မျက်စိညောင်းခြင်း (Eyestrain)
25-Feb-2017
မျက်စိနှင့်လက်ချိတ်ဆက်မှု
လက်တစ်ဖက်ကို လက်ဝါးချင်းပွတ်၍ ပူနွေးလာသောအခါ မျက်စိကိုမှိတ်ပြီးနောက် မျက်ခွံပေါ်သို့ အုပ်ရမည်။ ထိုသို့အုပ်သောအခါ မျက်လုံးနှင့် ထိရန်မဟုတ်ဘဲ နွေးသော လက်ဖဝါးဖြင့် အုပ်ပေးရန်သာဖြစ်သည်။ ထို့နောက် အသက်ကို ဖြည်းညင်းစွာ ပြင်းပြင်း ရှူသွင်းပြီး မျက်စိအာရုံက အနက်ရောင်ပေါ်လာစေရန် ကြည့်ပေးဖို့ဖြစ်သည်။ ထိုလေ့ကျင့်ခန်းကို နေ့စဉ်မိနစ် ၂၀ မျှ ပြုလုပ်ရမည်ဟုဆိုသည်။
မျက်တောင်ခတ်ပေးရန်
မျက်လုံးများ၌ သူ့အလိုအလျောက် နှိပ်နယ်ပေးသော အစီအစဉ်ရှိသည်။ ယင်းမှာ အပေါ်ယံမျက်ခွံများဖြစ်၏။ “ဒီတော့ မျက်လုံးကို တစ်နေ့မှာ အကြိမ် ၃၀၀ လောက် မျက်တောင်ခတ်ဖို့ လေ့ကျင့်ရမယ်။ ရိုးရိုးမျက်တောင်ခတ်ဖို့သာ ဖြစ်ပြီးတော့ မှေးဖို့၊ စွေစောင်းကြည့်ဖို့ မလိုပါဘူး။ ဒီလိုလုပ်ပေးတဲ့အခါ တစ်ကြိမ်မျက်တောင်ခတ်ပြီး မျက်စိမှိတ်လိုက်တိုင်း ညင်ညင်သာသာ နှိပ်ပေးလိုက်သလို ဖြစ်ပါတယ်။ ငွေကုန်ကြေးကျ လည်း မရှိဘူး” ဆိုလေသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
မောင်ဆုရှင်
အိမ်တွင်းသမားတော် ဒုတိယတွဲစာအုပ်မှကောက်နှုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

