သိထားသင့်တဲ့ အဆစ်အမြစ်နာ ရောဂါများ
25-Aug-2018အဆစ်အမြစ်နာဝေဒနာတွေဟာ အလွန် နာကျင်ကိုက်ခဲပြီး ခံစားရခက်လှတာမို့
အလုပ် ပျက်အကိုင်ပျက် ဖြစ်စေနိုင်ပါတယ်။ အလွယ် တကူကုသရန်လည်း မဖြစ်နိုင်တာမို့သိထားရင်ကြိုတင်ပြီးကာကွယ်နိုင်အောင်
‘အဆစ်အမြစ်နာ ရောဂါများ’ နဲ့ပတ်သက်တဲ့ ကျန်းမာရေးအသိပညာ ဗဟုသုတတွေကို ရေးသားဖော်ပြလိုက်ပါ
တယ်။
အဖြစ်များတဲ့ အဆစ်အမြစ်နာ ရောဂါများ
(၁) Rheumatic Arthritis (ပိုးလေးဖက်နာ)
(၂) Rheumatoid Arthritis (သွေးလေးဖက်နာ)
(၃)Osteoarthritis (အဆစ်ရောင်ရမ်းနာ)
(၄) Bone TB (အရိုးတီဘီ)
(၅) Gout (ဂေါက်ရောဂါ)
(၁) Rheumatic Arthritis ပိုးလေးဖက်နာ
ခြေတွေလက်တွေ လေးဖက်စလုံး နာတတ် လို့ လေးဖက်နာလို့ ခေါ်ကြတာပါ။
ဖြစ်စေတာက Group A.B Haemolytic Streptococcus ခေါ်တဲ့ ဗက်တီးရီးယားပိုး တစ်မျိုး (ကူးစက်ခံရ
တာ) ကြောင့် ပိုးလေးဖက်နာအမျိုးအစား ဖြစ်ပါ တယ်။အဖြစ်အများဆုံးလူတွေကတော့
- ထူထပ်တဲ့ အိမ်ခြေရှိတဲ့ ရပ်ကွက်များ
- လေကောင်းလေသန့်ကောင်းစွာ မဝင်နိုင်တဲ့ ပတ်ဝန်းကျင်များ
- ကျဉ်းမြောင်းတဲ့ အိမ်အတွင်း များပြားတဲ့ မိသားစုနဲ့
- လူအများစုပေါင်းနေထိုင်ရာ လူမျိုးများမှာ အများဆုံး
ဖြစ်တတ်ပါတယ်။
ပိုးလေးဖက်နာရောဂါဖြစ်ပြီဆိုတာကို သိရှိနိုင်တဲ့ ရောဂါလက္ခဏာ
လေးဖက်နာရောဂါစတင်ဖြစ်ပွားရင်
- အာသီရောင်ခြင်း (Tonsillitis)
- လည်ချောင်းများမကြာခဏနာခြင်း (Soethroat)
- အဆစ်များကိုက်ခဲခြင်း (Joints Pain)
- အဖျားတငွေ့ငွေ့ရှိခြင်း (Fever)
- အကျိတ်လေးတွေ စမ်းမိတတ်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်။
Complications (ပိုးလေးဖက်နာရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ)
ပိုးလေးဖက်နာရောဂါကို သေသေချာချာ အမြစ် ပြတ်အောင် မကုသရင်၊
မကာကွယ်ထားရင်
(၁) Rheumatic Fever & Arthritis
(မကြာခဏ) ဖျား၍ အဆစ်အမြစ်များ ကိုက်ခဲ ရောင်ရမ်းနာကျင်ခြင်း
(၂) Mitral Stenosis (နှလုံးဆို့ရှင်အပေါက် ကျဉ်းမြောင်းသွားခြင်း)
Mitral Regurgitation (နှလုံးအဆို့ရှင် ဟာသွားခြင်း)
(၃) Heart Failure (နှလုံးသားပြတ်ခြင်း)
(၄) Nephritis (ကျောက်ကပ်ရောင်ခြင်း၊ ကျောက်ကပ် ထိခိုက်ခြင်းများ)
ဆက်လက်ဖြစ်ပွားတတ်ပါတယ်။
ပိုးလေးဖက်နာရောဂါ၏ ရောဂါလက္ခဏာများ
- အာသီးနဲ့ လည်ချောင်းများ မကြာခဏရောင်ရမ်းတတ်တဲ့ ရာဇဝင်ရှိခြင်း
- အဆစ်များ မကြာခဏကိုက်ခဲခြင်း
- နှလုံးခုန်မြန်ခြင်း သို့မဟုတ် ပုံမှန်ဖြစ်ခြင်းကို
စမ်းသပ်တွေ့ရှိရပါမယ်။
ရောဂါဖြစ်ကြောင်း ရှာဖွေရာ
- ရင်ဘတ်ဓာတ်မှန် (Chest X’ Ray)
- နှလုံးလျှပ်စစ်စမ်းသပ်စက် (ECG)
- ဓာတ်ခွဲခန်းကရတဲ့ သွေးအဖြေ (Laboratory Blood Test)
သွေးအဖြေမှာတော့ ASO Titre > 200 (နှစ်ရာအထက်ကျော်နေရင်
လေးဖက်နာရောဂါ ရှိနေကြောင်း သိရှိနိုင်ပါတယ်)လေးဖက်နာရောဂါကို ပျောက်ကင်းအောင် ကုသဖို့ဆိုတာ ဒီရောဂါဟာ
ဖြစ်စမှာ သိရှိပြီး ဆရာဝန်ရဲ့ ကုသချက်ကို တစ်သဝေမတိမ်း လိုက်နာတဲ့
လူနာတွေ အတွက်တော့ မုချပျောက်ကင်းနိုင်ပြီး သေသေချာ ချာ စနစ်တကျ ကုသမှုမခံရင်တော့ လေးဖက်
နာရောဂါရင့်ပြီး နောက်ဆက်တွဲ အန္တရာယ်တွေ ဖြစ်တဲ့ နှလုံးအဆို့ရှင်ပျက်စီးမှုများဖြစ်လာရင်တော့ ဒီရောဂါတွေကိုပဲ ထပ်ဆင့် ကုသေ ပးရတဲ့ အခြေအနေတွေ
ရှိလာနိုင်ပါ တယ်။
(၂) Rheumatoid Arthritis (RA) သွေးလေးဖက်နာ
RA က ခန္ဓာကိုယ်ရဲ့ ခုခံကာကွယ်ရေးစနစ် ချို့ယွင်းမှုကြောင့်
ကိုယ်ပိုင် (ကိုယ့်ခန္ဓာကိုယ်က) တစ်သျှူးနှင့် ဓာတ်မတည့်မှုဖြစ်ကာ ရရှိလာသော ရောဂါတစ်ခု
(An Autoimmune Disease) ဖြစ်တယ်။RA သည် လူ့ခန္ဓာကိုယ်ရှိ အဆစ်အမြစ် တို့ကို ဒုက္ခပေးပြီး
နောက်ဆုံး၌ အဆစ်အမြစ်များ ကို ပျက်စီးယိုယွင်းသွားစေနိုင်ပါသည်။ (အဆစ် အဆက်များ ဆိုင်းသွားခြင်း၊
အရိုးအဆစ်များ ပုံပျက်သွားခြင်း)ရောဂါဖြစ်စတွင် လက်မောင်း၊ လက်ကောက် ဝတ်နှင့် လက်ဆစ်များကို
စတင်ဒုက္ခပေးပြီး မကြာခင်မှာ အရိုးအဆစ်တိုင်း ရောင်လာစေသည်။ဝေဒနာရှင်တို့၏ မိသားစုရာဇဝင်ကို ပြန်လိုက်လျှင် အမျိုးထဲ၌
တစ်ဦးမဟုတ် တစ်ဦးတွင် ဂေါက်ရောဂါ Gout (သို့မဟုတ်) အဆစ်ရောင် ရောဂါ (Rheumatism) ရောဂါ
တစ်မျိုးမျိုးရှိခဲ့ ဖူးသည်ကို တွေ့ရသည်။ ထို RA ရောဂါဆိုးရလျှင် နာကျင်ကိုက် ခဲသော
ဝေဒနာကို ပြင်း စွာခံစားရ မည်။ အားအင်ကုန်ခန်းပြီး ကြံ့ခိုင်မှုလျော့နည်းစေသည့်အပြင် ကိုယ်အလေးချိန်ကျလာ မည်။ နောက်ဆုံး အခြေအနေဆိုးဝါးလျှင်
အဆစ်အမြစ် များ ရောင် လာမည်။ ပုံပျက်ပန်းပျက် ဖြစ်လာ မည်။ အဆစ်များခိုင်လျှင်လည်း ခိုင်သွားမည်။
ရံဖန်ရံခါ၌ လက်ချောင်းနှင့်မေးတို့တွင် ဘုကြီးများ ပေါက်လာတတ်ပေသေး သည်။
(၃) Osteoarthritis အဆစ်ရောင်ရမ်းနာ (သို့မဟုတ်) ရိုးဆက်ရောင်နာ
Osteoarthritis (ရိုးဆက်ရောင်နာ) က အဆစ်များထိဆက်ရာ အရိုးနုများ
ပျက်စီးလာ လို့ ကိုက်ခဲလာတတ်ပါတယ်။ အဆစ်တွေရောင်ပြီး နာကျင်မှုကို ဖြစ်စေ ပါတယ်။ လှုပ်ရှားမှုများတဲ့
ခါး၊ လက်ကောက်ဝတ်၊ တင်ပါးဆုံ၊ ဒူးဆစ်၊ လက်ဆစ်တွေမှာ ဖြစ်တတ်ပါတယ်။ ဒီအခြေအနေကနေ ရောဂါတိုးလာရင်
Rheumatoid Arthritis ဖြစ်လာတတ်ပါတယ်။
(၄) Bone TB အရိုးတီဘီ
အရိုးပါးရောဂါမှာ မထင်မှတ်ဘဲ ပြန်ပြီး အဖြစ်များလာတာက
အရိုးတီဘီပါ။ အရင်က ဖြစ်တာ နည်းသွားခဲ့ရာက ယခုအဖြစ် ပြန်များလာ နေပါ တယ်။ ဗြုန်း ခနဲ
ခါးနာလာတာမျိုးဖြစ်ပြီး အဆုတ်မှာ သလိပ်မှာ ဘာလက္ခဏာမှ မပြဘဲ အရိုးမှာ တီဘီပိုးဝင်လာပြီး
ဖြစ်လာတာပါ။ အရိုးပြားလာတယ်၊ ဒူးဆစ်တွေ ရောင်လာတယ်၊ နာလာတယ်။ ဓာတ်မှန်မှာ မတွေ့ရပေမယ့်
သွေးစစ်ကြည့်တော့မှ တွေ့ရတာပါ။
(၅) Gout ဂေါက်ရောဂါ
ဂေါက်ရောဂါသည် နာတာရှည်အဆစ်ရောင် ရောဂါ Chronic
Rheumaticရောဂါအုပ်စုဝင် ဖြစ်ပါသည်။ အဓိကအားဖြင့် ‘ခြေမ’ များတွင်
အဖြစ်များသည်။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ – ခြေမ အဆစ်ထုံးကျောက် များ စုဝေးနေခြင်း
ကြောင့် ဖြစ်သည်။ဆေးကျမ်းအများစုတွင် ဂေါက်ရောဂါသည် ဆွေစဉ်မျိုးဆက်လိုက်သော
ရောဂါဟု ယူဆကြသည်။ စာရင်းဇယားနှင့် သုတေသနပြုချက်အရလည်း ဤအယူအဆကိုထောက်ခံနေကြသည်။ သို့ရာတွင် ဂေါက်ရောဂါ အလွယ်တကူ ဝင်ရောက်ရန်ရေခံမြေခံရှိသော တစ်စုံတစ်ယောက်က အနေအထိုင် အစား အသောက်လော်မာလျှင်
အနှေးနှင့်အမြန် ဂေါက် ရောဂါဖြစ်မည်ဟု ဆိုခြင်းက ပိုမှန်ကန်ေ ပလိမ့် မည်။ အထူးသဖြင့်
ယူရစ်အက်စစ် (Uric acid) တွေများစေတဲ့ ကလီစာတွေ၊ မျှစ်၊ ပဲပင်ပေါက်၊ ခရမ်းချဉ်သီး၊
ဘီယာစတဲ့အစားအသောက်တွေကြောင့် ဖြစ်ရတာ ပါ။ အချို့ဆေးစားရုံနဲ့ ပျောက် ကင်းသွားတတ်ပါတယ်။
Uric acidကြောင့် အဆစ်နာတာကိုတော့ အပြင်ဆေးခန်းတွေမှာပြသရုံနဲ့ ပျောက်ကင်းသွားနိုင်ပါတယ်။ ယူရစ်အက်စစ် သိပ်များလာရင်ဂေါက် (Gout) ရောဂါ ဖြစ်တတ်ပါတယ်။ ဒီအခြေအနေမှာ အသားတွေရောင်လာပြီး
လမ်းလျှောက်လို့ မကောင်းဖြစ်တတ်ပါတယ်။ ယူရစ်အက်စစ်တွေ သွေးထဲကနေ အရိုးအဆစ်တွေဆီ ရောက်သွားလို့
ဖြစ်ရတာပါ။ အသက် ၁၅ နှစ်ကစပြီး ၅ဝ နှစ် အရွယ်လောက်အထိ ဖြစ်တတ်ပါတယ်။ အမျိုး သမီးတွေထက်
အမျိုးသားတွေမှာ အဖြစ်များ တတ်ပါတယ်။
အရိုးရောဂါတွေကို ရိုးရိုးဓာတ်မှန်တွေနဲ့ ရိုက်ပြီး ရောဂါရှာနိုင်သလို
သံလိုက်ဓာတ်သုံး အဆင့်မြင့် ရောဂါ ရှာပေးတဲ့MRI ကိရိယာတွေ ကို အသုံးပြုပြီး သိနိုင်ပါတယ်။
ဓာတ်ခွဲခန်းမှာ သွေးကိုလိုအပ်တဲ့ အချက်အလက်တွေ ရှာဖွေပြီး အရိုးရောဂါရှာရတာလည်း တော်တော်ထိရောက်
ပါတယ်။ပိုးလေးဖက်နာဖြစ်တဲ့ Rheumatic Arthritis တွေ၊
Rheumatic Fever တွေဆိုရင် ASO Titre သွေး ထဲမှာပါတဲ့ အရေအတွက်ကို ကြည့်ပြီး ကုသပေးရပါတယ်။
Gout ဂေါက်ရောဂါ မှာ အဆစ်အမြစ်ကိုက်စေတဲ့ Uric acid ယူရစ် အက်စစ်ကိုလည်း သွေးထဲမှာ ပါတဲ့နှုန်းကြည့်ပြီး ကုသရပါတယ်။ ဒီဂေါက်ရောဂါသည်တွေမှာတော့
ယူရစ်အက်ဆစ်တွေ
များစေတဲ့ ကလီစာတွေ၊ မျှစ်၊ ပဲပင်ပေါက်၊ ခရမ်းချဉ်သီး၊
ဘီယာစတဲ့ အစားအသောက်တွေကိုပါ ရှောင်ရှားရမှာ ဖြစ်ပါတယ်။ အဆစ်အမြစ်ရောဂါတွေ
ဖြစ်လာရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ စနစ်တကျ ကုသမှုခံယူတာကတော့ ကိုယ့်အတွက်
အကောင်းဆုံးဖြစ်မှာပါ။
Ref:
ဒေါက်တာအောင်ဆန်းဝင်း