Print

သင်္ကြန်တွင်းမှာ ဘယ်လိုမျက်စိပြဿ နာတွေ ဖြစ်တတ်ပါသလဲ

  25-Feb-2017
Preview Image

သင်္ကြန်တွင်းမှာ မျက်စိကျန်းမာရေးနဲ့ ပတ်သက်ပြီး ထွေထွေထူးထူးတော့ မရှိပါဘူး။ ပုံမှန်ရေပက်မယ်၊ ပုံမှန်ရေလောင်းကြမယ်ဆိုရင် ရေပက်ခံမဏ္ဍပ်မှာပဲနေနေ၊ ရေပက်ခံကား နဲ့ပဲထွက်ထွက် ဘာမှပြဿနာမရှိပါဘူး။ ပက်တဲ့ရေက သန့်ရှင်းတဲ့ရေ ဖြစ်ရမယ်။ သန့်ရှင်း တဲ့ရေက မျက်စိထဲ ဝင်မယ်ဆိုရင် ဘာမှပြဿနာမရှိပါဘူး။ မျက်စိကိုရေနဲ့ဆေးကြောပေးတဲ့ သဘောမျိုးတောင် ဖြစ်ပါသေးတယ်။ တချို့ကျတော့ မြစ်ထဲကရေကို စုပ်ယူပြီး ပက်မယ် ဆိုရင် မျက်စိထဲ ဝင်တဲ့အခါ မျက်စိမှာရောဂါပိုးကျရောက်ပြီး မျက်ကြည်နာရောဂါ ဖြစ်တတ် ပါတယ်။ နောက်တစ်ခုက အင်အားနဲ့ ပက်တဲ့ရေကြောင့် မျက်စိထိခိုက်တာမျိုး ဖြစ် တတ်ပါတယ်။

 

သင်္ကြန်တွင်းမှာ မျက်ကြည်နာရောဂါဖြစ်နေရင် ပြဿ နာက ဆေးရုံ၊ ဆေးခန်းအများ စုက ပိတ်ထားတတ်တော့ ပြသဖို့ အခက်အခဲရှိပါတယ်။ ဒါပေမယ့် အစိုးရဆေးရုံတွေ မှာတော့ အရေးပေါ်ဌာနရှိပါတယ်။ အဲဒီအရေးပေါ်ဌာနကို သွားပြသင့်ပါတယ်။ မျက်စိဆေးရုံဆိုရင်လည်း မျက်စိကျန်းမာရေးအတွက် အရေးပေါ်ဌာနကို ၂၄ နာရီ ဖွင့်လှစ်ထားလို့ အရေးပေါ်အခြေအနေမှာ ပြသလို့ရပါတယ်။

 

လူနာတွေအနေနဲ့ မျက်ကြည်နာဖြစ်နေရင် တက်ထရာဆိုက် ကလင်းမျက်စဉ်းဆေး ပဲဖြစ်ဖြစ် ပဋိဇီဝပိုးသတ်ဆေးတစ်မျိုးကို တစ်နေ့လေးကြိမ်-ငါးကြိမ်လောက်ထည့် လို့ရပါတယ်။ တချို့ပိုက်တွေက ရေကိုအဝေးကို ကျရောက်အောင် အား (Force) ကို တင်ထားပါတယ်။ အဲဒီလိုတင်ထားတဲ့အခါသူ့ရဲ့ ရေလုံးလေးက သေးသေးစူးစူးလေးဖြစ်ပြီး မျက်ကြည်လွှာပေါ်ကို ကျရောက်တဲ့ပုံစံက လှံသွားတစ်ခုလိုဖြစ်သွားပါတယ်။ အဲဒီအခါ ကျရင် မျက်စိထဲမှာ သက်ရောက်တဲ့အားက နှစ်ခုဖြစ်သွားပါတယ်။ တစ်ခုက မျက်ကြည်လွှာ ပွန်းပဲ့သွားနိုင်ပါတယ်။ အဲဒီအခါ ပိုးဝင်ကူးစက်မှု (Infection) က ကျရောက်နိုင်ပါတယ်။ 

 

အဲဒီအခါ အန္တရာယ်များပါတယ်။ တကယ်လို့ မျက်ကြည်လွှာမပွန်းဘူးဆိုရင်တောင် ဒီရေအားက မျက်စိထဲဝင်ရင် ဖိအားက မျက်လုံးနံရံအကုန်လုံးအပေါ် သက်ရောက်မှုရှိ သွားပါတယ်။ တကယ်လို့ စက္ခုအာရုံကြော (Optic Nerve) ပေါ်မှာ ဖိအားသက်ရောက် မှုရှိသွားရင် Atrophy ရသွားပါတယ်။ အဲဒီအခါ မျက်စိက ကွယ်သွားနိုင်တယ်။

 

သင်္ကြန်တွင်းမှာ မျက်စိကျန်းမာရေး မထိခိုက်စေဖို့ဆိုရင် သန့်ရှင်းတဲ့ရေကိုပဲ သုံးပြီး ရေပက်သင့်ပါတယ်။ သင်္ကြန်မှာ တစ်ဦးနဲ့တစ်ဦး ရေပက်တယ်ဆိုတာက တစ်ဦးမှာ ရှိတဲ့ အညစ်အကြေးကို ကျန်တဲ့တစ်ဦးက ဖယ်ရှားပေးတဲ့သဘောဖြစ်သလို အေးမြ သွားစေလိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ ရေလောင်းကြတာ ဖြစ်ပါတယ်။ ဒါကြောင့် သန့်ရှင်းတဲ့ရေကိုပဲ သုံးသင့်ပါတယ်။ နောက်တစ်ချက်က ရေပက်တယ်ဆိုတာ ပျော်ချင်တယ်၊ ခင်မင်ချင် တယ်ဆိုတဲ့ သဘောကို အခြေခံတာဖြစ်တဲ့အတွက် တစ်ဖက်သား ထိခိုက်ဒဏ်ရာရအောင် မလုပ်သင့်ပါဘူး။ ကိုယ့်ကိုထိခိုက်ဒဏ်ရာရအောင် လုပ်ရင်မကြိုက်သလိုပဲ သူများကိုလည်း ထိခိုက်အောင် မလုပ်သင့်ပါဘူး။ ဒါကြောင့် ရေပိုက်မှာ အား ( Force) မပါအောင် သတိထားသင့်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.261, April 2014, Pg.29-30

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18