Print

သင့်အတွေးများကြောင့် ဖြစ်ပေါ်လာသော သင့်ကျန်းမာရေး

  25-Feb-2017
Preview Image

 

လူတိုင်း နေ့စဉ်နဲ့အမျှ အချိန်တိုင်းလိုလိုမှာ အတွေးကိုယ်စီရှိကြပါတယ်။ အဲဒီအတွေးအခေါ်တွေက ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှုရှိတယ်ဆိုတာ သင်သိပါရဲ့လား?

 

စိုးရိမ်သောကများကို တွေးတောခြင်းကြောင့်
ဖြစ်နိုင်ခြေ - အစာအိမ်နာခြင်း

စိုးရိမ်သောကဖြစ်တာက ခန္ဓာကိုယ်ရဲ့ တချို့နေရာတွေပေါ် သီးခြားသက်ရောက်မှု ရှိပါတယ်။ စိုးရိမ်သောကတွေ ခံစားရတဲ့အခါ အစာစားချင်စိတ် မရှိတာ၊ ညဘက် အိပ်မပျော်တာ စတာတွေကြောင့် အစာအိမ်နာတာကို ခံစားရတာပါ။ တချို့တွေ မှာ ခြေထောက်နာကျင်မှု ခံစားရတာမျိုး ဖြစ်တတ်ကြပါတယ်။

 

မျိုသိပ်ထားသော ဒေါသများကို တွေးတောခြင်းကြောင့်
ဖြစ်နိုင်ခြေ - ခေါင်းကိုက်ခြင်း

တချို့အခြေအနေတွေမှာ စိတ်ဆိုးဒေါသထွက်ပေမယ့် မျိုသိပ်လိုက်ရတာ ကြောင့်ခေါင်းကိုက်တာ ဖြစ်နိုင်ပါတယ်။ စိတ်ထဲမှာ တင်းထားတာကြောင့် ကြွက်သားတွေလည်း တင်းအားများလာတဲ့အပြင် ဝမ်းချုပ်တာလည်း ဖြစ်နိုင်ပါတယ်။ မကြာခဏဒေါသတွေ မျိုသိပ်ရပါများရင် ကျန်းမာရေးထိခိုက်လာနိုင်ပါတယ်။

 

ရုတ်တရက်ဒေါသပေါက်ကွဲထွက်ခြင်းကြောင့်
ဖြစ်နိုင်ခြေ - နှလုံးတိုက်ခိုက်ခံရခြင်း

ဒေါသတွေ မျိုသိပ်ရပါများတာကြောင့် ကျန်းမာရေး ထိခိုက်နိုင်လာသလို အဲဒီမျိုသိပ်ထားရတဲ့ ဒေါသတွေ ရုတ်တရက် ပေါက်ကွဲထွက်တဲ့အခါမျိုးမှာ နှလုံး တိုက်ခိုက် ခံရနိုင်ပါတယ်။ ဒေါသဖြစ်ရတဲ့ အကြောင်းကို တွေးတောနေတာကြောင့် နှစ်အနည်းငယ် ကြာတဲ့အခါ ကျန်းမာရေးဆိုးရွားစွာ ထိခိုက်လာတယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

 

အကောင်းမြင်စိတ်ဖြင့် တွေးတောခြင်းကြောင့် 
ဖြစ်နိုင်ခြေ - ဖျားနာမှုကင်းဝေးခြင်း

အကောင်းမြင်စိတ်ရှိသူတွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသလို လုပ်ဆောင်မှု တိုင်းလည်း အောင်မြင်မှုတွေ ရရှိတာကို တွေ့ရပါတယ်။ အကောင်းမြင်စိတ် ရှိသူတွေ ဟာ ပျော်ရွှင်သူတွေဖြစ်ကြပြီး ကျန်းမာရေးလည်း ကောင်းမွန်ကြပါတယ်။ အကောင်းမြင်စိ တ်နှင့် တွေးတောတတ်သူတွေဟာ သွက်လက်တက်ကြွစွာ လုပ်ဆောင်တတ်ကြပြီး ဖျားနာမှုတွေလည်း ကင်းဝေကြပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.282, January 2016, Pg. 193-194

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18