MALARIA (သို့) ငှက်ဖျားရောဂါ
08-Sep-2018ခြင်းကနေတစ်ဆင့် ကူးစက်တတ်ပြီး ဝေဒနာ ပြင်းပြင်းထန်ထန်
ခံစားရကာ အသက်သေဆုံး နိုင်ပါတယ်။
ရောဂါလက္ခဏာများ
ဖျားနာခြင်း၊ အလွန်အမင်း ချမ်းတုန်ခြင်း၊ နာတာရှည်ဖျားနာတတ်ပြီး
နောက်ဆက်တွဲရောဂါတွေကို လည်း ဆိုးဆိုးရွားရွား ခံစားရနိုင်ပါတယ်။
ဖြစ်ပွားတတ်သည့် နေရာများ
တောင်အာဖရိကတိုက်၊ အမေရိကတိုက်အလယ်ပိုင်း၊ ဟေတီနိုင်ငံ၊
ဒိုမေနီကန်နိုင်ငံ၊ အာဖရိကတိုက နှင့် အာရှတိုက်နိုင်ငံ တချို့၊ ဥရောပတိုက် အရှေ့ပိုင်နဲ့တောင်ပစိဖိတ်ဒေသတစ်ဝိုက်မှာ တွေ့ရပါတယ်။
ကြိုတင်ကာကွယ်နိုင်ရန်
- မိမိသွားမယ့်နေရာဒေသ အခြေအနေကို သေသေချာချာစုံစမ်းပါ။
- ငှက်ဖျားရောဂါ မဖြစ်အောင် ဘယ်လိုကာကွယ်ဆေးတွေ လိုအပ်သလဲဆိုတာ
တိုင်ပင်နေကျ ဆရာဝန်ထံ မေးမြန်းပါ။
- ငှက်ဖျားရောဂါဟာ ခြင်ကိုက်ခံရပြီး အဓိကဖြစ်ပွားတတ်တာကြောင့်
ခြင်မကိုက်တဲ့ဆေးရည်၊ ခြင်ထောင်၊ ခြင်ဆေးခွေစတာတွေကို လိုအပ်သလိုသယ် ဆောင်သွားပါ။
Ref:
အိဖြူ (ဆေးဝါးတက္ကသိုလ်)
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။