တစ်နေ့တာစွမ်းအင် အဆင့်မြင့်တက်လာစေမည့် သဘာဝနည်းငါးသွယ်
25-Feb-2017
မောပန်း နွမ်းနယ်တာကြောင့် စွမ်းအင်တွေ လျော့ပါးနေရင် အချိန်တိုအတွင်း စွမ်းအင်အဆင့် မြင့်တက်လာစေဖို့ အောက်ပါသဘာဝနည်းတွေကို လိုက်နာသင့်ပါတယ်။
(၁) သင်နေထိုင်တဲ့ နေရာအဝန်းအဝိုင်းမှာ လိမ္မော်ရောင်၊ အဝါရောင်နဲ့ ခရမ်းရောင် တို့လို တောက်ပတဲ့ အရောင်တွေရှိနေပါစေ။ ဒီအရောင်တွေက စိတ်ခံစားမှုကိုမြင့်တက်စေပါတယ်။
(၂) တစ်နေ့ ၁၅ မိနစ်ခန့် နံနက်ခင်း နေရောင်ခြည်နုနုကို ခံယူပါ။ ဒီလို နေရောင်နုနုခံ ယူတာကြောင့် သင့်ခန္ဓာကိုယ်မှာ ဗီတာမင်ဒီနဲ့ ဆီရိုတိုနင်အထွက်တိုးစေပါတယ်။
(၃) လီမွန်သီး၊ လိမ္မော်သီးစတဲ့ အသီးရနံ့တွေ၊ ပက်ပါးမင့်ပူရှိန်းရနံ့တွေက သင်ရဲ့ အပြုသဘောဆောင်တဲ့ စိတ်ခံစားချက်တွေကို တိုးမြင့်စေနိုင်ပါတယ်။
(၄) ချဉ်ပြီးအေးမြတဲ့ အနံ့အရသာက သင့်ခံတွင်း၊ လည်ချောင်းနဲ့ နှာခေါင်းတစ်လျှောက်ရှိ နာ့ဗ်ကြောတွေကို လှို့ဆော်ပေးပြီး ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို ကောင်းမွန်စေ ပါတယ်။
(၅) ပီကေဝါးတာက ကြွက်သားတင်းအားကို ပြေလျော့စေပြီး သင့်ကိုတက်ကြွမှုရှိစေကာ နာ့ဗ်ကြောစနစ်ကို လှုံ့ဆော်ပေးနိုင်စွမ်းရှိပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ခိုင်ဇွန်ဦး (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.253, August 2013, Pg. 186
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

