အမျိုးသားများတွင် ဖြစ်ပွားတတ်သော ဆီးမထိန်းနိုင်ခြင်း ဖြစ်ရသောအကြောင်းမ...
25-Feb-2017
- အလေးအပင်မတာ ဒါမှမဟုတ် ချောင်းဆိုးတာတွေ ဖြစ်တဲ့အခါ ဆီးထွက်ကျခြင်း
- ဆီးသွားချင်တာနဲ့ Toilet ထဲ မရောက်ခင် ဆီးထွက်ကျခြင်း
- နှစ်မျိုးစလုံးဖြစ်ခြင်း
- ဆီးကျန်သလို ခံစားရပြီး ဆီးတစိမ့်စိမ့်ထွက်ခြင်း၊
အမျိုးသားများတွင် ဖြစ်ရသောအကြောင်း
အမျိုးသားတွေမှာ ဆီးမထိန်းနိုင်တာဖြစ်တဲ့အခါ ကုသဖို့ လိုအပ်တဲ့အခြေအနေတွေ အဖြစ်များပါတယ်။ ဆီးကျိတ်ကြီးတာ၊ ဆီးချိုသွေးချိုရောဂါ၊ ပါကင်ဆန်ရောဂါ စတာတွေက ရောဂါလက္ခဏာအဖြစ် ဆီးမထိန်းနိုင်တာကို ပြတတ်ပါတယ်။ ဆီးကျိတ်ခွဲစိတ်ကုသမှု ခံယူဖူးသူတချို့မှာလည်း ဆီးမထိန်းနိုင်တဲ့ ဝေဒနာခံစားရနိုင်ပါတယ်။
ကျန်းမာတဲ့နေထိုင်မှုပုံစံက ဆီးအိတ်ပြဿ နာတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့ လေ့ကျင့်ခန်းတွေနဲ့ Kegel လေ့ကျင့်ခန်းတွေ ပြုလုပ်တာကလည်း ဆီးထွက်ကျတာ မဖြစ်အောင်ကာကွယ်နိုင်ပါတယ်။ အဝလွန်သူတွေမှာ တင်ပါးဆုံပိုင်း ကြွက်သားတွေ အားနည်းပြီး ဆီးထွက်ကျတာ ဖြစ်နိုင်တာကြောင့် ကျန်းမာတဲ့ နေထိုင်မှုပုံစံကို လိုက်နာကာ ကိုယ်အလေးအချိန် ပုံမှန်ဖြစ်အောင် ထိန်းသင့်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အလင်း (ဆေးဝါး)
Arogyam magazine, No.280, November 2015, Pg. 171
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

