အစာရေမျိုပြွန်ကင်ဆာ (Ca Oesophagus)
01-Aug-2018အစာရေမျိုပြွန်ကင်ဆာသည် ကမ္ဘာပေါ်တွင် အဖြစ်များဆုံးကင်ဆာရောဂါများထဲမှ နံပါတ် ၆ နေရာတွင်ရှိပါသည်။အမျိုးသားတွေမှာ ပို၍အဖြစ်များပါသည်။ရောဂါဖြစ်ပွားနှုန်းသည် နေရာဒေသပေါ်လဲမူတည်ပါသည်။
လက္ခဏာများ
- အစာမျိုရခက်ခြင်း
- ကိုယ်အလေးချိန်ကျခြင်း
- ရင်ပူခြင်း
- ရင်ဘတ်အောင့်ခြင်း
- ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
- ချောင်းဆိုးခြင်း
- အသံပြောင်းလာခြင်း
- အစာရေမျိုပြွန်ကင်ဆာသည် အစပိုင်းတွင် လက္ခဏာမပြတတ်ပါ။
ဖြစ်ပွားရသော အကြောင်းရင်းများ
အစာရေမျိုပြွန်ကင်ဆာ ဖြစ်စေသည့်အကြောင်းရင်းတိတိကျကျမရှိသော်လည်း ဗီဇပြောင်းလဲမှု (mutations) ကြောင့်ဖြစ်သည်ဟုလေ့လာချက်များအရ သိရှိရပါသည်။
ဖြစ်နိုင်ချေများသူများ
- အစာအိမ်အချဉ်ပြန်ခြင်း
- Barrett's esophagus ရောဂါရှိသူများ
- ဆေးလိပ်သောက်သူများ
- အဝလွန်သူများ
- အရက်သောက်သုံးသူများ
- အစာရေမျိုပြွန်ရှိ ကြွက်သားအားနည်းသည့်ရောဂါ (Achalaisa)
- အပူလွန်ကဲသော အရည်များသောက်သုံးခြင်း
- အသီးအနှံနှင့်ဟင်းသီးဟင်းရွက် လုံလောက်မျှတစွာ မစားသုံးသောသူများ
- ဓာတ်ရောင်ခြည်ကုသမှုခံထားရသူများ
နောက်ဆက်တွဲ ပြဿနာများ
- အစာရေမျိုပြွန်ကျဉ်းမြောင်းခြင်း
- လည်မျိုနာကျင်ခြင်း
- သွေးအန်ခြင်း၊လည်ချောင်းသွေးပါလာခြင်း တို့ဖြစ်ပေါ်လာတတ်ပါသည်။
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
အထက်ဖော်ပြပါ လက္ခဏာများခံစားရပါက ဆရာဝန်နှင့်တိုင်ပင်ပြသသင့်ပါသည်။
Barrett's esophagus သည်အစာရေမျိုပြွန်ကင်ဆာမဟုတ်ပေမယ့် နောက်ပိုင်းတွင် ကင်ဆာ
ဖြစ်လာနိုင်ပါတယ်။အစာအိမ်ထဲမှ အချဉ်ရည်များ အစာရေမျိုပြွန်သို့ အထက်ဆန်တက်တာ ကြာလာလျှင် Barrett's esophagus ရောဂါဖြစ်တတ်ပါသည်။ထိုရောဂါကိုစစ်ဆေးတွေ့ရှိပါလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါသည်။
စစ်ဆေးမှုများ
- အစာရေမျိုပြွန်အတွင်းသို့ မှန်ပြောင်းထည့်၍စစ်ဆေးခြင်း
- အသားစယူခြင်း
ခွဲစိတ်ကုသခြင်း
ကင်ဆာအဆင့်ပေါ်မူတည်၍ခွဲစိတ်ကုသခြင်းနည်းလမ်းများကွဲပြားနိုင်ပါသည်။
- ကင်ဆာအကျိတ်ကို မှန်ပြောင်းမှတစ်ဆင့် ဖယ်ရှားခြင်း
- ကင်ဆာအကျိတ်ဖြစ်ပေါ်သည့်အစာရေမျိုပြွန်အပိုင်းအား ဖယ်ရှား၍ ကျန်ရှိသော
အပိုင်းကို အစာအိမ်နှင့်ဆက်ခြင်း
- ကင်ဆာအကျိတ်ဖြစ်ပေါ်သည့်အစာရေမျိုပြွန်နှင့် အစာအိမ်အပေါ်ပိုင်းအား
ဖယ်ရှား၍ကျန်ရှိနေသောအပိုင်းကို အူသိမ်ဖြင့်အစားထိုးကာ ဆက်ခြင်း
ခွဲစိတ်ကုသရာတွင် ခွဲစိတ်ကုသခြင်း၏နောက်ဆက်တွဲဆိုးကျိုးများဖြစ်သော ပိုးဝင်ခြင်း၊သွေးထွက်များခြင်းတို့ဖြစ်ပေါ်တတ်ပါသည်။
- ကင်ဆာဆေးသွင်းကုသခြင်း
- ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း
- ကင်ဆာဆေးနှင့်ဓာတ်ရောင်ခြည် ပေါင်းစပ်ကာ ကုသခြင်း
ကာကွယ်ခြင်း
- ဆေးလိပ်ရှောင်ခြင်း
- အရက်ရှောင်ခြင်း
- အသီးအနှံှနှင့်ဟင်းသီးဟင်းရွက်များ စားသုံးခြင်း
- ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း
အခြားသိသင့်သော အချက်များ (ရှိလျှင်)
အစာရေမျိုပြွန်ကင်ဆာအမျိုးမျျိုးရှိပါသည်။
- Adenocarcinoma
- Squamous call carcimoma
- Small cell carcinoma
- lymphoma
- melanoma
- choriocarcinoma
အဆင့် (၁) - ကင်ဆာဆဲလ်များ အစာရေမျိုပြွန်၏အပေါ်ယံအလွှာ၌သာတည်ရှိက နီးစပ်ရာ ပြန်ရေကြောအကျိတ်များသို့ ပျံ့နှံ့ခြင်း
အဆင့် (၂) - ကင်ဆာဆဲလ်များ အစာရေမျိုပြွန်၏အတွင်းပိုင်းကြွက်သားအလွှာနှင့်နီးစပ်ရာ ပြန်ရေကြောအကျိတ်များသို့ ပျံ့နှံ့ခြင်း
အဆင့် (၃) - ကင်ဆာဆဲလ်များ အစာရေမျိုပြွန်၏အတွင်းဆုံးအလွှာနှင့် နီးစပ်ရာ ပြန်ရေကြောအကျိတ်များ၊နီးစပ်ရာ ဝမ်းတွင်းအင်္ဂါများသို့ပျံ့နှံ့ခြင်း
အဆင့် (၄) - ကင်ဆာဆဲလ်များ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့ခြင်း
Ref: Mayo Clinics
Writer: Dr TMMH
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။