သွေးပေါင်ချိန်ကျခြင်းနှင့်သွေးအားနည်းခြင်း
24-Aug-2018သွေးသွားလှူသည့် တစ်ဦးမှ ဟေမိုဂလိုဘင်နည်းလို့သွေးလှူမရကြောင်းဆိုပြီးမေးမြန်းလာခြင်းနှင့်တစ်ချို့ သွေးပေါင်ကျ သွေးအားနည်း
အသိတွေရောထွေးနေကြပါတယ်။ ဒါကြောင့် သွေးအားနည်းခြင်းနဲ့ သွေးပေါင်ကျခြင်းမတူကြောင်းကို
ကျန်းမာရေးအသိအမြင်ရှိအောင် အနည်းငယ်ရေးသားပါသည် ။
လူနာအများစုတွင် သွေးပေါင်ချိန်ကျခြင်း (Hypotension)
နှင့် သွေးအားနည်းခြင်း (Anaemia) ဆိုသည်အဓိပ္ပာယ်နှစ်ခုကို လုံးထွေးပြီးသိနေကြပါတယ်။
တနည်းအားဖြင့်သွေးပေါင်ချိန်ကျတယ် သွေးအားနည်းတယ်ဆိုရင် တူညီတယ်လို
့ထင်ကြပါတယ် ။တစ်ချို့လူနာတွေကို သွေးအားတိုးအောင်သွေးအားဖြည့်အောင်
ပြောတယ် ဆေးပေးတယ်။ အဲဒါကို သွေးတက်မှာကြောက်လို့ဆိုပြီး မသောက်ဘဲ နေတာတွေလည်း ရှိပါတယ်သွေးအားတိုးခြင်း နှင့် သွေးပေါင်တက်ခြင်းအသိကို ရောနေလို
့သာ သွေးတက်မှာမှာဆိုသည့် အသိတစ်ခုဝင်ပြီး မသောက်ခြင်းဖြစ်တာပါ။ ဒါကြောင့် သွေးတိုးခြင်းနှင့်သွေးအားတိုးခြင်း မတူညီပါ ။
သွေးအားနည်းသူ၏ သွေးအားနည်းသည့်သွေးတွင် တနည်းဆိုရရင်သွေးအနီရောင်ဖျော့တော့ခြင်း ရှိနေတက်ပါတယ်။ သွေးအရည်ထဲတွင် ဟေမိုဂလိုဘင် (Haemoglobin) ဟုခေါ်သည် အနီရောင် ဓါတ်တမျိုးပါရှိသည်။ အဲဒီဓာတ်တစ်မျိုးနည်းသည့်အတွက် အနီရောင်သွေးကို ဖျော့တော့စေပါတယ် ။ဟေမိုဂလိုဘင်နည်းသွားတဲ့အတွက်ကြောင့် လူတစ်ဦးတွင် သွေးအတွင်း အောက်စီဂျင် သယ်ယူပို့ဆောင်ရေးကတော့ ကျသွားတယ် သွေးအားနည်းသွားတယ်ပေါ့။ အဲလို သွေးအားနည်းသူတွေမှာမောလာတယ်။ လှုပ်လှုပ်ရှားရှားလုပ်လိုက်တာနဲ့မောပန်းလာတယ်။ ကြားရသည့်နားအတွင်းမှာလဲ အူပြီ ဝီခေါ်နေသည့် အသံတွေကြားနေရတယ် ခေါင်းတွေကိုက်မယ် ရင်တွေတုန်မယ် နှုတ်ခမ်းတွေမှာ ဖျော့တော့ပါမယ် ။ ဒီလို ဟေမိုဂလိုဘင် နည်းနေပြီဆိုလျှင် သွေးလှူနေကြဖြစ်နေပေမဲ့ လှူခွင့်မရတော့ပါဘူး ။
သွေးအားကောင်းစေရန် လိုအပ်ချက် စားသောက်ရန်အစာအစားများကို သီးသန့်တစ်ခုအနေဖြင့်တင်ပြပေးပါမည်။ယခေုတင်ပြသော သွေးပေါင်ကျခြင်းနှင့်သွေးအားနည်း မတူညီကြောင်းကို ကျန်းမာရေးအသိတစ်ခုရရှိပြီ။အသက်ရာကျော် ရှည်ပါစေ
Ref:
Myawady Health
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။