Print

သွေးအားကောင်းစေရန် အစားလည်းဆေး ဆေးလည်းအစာ စားပေးပါ

  31-Aug-2018
Preview Image

သွေးအားကောင်းအောင်(သိုမဟုတ်) ဟီမိုဂလိုဗင် အားကောင်းအောင်အဓိကတော့ သံဓာတ်ပါဝင်သည့် အစားသောက်များကို စားသုံးပေးဖို့ဘဲ ဖြစ်ပါတယ် ။အသည်းတို့အသားတို့ဟာ သံဓာတ်အားကောင်းသည့် အစားအစာဖြစ်ပေမဲ့ အသီးအနှံဘဲစားချင်တယ်၊ ကြိုက်တယ်ဆိုရင် ပဲအမျိုးမျိုးများကို စားသုံးပေးပါ။ အသီးအနှံတွေဖြစ်သည့် ထောပတ်သီး ၊ ဌက်ပျောသီး၊ သခွား၊ စတော်ဘယ်ရီ၊ စပျစ် စသည့်အသီးနှံများကို စားပေးပါ ။ အစားသောက်အစုံ စားတတ်သူအတွက်က တိုရ (ခေါ်) ပဲပင်ပေါက်ကို များများ ထည့်စားပေးပါ။ လိမ္မော်သီး၊ ကဗ္ဗလာအသီးတို့ကို အရည်ဖျော်သောက်ပေးခြင်းနှင့် အစိတ်အပိုင်းများကိုတွဲပြီး စားသောက်ပေးသင့်ပါတယ်။ နို့ထွက်ပစ္စည်းများကိုလည်း စားသောက်ပေးပါ ။ 


အသီးအရွက်ကိုစားချင်တယ်ဆိုရင် ကိုက်လန်၊ ခရမ်းချဉ်သီး၊ ဟင်းနုနွယ်၊ မုန်လာဥ၊ အာလူး ၊ ပြောင်းဖူး နှင့် ကန်စွန်းဥ များကို များများ စားသုံးပေးခြင်းဖြင့်လည်းသံဓာတ်အားကောင်းစေပြီး သွေးအားကောင်းစေပါတယ် ။ အဖန်ဓာတ်ပါသော အရည်များ သောက်သုံးခြင်းကို ရှောင်ရှားပေးပါ။ အမျိုးသမီးများဓမ္မတာလာသည့်အခါတွင်သွေးအားနည်းတက်သည့်အတွက် အသီးအနှံ နှင့်ပဲအမျိုးမျုးိဖြင့် ချက်လုပ်ထားသည့် ဟင်းများကို စားသောက်ပေးပါ။

Ref:
Mg Mandalay 

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။ 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18