Print

ပါးစပ်ဖြင့် လိင်ဆက်ဆံ ခြင်းအကြောင်းသိကောင်းစရာ

  21-Jul-2018
Preview Image

ပါးစပ်ဖြင့် လိင်မှုဆက်ဆံခြင်းဟာ ဆေးလိပ်သောက်ခြင်းထက် လည်ချောင်းကင်ဆာရောဂါ ပိုမိုဖြစ်ပွာစေနိုင်တယ်လို ့ဆိုပါတယ်။ သဘာဝကိုဆန့်ကျင်သူတွေအတွက် သဘာဝရဲ့ ဒဏ်ခတ်ချက် သဘာဝနှင့် ဆန့်ကျင်စွာပါးစပ်ဖြင့်လိင်မှုဆက်ဆံခြင်းဟာဆေးလိပ်သောက်ခြင်းထက် လည်ချောင်းကင်ဆာရောဂါ ပိုမိုဖြစ်ပွားစေနိုင်တယ် လို့ဆိုပါတယ်။ ပါးစပ်ဖြင့် ချစ်သူကြင်ဖက် ( အခကြေးငွေပေးပြီးပျော်ပါးသူ )၏ပန်းအစုံကို နမ်းငုံခြင်းဟာ ယခုအခါတွင် အသက်၅၀အောက်အရွယ်များတွင် ခံတွင်းအတွင်း ရောဂါပိုးကူးစက်ပျံ့ပွားပြီး ( papillomavirus ရောဂါပိုး )လည်ချောင်းကင်ဆာဖြစ်ရခြင်း၏ အဓိကအချက်အလက်၊အကြောင်းတရားဖြစ်နေပါသည်ဟု အင်္ဂလန်နိုင်ငံထုတ် ဒေလီမေးလ် သတင်းစာကြီးကဖော်ပြခဲ့ ပါတယ်။

HPV ( Human Papillomavirus ) ဟုခေါ်သည့် အဆိုပါ ခံတွင်းအတွင်းပျံ့ပွားသည့် ရောဂါပိုးဟာ လွန်ခဲသည့်ဆယ်စုနှစ်များအတွင်း အသက်အန္တရယ် ထိခိုက်စေသည်အထိ ဖြစ်နိုင်သော ပါးစပ်နှင့် လည်ချောင်းဆိုင်ရာ ကင်ဆာရောဂါများတိုးပွားရခြင်း၏ အဓိကအကြောင်းအရာ ဖြစ်လာခဲ့ပါတယ်။.ကိုလံဘတ်မြို ့မှ အိုဟိုင်ယိုပြည်နယ် တက္ကသိုလ်ပါမောက္ခ မော်ရာဂစ်ဘဆွန်က ( ပါးစပ်ခံတွင်းဖြင့်) လိင်ဆက်ဆံမှုကြောင် ့ဖြစ် ပွားသည့်လည်ချောင်း၊ ခံတွင်းကင်ဆာဟဆေးလိပ်၊ဆေးရွက်ကြီးကြောင့်ဖြစ်ပွားရခြင်းထက် ပိုမိုအဓိကကျတဲ့ အချက်ဖြစ်နေပါတယ်လို့ပြောကြားခဲ့ပါတယ်။ ဆရာဝန်များကတော့ယောကျာၤးလေးများ( အမျိူးသားများ ) ဟာလည်း မိန်းကလေးများကဲ့သို့ အဆိုပါ ကင်ဆာရောဂါပိုးပြန့်ပွားခြင်းမှတားဆီးကာကွယ်ရန် HPV ပိုးကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်းခဲ ့ပါ တယ်။

ဗြိတိန်နိုင်ငံမှာတော့အသက်၁၂ နှစ်နဲ့အသက်၁၃ နှစ်အရွယ်ရှိမိန်းကလေးများကို သားအိမ်ကင်ဆာ ကာကွယ်ဆေးထိုးပေးဖို့အမျိူးသားကျန်းမာရေးဌာနမှ စီစဉ်ပေးလေ့ရှိပါတယ်။ အဆိုပါရောဂါကြောင့်နှစ်စဉ်အမျိူးသမီး ၁၀၀၀ ခန့်ဗြိတိန်နိုင်ငံမှာ သေဆုံးလျှက်ရှိပါတယ်။အလွယ်တကူကြည့်ရှုနိုင်နေတဲ့ အွန်လိုင်းမဖွယ်မရာဆိုဒ်များ၊ဗီဒီယိုကလစ်များကြောင် ့လူငယ်များအကြား အလွန်ပျံ့နှံ့ရေပန်းစားနေတဲ့အလေ့အထတစ်ခုဖြစ်နေတဲ ့အရာအတွက် သဘာဝတရားရဲ့ဒါဏ်ခတ်မှုအကြောင်း အခုလို သတိပေးချက် ထွက်ပေါ်လာတာကို သတိပြုဆင်ခြင်သင့်ပါတယ်။.တစ်ခဏတာ သာယာမှုအတွက် သူတစ်ပါးအန္တရယ်ဖြစ်စေတာမျိူးတော ့ရှောင်ကြဉ်သင့်ပါသည်။

Ref; 
အလှအပ ၊ ကျန်းမာရေး နှင့် လိင်ပိုင်းဆိုင်ရာ

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18