ပါဝင်သောဆေး များကို မမှီဝဲသင့်ပါ။
- ကျောက်ကပ်တွင် ကျောက်(Oxalate stone and urate sone) တည်သည့်ရောဂါရှိ သူများသည်လည်း ဗီတာမင်စီအမြောက်မြားပါဝင်သော ဆေးများကို မမှီဝဲသင့်ပါ။
- ဗီတာမင်စီ အများအပြားစားသုံးပါက ဆီးတွင် သကြားဓာတ်ပမာဏကို ဓာတ်ခွဲ စစ်ဆေးခြင်း၊ မစင်တွင် သွေး (Ocult blood) ပါ မပါ ဓာတ်ခွဲစစ်ဆေးခြင်း လုပ်ငန်းများမှ မှားယွင်းသောအဖြေများ ထွက်နိုင်ပါသည်။
- ဗီတာမင်စီကို ရက်ရှည်လများ ကြာမြင့်စွာ အမြောက်အမြားစားသုံးနေရာမှ တိခနဲ ရပ်လိုက်လျှင် Scurvy လက္ခဏာများ ဖြစ်လာနိုင်ပါသည်။ ထိုအခြေအနေကို Rebound scurvy ဟု ခေါ်ပါသည်။
- ကိုယ်ဝန်ဆောင်မိခင်သည် ဗီတာမင်စီကို ရက်ရှည်လများ ကြာမြင့်စွာ အမြောက်အမြား စားသုံးပါက မွေးလာသည့်ကလေးသည် မွေးကင်းစအရွယ်တွင် Rebound scurvy လက္ခဏာများ ခံစားရနိုင်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာလှကြည် (အာဟာရဆရာဝန်ကြီး)
ဗီတာမင်အမေးအဖြေများစာအုပ်မှ ကောက်နှုတ်ထားပါသည်။