အမျိုးသမီးတွေမှာစိတ်ဆန္ဒလျော့နည်းမှုဘာကြောင့်ဖြစ်ရတာလဲ
03-Aug-2018အမျိုးသားတွေမှာသာမက အမျိုးသမီးတွေမှာပါ လိင်ဆက်ဆံမှုဆိုင်ရာပြဿနာအမျိုးမျိုး ရှိနေတတ်ပါတယ်။ လိင်ပိုင်းဆိုင်ရာပြဿသနာတွေကို
တစ်ဦးနဲ့တစ်ဦးတိုင်ပင်ဖြေရှင်းမှု မရှိတာကြောင့် တချို့တွေရဲ့အိမ်ထောင်ရေးတွေ
အဆင်မပြေဖြစ်တာတွေလည်း ပတ်ဝန်းကျင်မှာ ရှိနေပါတယ်။ အမျိုးသမီးအများစုက လိင်ပိုင်းဆိုင်ရာပြဿသနာတွေကို
ဆရာဝန်နဲ့ တိုင်ပင်ပြသဖို့ ရှက်ရွံ့နေတတ်ကြပါတယ်။
လိင်ပိုင်းဆိုင်ရာပြဿနာဖြစ်စေသည်များ
လိင်ပိုင်းဆိုင်ရာပြဿနာတွေက ရုပ်ပိုုင်း ဒါမှမဟုတ်
စိတ်ပိုင်းဆိုင်ရာပြဿသနာတွေကြောင့်ဖြစ်နိုင်ပါတယ်။
ရုပ်ပိုုင်းဆိုင်ရာပြဿနာများ
အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာကို ထိခိုက်နိုင်တဲ့
ရုပ်ပိုင်းဆိုင်ရာ ပြဿသနာတွေ များစွာရှိပါတယ်။ ဆီးချိုသွေးချို၊ နှလုံးရောဂါ၊ အာရုံကြောဆိုင်ရာပြဿနာတွေ။
ဟော်မုန်းမညီမမျှဖြစ်တာ၊ သွေးဆုံးချိန်ရောက်တာ၊ နာတာရှည်ရောဂါတွေဖြစ်တဲ့
ကျောက်ကပ်ရောဂါ ဒါမှမဟုတ် အသည်းလုပ်ငန်းဆောင်တာ ထိခိုက်တာ၊ အရက်စွဲတာ၊ ဆေးစွဲတာ၊ စတဲ့ရုပ်ပိုင်းဆိုင်ရာပြသနာတွေက အမျိုးသမီးတွေရဲ့လိင်ပိုင်းဆိုင်ရာ
ပြဿနာတွေကိုဖြစ်ပွားစပါတယ်။
စိတ်ပိုင်းဆိုင်ရာပြဿနာများ
အလုပ်ကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်သောကဖြစ်တာ၊
ကြောင့်ကြပူပန်တာ၊ အိမ်ထောင်ရေးမပြေလည်တာ၊ စိတ်ဓာတ်ကျတာ၊ အပြစ်ရှိသလိုခံစားနေရတာ စတာတွေကြောင့်လည်းဖြစ်ပါတယ်။
ဖြစ်နိုင်ခြေများသူ
အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ လိင်ပိုင်းဆိုင်ရာပြဿသနာတွေဖြစ်နိုင်ခြေများပါတယ်။ အရွယ်ရောက်ပြီးသူတိုင်းမှာလည်း
ဖြစ်နိုင်ပါတယ်။ အများအားဖြင့် အသက်ကြီးသူတွေမှာ ဖြစ်နိုင်ခြေပိုများပါတယ်။
ဘယ်လိုထိခိုက်နိုင်သလဲ
အမျိုးသမီးတွေမှာ လိင်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ပတ်ကသက်ပြီး
အဖြစ်များတတ်တဲ့ ပြဿနာတွေက လိင်စိတ်ဆန္ဒမရှိတာ၊ လိင်စိတ်နိုးကြားမှုမရှိတာ၊ ပြီးမြောက်မှုမရှိတာနဲ့
လိင်ဆက်ဆံစဉ် နာကျင်မှုခံစားရတာ စတာတွေဖြစ်တတ်ပါတယ်။
လိင်စိတ်ဆန္ဒမရှိခြင်း
လိင်ကိစ္စကို လုံးဝစိတ်ဝင်စားမှုမရှိတာ၊စိတ်အာရုံမလာတာဖြစ်ပြီးဖြစ်နိုင်တဲ့အကြောင်းတွေအများကြီးရှိပါတယ်။ ဟော်မုန်းပြောင်းလဲမှု၊
ဆေးဝါးတချို့ရဲ့ဘေးထွက်ဆိုးကျိုးခံစားရတာ၊ ကင်ဆာရောဂါကုသမှု ခံယူနေတာ၊
စိတ်ဓာတ်ကျတာ၊ ကိုယ်ဝန်ဆောင်တာ၊ စိတ်ဖိစီးမှုများတာ၊ မောပန်းနွမ်းနယ်နေတာ စတဲ့အကြောင်းတွေက
လိင်ကိစ္စကိုလျော့နည်းစေပါတယ်။ နေ့စဉ်နေထိုင်မှုပုံစံနဲ့ အလုပ်အကိုင်တွေကလည်း လိင်စိတ်ဆန္ဒဖြစ်ပေါ်မှုအတွက်
အရေးပါတဲ့ အပြောင်းအလဲကိုဖြစ်စေတယ်။
စိတ်နိုးကြားမှု မရှိခြင်း
အမျိုးသမီးတွေမှာ လိင်စိတ်နိုးကြားမှုမရှိတဲ့အခါ မိန်းမကိုယ်က
ချောမွေ့စေတဲ့ အရည်ထွက်တာမလုံလောက်လို့ လိင်ကိစ္စဆောင်ရွက်ရာမှာ နာကျင်မှုနဲ့ မသက်မသာဖြစ်မှုတွေကို ခံစားရနိုင်ပါတယ်။ ဒါဟာ လိင်ဆက်ဆံမှုအပေါ်
စိုးရိမ်စိတ်ဖြစ်တာနဲ့ လုံလောက်တဲ့ နှိုးဆွမှု မရှိတာကြောင့်လည်း ဖြစ်ပါတယ်။ လေ့လာမှုတွေအရသွေးစီးဆင်းမှု ပြဿသနာတွေက မိန်းမကိုယ်တစ်ဝိုက် သက်ရောက်မှု
ရှိတာကြောင့် အမျိုးသမီးတွေမှာ လိင်ပိုင်းဆိုင်ရာပြဿသနာတွေကို ခံစားရတာဖြစ်တယ်လို့
သိရပါတယ်။
စိတ်ကြေနပ်မှုမရှိခြင်း
လိင်ဆက်ဆံအခါ ကြေနပ်တဲ့အခြေအနေထိ မရောက်ဘဲ ဖြစ်နေတာမျိုးကို
ခံစားနိုင်ပါတယ်။ လိင်စိတ်ကိစ္စလျော့နည်းတာ၊ အတွေ့အကြုံမရှိတာ၊ ဗဟုသုတမရှိတာနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ
ခံစားရစေတဲ့ အကြောင်းတွေအပြင်အပြစ်ရှိသလိုခံစားရတာ၊ စိုးရိမ်စိတ်လွန်ကဲတာ၊ လိင်ဆက်ဆံစဉ်
ထိခိုက်ဒဏ်ရာရဖူးတာ စတာတွေကြောင့်ဖြစ်နိုင်ပါတယ်။ လုံလောက်တဲ့ နိူးဆွမှုမရှိတာ၊ တချို့ဆေးဝါးတွေ
သောက်သုံးနေရတာ၊ နာတာရှည်ရောဂါရှိတာ စတာတွေကြောင်လည်း ခံစားရနိုင်တယ်။
လိင်ဆက်ဆံချိန်နာကျင်မှုခံစားရခြင်း
လိင်ဆက်ဆံစဉ်မှာ နာကျင်မှုခံစားရတဲ့ အကြောင်းတွေများစွာရှိပါတယ်။
သားအိမ်အတွင်းလွှာရှိ တစ်သျှူးးကို တခြားနေရာမှာ တွေ့ရတဲ့ရောဂါရှိတာ၊
တင်ပဆုံပိုင်းမှအကျိတ်ရှိတာ၊ သားဥအိမ်အရည်အိတ်တည်တာ၊ မိန်းမကိုယ်ရောင်ရမ်းတာ၊မိန်းမကိုယ်ခြောက်သွေ့တာနဲ့ ခွဲစိတ်မှုကြောင့် အမာရွက်ကျန်တာ
ဒါမှမဟုတ် လိင်မှတဆင့် ကူးစက်တတ်တဲ့ရောဂါရှိတာ၊ စတာတွေကြောင့်ဖြစ်နိုင်ပါတယ်။ မိန်းမကိုယ်လမ်းကြောင်းမှာရှိတဲ့
ကြွက်သားတွေ ရုတ်တရက် ကျုံ့ညစ်တာကြောင့်လည်း နာကျင်မှုကို ခံစားနိုင်ပါတယ်။ ဒါဟာ လိမ်ဆက်ဆံရာမှာကြောက်ရွံ့တာ၊
လိင်ဆက်ဆံရင်း ထိခိုက်ဒဏ်ရာ ရဖူးတာနဲ့ နာကျင်မှုခံစားရဖူးတဲ့ အမျိုးသမီးတွေမှာဖြစ်တတ်ပါတယ်။
ဘယ်လိုရှာဖွေမလဲ
အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာပြဿနာတွေကို ရှာဖွေဖော်ထုတ်ဖို့အတွက်
ခံစားရတဲ့လက္ခဏာတွေကိုမေးမြန်တာ၊ မိန်းမကိုယ်စမ်းသပ်မှုတွေ၊ ဏစေ ျာနမေ စမ်းသပ်မှုတွေကို
ပြုလုပ်ပါလိမ့်မယ်။ စိုးရိမ်စိတ်ဖြစ်ပေါ်တာ၊ ကြောက်ရွံ့တာ၊ လိင်ပိုင်ဆိုင်ရာထိခိုက်မှုမရှိခဲ့တာ၊
အိမ်ထောင်ရေးပြဿနာရှိတာ၊ အရက်စွဲတာ၊ဆေးစွဲနေတာ စတဲ့ပြဿနာမျိုးတွေ ရှိနေခဲ့ရင်လည်း ဆရာဝန်ကိုပွင့်ပွင့်လင်းလင်းပြောပြတိုင်ပင်ဖို့လိုပါတယ်။
ဘယ်လိုကုသမလဲ
အမျိုးသမီးတွေမှာဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာပြဿနာတွေကို
ကုသဖို့ဆိုရင် ကာယကံရှင်၊ ဆရာဝန်နဲ့ အကြံပြုဆွေးနွေးပေးမယ့် ပညာရှင်တွေလိုအပ်ပါတယ်။အမျိုးသမီးတွေမှာခံစားရတဲ့လိင်ပိုင်းဆိုင်ရာပြဿသနာအများစုက
ရုပ်ပိုင်းဆိုင်ရာကုသမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတချို့ကို ဖြေရှင်းလိုက်နိုင်ရင်
အဆင်ပြေသွားကြတာများပါတယ်။
လိင်ပိုင်းဆိုင်ရာပညာပေးခြင်း
လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ပညာပေးရာမှာ လူ့ခန္ဓကိုယ်ရဲ့
ဖွဲ့စည်းတည်ဆောက်ပုံသဘာဝ၊ လိင်ပိုင်းဆိုင်ရာလုပ်ငန်းဆောင်တာ၊ ပြုမှုဆက်ဆံမှုနဲ့ တုန့်ပြန်မှုတွေကို
အမျိုးသမီးတွေဘယ်လိုကျောိလွှားမလဲ။ စိုးရိမ်သောကတွေကို ဘယ်လိုဖြေလျှော့မလဲ စတာတွေကိုပညာပေးဖို့လိုပါတယ်။
နှိုးဆွခြင်း
လှုံ့ဆော်နှိုးဆွမှုနဲ့ ပတ်သက်ပြီး စာအုပ်တွေဖတ်ခိုင်းတာ၊
ဗီဒီယိုကြည့်ခိုင်းတာ၊ လုပ်ရိုးလုပ်စဉ်ပုံံစံကို ပြောင်းလဲဖို့ပညာပေးတာ၊ စတာတွေပြုလုပ်ဖို့လိုပါတယ်။
လေ့ကျင့်ခန်းလုပ်တာ
လေ့ကျင့်ခန်းလုပ်တာက စိတ်တည်ငြိမ်စေပြီး စိတ်ဖိစီးမှုလျော့နည်းစေဖို့ယောဂကျင့်တာ၊ တရားထိုင်တာ၊ အနားယူအပန်းဖြေတာ စတာတွေကိုပြုလုပ်ဖို့လည်းလိုပါတယ်။
နှိပ်နယ်ပေးခြင်း
ခန္ဓာကိုယ်ကြွက်သားတွေ ပြေလျော့စေပြီး သွေးလည်ပတ်စီးဆင်းမှုကောင်းမွန်စေဖို့ ခန္ဓာကိုယ်တစ်ကိုယ်လုံးကို ညင်သာစွာနှိပ်နယ်ပေးဖို့လိုပါတယ်။
တစ်ဦးနဲ့တစ်ဦးအပြန်အလှန် နှိပ်နယ်ပေးပါက နှစ်ဦးကြားချစ်ခြင်းကို ပိုမိုခိုင်မြဲစေပြီး
လိင်ပိုင်းဆိုင်ရာပြဿသနာတွေလည်း ပြေလည်သွားနိုင်ပါတယ်။
နာကျင်မှုကိုလျော့ချပါ
နာကျင်မှုကို လျော့ချနိုင်ဖို့အတွက် လိင်ကိစ္စဆောင်ရွက်တဲ့အခါ
နေထိုင်တဲ့အနေအထား၊ ပုံစံကိုပြောင်းလဲပြီး သက်သောင့်သက်သာရှိတဲ့
အနေအထားကိုရွေးချယ်ဖို့လိုပါတယ်။ လိုအပ်ပါက မိန်းမကိုယ်လမ်းကြောင်း
ချောမွေ့စေဖို့ချောဆီအသုံးပြုသင့်ပါတယ်။ လိင်ဆက်ဆံမှု မပြုမီ ရေနွေးနဲ့ရေချိုးပေးထားတာကလည်း အပန်းပြေစေပြီး လက်ဆက်ဆံမှုကို ပိုမိုအဆင်ပြေစေပါတယ်။
ကုသပျောက်ကင်းနိုင်သလား
လိင်ပိုင်းဆိုင်ရာပြဿနာတွေရဲ့ကုသပျောက်ကင်းမှုကတော့ ဖြစ်တဲ့အကြောင်းအရင်းများစွာ သက်ဆိုင်ပါသည်။ ဒီပြဿသနာအပေါ်အကောင်းဘက်က
အမြင်နဲ့မြင်ပြီး ကိုယ်တိုင်ကလည်း ပျောက်ကင်းလိုစိတ်ပြင်းပြဖို့လည်း လိုပါတယ်။စိတ်ဖိစီးမှု၊ စိုးရိမ်မှု၊ ကြောက်ရွံ့မှုတွေကြောင့်ဆိုရင်
ပညာပေးတာ၊ ဆွေးနွေးတာ၊ အကြံပေးတာတွေပြုလုပ်ရုံနဲ့ ပျောက်ကင်းနိုင်ပါတယ်။
သားအိမ်ထုတ်ထားသူများ
အကြောင်းအမျိုးမျိုးကြောင့် သားအိမ်ထုတ်ထားရတဲ့ အမျိုးသမီးတွေမှာ
လိင်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ များတတ်ပါတယ်။ ဒီပြောင်းလဲမှုတွေထဲမှာ စိတ်ဆန္ဒလျော့နည်းတာ၊
မိန်းမကိုယ်ချောမွေ့မှုမရှိတာ၊ အာရုံခံနိုင်စွမ်းလျော့နိုင်တာ စတာတွေပါဝင်ပါတယ်။ ဒီပြဿသနာတွေက
သားအိမ်ထုတ်ထားသူတွေမှာဟော်မုန်းပြောင်းလဲမှုဖြစ်တာနဲ့ ဆက်စပ်နေပါတယ်။ သားအိမ်ထုတ်တဲ့အချိန်မှာ
လိင်ကိစ္စနဲ့ပတ်သက်နေတဲ့ အာရုံကြောနဲ့ သွေးကြောတွေ ထိခိုက်သွားတာကြောင့်လည်းဖြစ်နိုင်ပါတယ်။
သွေးဆုံးချိန်
သွေးဆုံးချိန်မှာမဟော်မုန်းအီစထရိုဂျင် လျော့နည်းလာတာကြောင့်
လိင်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေဖြစ်တဲ့ စိတ်ဆန္ဒလျော့နည်းတာ၊ ကျေနပ်မှုရတဲ့အထိ မစွမ်းဆောင်နိုင်တာ
စတာတွေဖြစ်တတ်ပါတယ်။ ဟော်မုန်းအစားထိုးကုသမှုနဲ့ မိန်းမကုယ်ချောမွေ့စေတဲ့
အရည်တွေကို အသုံးပြုပြီးဖြေရှင်းနိုင်ပါတယ်။ တချို့အမျိုးသမီးတွေက သွေးဆုံးပြီးတဲ့အခါ
ကိစ္စပြန်လည် အဆင်ပြေသွားတတ်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ
အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာပြဿသနာတွေနဲ့ ကြုံတွေ့ရတာ
တစ်ကြိမ်ပြီးတစ်ကြိမ် ပြေလည်မှုမရှဘဲ အမြဲမြဲလိုလို ဖြစ်နေခဲ့ရင်၊ ကိုယ်တိုင်လည်းစိတ်ဖီစီးမှုတွေ့ဖြစ်နေသလို အိမ်ထောင်ရှင်အမျိုးသားအပေါ်လည်း
ဖိအားတွေဖြစ်နေခဲ့ရင်အိမ်ထောင်ရေးကိုထိခိုက်နေပြီးဆိုရင် စတဲ့အချက်တွေဖြစ်လာပြီဆိုရင်
၊ ဒီလိုအချက်တွေ ရှိလာနိုင်တဲ့အခြေအနေ ဖြစ်လာပြီဆိုရင် ရှက်ရွံ့မနေဘဲ ဆရာဝန်ထံ ပြသစစ်ဆေးဖို့လိုပါတယ်။
Ref:
အလင်း(ဆေးဝါး)
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။