Dental Caries သွားပိုးစားခြင်း
01-Aug-2018ပုလဲလေးတွေ စီထားသလို သွားလေးတွေက လှပနေမယ်။ အာခံတွင်း နံ့လေး သင်းပျံ့
နေမယ်ဆိုရင် ချစ်စရာ ကောင်းတဲ့ စွဲဆောင်မှု ကောင်းတဲ့ အပြုံးလေး တစ်ပွင့်ကို
ပိုင်ဆိုင် နိုင်ပါတယ် ။အဲဒီ သွားလေးတွေက မျက်နှာပြင် အလှကို အထောက်အကူ ပြုပေးနိုင်သလို ၊ အစား
အသောက်စားတဲ့ နေရာမှာလဲ အစာတွေကို အဓိက ကိုက်ဖြတ် ချေမွပေးရပါတယ်။ ဒါပေမယ့် အများစုကတော့ သူ့ကို ဂရုစိုက်ဖို့ကြတော့ မေ့နေ တတ်ကြပါတယ်။
သွားကိုက် နေရင် ပတ်ဝန်းကျင်က လူတွေက သတိမထား မိကြပေမယ့် ကိုယ်ကိုယ် တိုင်ကတော့
ခံစားရ ခက်တဲ့ ဝေဒနာတစ်ခုပါ။ ကိုယ်တိုင် ခံစားဖူး တဲ့သူူတွေ တိုင်း သွားကိုက်တာ
ဘယ်လောက် ခံစား ရတယ်ဆိုတာကို သိကြ မှာပါ။
သွား တစ်ချောင်း ဆိုတာ ခန္ဓာကိုယ်ရဲ့ သေးငယ်တဲ့ အစိတ်အပိုင်း တစ်ခုပါ။သေးငယ်လှပေမယ့် အဖိုးတန်လှတဲ့ အစိတ် အပိုင်း တစ်ခု ဖြစ်ပါတယ်။ ဆုံးရှုံးသွား တဲ့အခါ
အစား ပြန်မရနိုင်တဲ့ သွား တစ်ချောင်းရဲ့ တန်ဖိုးကို ပေါ့ပေါ့ဆဆ သဘော မထား
သင့်ပါဘူး။ ငယ်သွား လဲရင် ကြီးသွား ပေါက်တယ် ဆိုပေမယ့် ငယ်သွား ကိုရော ကြီးသွား
ကိုရော ဂရုစိုက်ဖို့ လိုအပ် ပါတယ် ။သွားပိုး စားတယ် ဆိုတာက ကလေးတွေမှာ အဖြစ်များ ပါတယ်။ ခံတွင်း သန့်ရှင်းရေးကို
ဂရုမစိုက်တဲ့ ဆယ်ကျော်သက် ၊ လူလတ်ပိုင်း ၊ လူကြီး တွေမှာလဲ တွေ့ရ တတ်ပါတယ်။ သွား
ဆုံးရှုံး စေတဲ့ ၊ သွားနှုတ်ရတဲ့ အဓိက အကြောင်း အရင်း တစ်ခုက သွား ပိုးစား တာ
ကြောင့်ပါ။ သွား ပိုးစားတယ် ဆိုတဲ့ စကား အတိုင်း ခံတွင်းထဲမှာ ဘက်တီးရီးယား ဆိုတဲ့
ပိုးတွေ ပုံမှန် အားဖြင့် ရှိနေ ကြပါတယ်။ ပိုးတွေ ကတော့ သွားကို ကိုယ်တိုင် မစားပါဘူး ။ အဲဒီပိုး တွေက ခံတွင်းမှာ အစာစားပြီး ကျန်ခဲ့တ့ဲ
အချိုဓာတ် ၊ သကြားဓာတ်တွေကို အက်စစ် အဖြစ် ပြောင်းပစ် လိုက်ပါတယ်။
ခံတွင်းထဲက စားကြွင်း စားကျန်ရယ်၊ တံတွေးရယ်၊ အက်ဆစ် ဓာတ်တွေ ရယ် ပေါင်းပြီး သွားချေး
အဖြစ် သွားနဲ့ သွားဖုံးကြား မှာ ကပ်ငြိ နေတက် ကြပါတယ်။ အထူးသဖြင့် ခံတွင်း
နောက်ပိုင်း အံသွား တွေ နေရာမှာ တွေ့ရ တက်ပါတယ်။ အစာစားပြီး မိနစ် ၂၀ လောက်
အတွင်းမှာကို ဘက်တီးရီးယား ပိုးတွေက အချိုဓာတ်တွေကို အက်ဆစ်ဓာတ် အဖြစ် ပြောင်းလဲပြီး သွားရဲ့အပေါ်ယံ ကြွေလွှာ ကို တိုက်စား
ပါတယ်။ သွားရဲ့ မျက်နှာပြင်မှာ အပေါက် လေးတွေ၊ အခေါင်း ပေါက်တွေ ဖြစ်အောင်
တိုက်စား ပေမယ့် နာကျင်ခြင်း မရှိပါဘူး ။
ဒီပုုံလေး ကတော့ ထက်ပိုင်း ဖြတ်ထားတဲ့ သွားက အလွှာတွေကို သွားပိုးစားပုံကို
သရုပ်ဖော် ထားတာပါ။ ထူထဲလှတဲ့ အဖြူရောင် ကြွေသွားလွှာ ကို တိုက်စား ပြီးမှ သွားရဲ့
အတွင်းပိုင်း အာရုံကြော တွေဆီကို ရောက်မှ နာကျင်တာ၊ သွားကိုက်တာ တွေ ဖြစ်လာ မှာပါ
။ ပိုးစားနေတဲ့ သွားမှာ အခေါင်းပေါက်တွေ ဖြစ်လာပြီး အစား ဝင်သွားတဲ့ အခါ မခံ
မရပ်နိုင်အောင် နာကျင် တတ်ပါတယ် ။အပူ အအေး ၊ အချို စတာတွေကိုစားသောက်ပြီးတဲ့ အခါမှာ သွားကိုက် တာတွေ၊ စာကောင်းကောင်း မစားနိုင် တာတွေ ဖြစ်တတ်
ပါတယ်။ သွား ပိုးစားတာကို ကုသနည်းရဲ့ အဓိက ရည်ရွယ်ချက် ကတော့ ပိုးစားနေတဲ့ သွားကို
မနှုတ်ရအောင် တက်နိုင် သမျှ ထိန်းသိမ်း ခြင်းပဲ ဖြစ် ပါတယ်။
သွား ဆရာဝန်တွေ အနေနဲ့ ပိုးစား နေတဲ့အပိုင်းကို ဖယ်ထုတ်ပြီး သွား အခေါင်းပေါက်ကို
ဖာထေးခြင်း၊ အဖုံးစွပ်ခြင်း ၊ သွား အကြော ထုတ် ကုသခြင်း စတဲ့ နည်းတွေနဲ့ ပိုးစား
နေတဲ့ သွားကို အတတ်နိုင်ဆုံး ထိန်းသိမ်း ကြပါတယ်။ နောက်ဆုံး အခြေအနေမှ သွား နှုတ်
လိုက်ရ တာပါ။ သွား ပိုးစားတာကနေ ရောဂါပိုး ဝင်ပြီး သွားဖုံး ရောင်ယမ်း နေတာ အတွက် အရောင်ကျ
ဆေးတွေ ၊ သွား ကိုက်တာ အတွက် အနာ ပျောက်ဆေးတွေ နဲ့ ကုသဖို့ လိုအပ်ပါတယ်။ သွား
ပိုးစားတာကို အချိန်မီ ကုသမှု မရှိဘူး ဆိုရင် သွားဖုံး ပြည်တည် တာတွေ ၊
သွားကျွတ်ထွက် တာတွေ ဖြစ်လာနိုင်လို့ အချိန်မီ ကုသဖို့ အရေးကြီး ပါတယ် ။
သွားဟာ အစာဝါးဖို့ အတွက် တင်မကပဲ စကား ပီသမှု ုတို့ အတွက်ပါ အရေးပါ လှပါတယ်။ အံသွား
တွေမရှိခဲ့ ရင် ပါးချောင် တွေကျပြီး မျက်နှာ ရုပ်သွင်ပြင် ပါ ပြောင်းလဲ
သွားနိုင်ပါတယ် ။ သွား နဲ့ ခံတွင်းသန့်ရှင်းရေးကို တော်တော်များများက သတိထားလေ့မရှိပါဘူး ။ သွား ပိုးစား တာကလဲ အစပိုင်းမှာ နာကျင်မှု မရှိတာ ကြောင့် ပေါ့ပေါ့ ဆဆ
နေလေ့ ရှိပြီး သွားကိုက် ဝေဒနာကို ခံစား လာရမှ သွား ကျန်းမာရေး ကို ဂရုစိုက်ဖို့
သတိပြု လာကြပါတယ်။ သွားတွေ ဆုံးရှုံး သွားပြီမှ သွားတု စိုက်တာတွေ ၊ အံကပ် တာတွေ
အသုံးပြု ရတဲ့ အချိန် ရောက်မှ သွား အစစ် တစ်ချောင်းရဲ့ တန်ဖိုးကို သိရှိ
လာကြပါတယ်။ အဲဒီအချိန်မှ သွားအစစ် တစ်ချောင်း ပြန်လိုချင်လို့ မရတော့ ပါဘူး။ မိမိ
ခံတွင်းထဲမှာ ရှိတဲ့ သွားတွေကို ပုံမှန် ဂရုစိုက် သန့်ရှင်းရေး လုပ်နေမယ် ဆိုရင်
အဲဒီ ဒုက္ခတွေကို ကြုံတွေ့ ရမှာ မဟုတ်ပါဘူး။
အဓိက ကတော့ သွားတိုက် ရပါမယ် ၊ ပုံမှန် ပြုလုပ် ရပါမယ်။ မနက် ၊ ည ပုံမှန်
သွားတိုက်ခြင်း အပြင် အစာစား ပြီးတဲ့နောက် ( အထူး သဖြင့် အချို စားပြီး နောက် )
သွားတိုက်ခြင်း ၊ အာလုပ် ကျင်းခြင်းဖြင့် ခံတွင်းထဲမှာ စားကြွင်း စားကျန်တွေ
မကျန်အောင် ပြုလုပ် ပေးရပါမယ် ။ကလေး တွေရဲ့ ခံတွင်း သန့်ရှင်းရေး ကို မိဘတွေက ဂရုတစိုက် ပြုလုပ် ပေးဖို့ လိုအပ်
ပါတယ်။ Fluoride ပါတဲ့ သွားတိုက် ဆေးတွေ ဟာ သွား ပိုးစားတာကို ကာကွယ် တိုက်ဖျက်
ပေးနိုင် တာမို့ အသုံးပြု သင့်ပါတယ်။ သွားဘက် ဆိုင်ရာ ဆရာဝန်တွေနဲ့
နှစ်စဉ် ပြသပြီး သွား ကျန်းမာရေး ကို စစ်ဆေး သင့်ပါတယ်။
ခံတွင်းကို ပုံမှန် သန့်ရှင်းရေး ပြုလုပ်ပေးခြင်းဖြင့် သွားတွေ ကျန်းမာ ကြံ့ခိုင်
စေသလို အာခံတွင်း ရနံ့လဲ သင်းပျံ့ စေမှာပါ။ သင့် ခံတွင်း ထဲမှာ ရှိတဲ့ အဖိုးတန်
လှတဲ့ သွားတွေကိုု ပစ်မထား ပါနဲ့။ မေ့နေရင်လဲ အခုအချိန်ကစပြီး ဂရုစိုက်ဖို့
အချိန်မှီ ပါသေး တယ်။ အစာ စားပြီး တဲ့ အခါပုံမှန် သန့်ရှင်းရေးပြုလုပ်ပေးခြင်းဖြင့်
သင့်သွားတွေကို စောင့်ရှောက်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ ဒါမှသာ သင်းပျံ့တဲ့
အပြုံး လေးတွေကို ထာဝစဉ် ပိုင်ဆိုင် နိုင်ကြမှာပါ ။
Ref:
Dr Zero
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။