Print

ဒီအချိန်မှာ ဒါလေးတွေကို သတိရပါ

  25-Feb-2017
Preview Image

 

တစ်နှစ်တစ်ခါ ကျရောက်တိုင်း ဘယ်တော့မှ ရိုးမသွားနိုင်တဲ့ ပွဲတော်တွေထဲက တစ်ခုဖြစ်တဲ့ သင်္ကြန်ပွဲတော်ဟာ မကြာမီအချိန်ကာလမှာ ကျရောက်လာတော့မှာ ဖြစ်ပါ တယ်။ ငါးရက်ကြီးများတောင် ကျင်းပရမယ့် ပျော်ရွှင်စရာ မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို အန္တရာယ်ကင်းကင်းနဲ့ ဘေးကင်းရန်ရှင်းစွာ ဆော့ကစား ပြီး အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ဖို့ ဒီလိုလေးတွေဆောင်ကြ၊ ရှောင်ကြရအောင်…။

 

Sun Block လေးတွေ ဆောင်ထားကြမယ်
အပြင်ထွက်လည်မယ့် လေဒီလေးတွေအတွက်ပေါ့။ နေရောင်ကာခရင်မ်၊ အပူဒဏ် သက်သာစေမယ့် လိုးရှင်းစတာလေးတွေ ဆောင်ထားပြီး နာရီဝက်တစ်ခါလိမ်းပေးဖို့ မမေ့ကြပါနဲ့နော်။ အပူလှိုင်းမုန်တိုင်းတွေကလည်း ဘယ်အချိန်ပြီးမယ်ဆိုတာ မသိနိုင်သေးလို့ အပျော်လွန်ပြီး အပူရှပ်ရင် ဘယ်ကောင်းပါ့မလဲ။ ရေစိုတုန်းနေလောင်ရင် ပိုခံရတယ်နော်။

 

ဦးထုပ်၊ အကာတစ်ခုခုဆောင်သွားကြဖို့ မမေ့နဲ့ဦးနော်
သင်္ကြန်ဆိုရင် သူသူကိုယ်ကိုယ် နေပူတာလည်းမသိ၊ မိုးရွာတာလည်း မသိလောက်အောင် ပျော်ရွှင်ကြတာပါပဲ။ မိုးရွာတာလည်း မသိလောက်အောင် ပျော်ရွှင် ကြတာပါပဲ။ ကိုယ်ကသာ အပျော်လွန်နေလို့ ပူလို့ပူမှန်းမသိပေမယ့် ကိုယ့်ရဲ့ အသားအရေကတော့ အပူဒဏ်ကို ကောင်းကောင်းကြီး ခံနေရတာပါ။ ဦးထုပ်လှလှလေး  တွေ ဆောင်းနိုင်သလို အရောင်လွင်လွင်နဲ့ ချည်သားပဝါ လှလှလေးတွေကို စည်းနှောင် ထားလို့ ရပါတယ်။ ဒါဆိုရင်တော့ နေရောင်ဒဏ်ကို တော်ရုံတန်ရုံ ခံနိုင်ရည်ရှိသွားပြီလေ။

 

အစာစားချိန်မလွန်ပါစေနဲ့
သင်္ကြန်တွင်းမှာ ကိုယ်ကအပျော်လွန်နေတော့ ထမင်းမေ့ဟင်းမေ့လည်း ဖြစ် တတ်သည်။ အဲဒီအခါ ရေစိုစိုနဲ့ ဗိုက်က အဆာလွန်ပြီး အောင့်တာ၊ လေထိုးလေနာဖြစ် တာတွေ၊ ယုတ်စွအဆုံး အစာအိမ်အချဉ်ပေါက်တာအထိ ဖြစ်နိုင်တာမို့ အစားအသောက် ကိုတော့ အချိန်မှန်လေး စားပေးပါ။

 

အင်္ကျ ီလက်ရှည် ဘောင်းဘီရှည်ဝတ်ပါ
ဒီနှစ်သင်္ကြန်ဟာ အပူပြင်းတဲ့သင်္ကြန် ဖြစ်တာမို့ သင်္ကြန်လည်ဖို့ အင်္ကျ ီဝယ် မယ်ဆိုရင် အရောင်လင်းပြီး အကျင်္ ီလက်ရှည်နဲ့ ဂျင်းဘောင်းဘီအမျိုးအစားကို ရွေးချယ် ဝယ်ယူဖို့ သတိပေးပါရစေ။ ဘောင်းဘီကိုလည်းအရှည်ပဲ ဝယ်သင့်တယ်။ အရမ်းကို တိုကပ်ပြတ်လွန်းပြီး ကျပ်တဲ့အဝတ်အစားတွေကို ဝတ်သွားရင် လူမြင်မသင့်တော်ဘဲ အန္တရာယ်များလှသလို ကျန်းမာရေးနဲ့လည်း မကိုက်ညီပါဘူး။

 

အရက်ဘီယာတွေကို အလွန်အကျွံမလုပ်ပါနဲ့
ဘယ်လိုပဲ အခုခေတ်မှာ ယောကျ်ား၊ မိန်းမမရွေး အရက်သောက်တတ်လာကြပြီ ဆိုဆို အပူချိန်ပြင်းနေချိန်လည်းဖြစ်၊ ရေစိုလိုက်၊ ပြန်ခြောက်လိုက်၊ အပူအအေးက သံသရာလည်နေတဲ့အချိန်လည်း ဖြစ်တဲ့ ဒီအချိန်မှာတော့ အရက်လုံးဝမသောက်တာ အကောင်းဆုံးပါပဲ။

 

ဆံနွယ်လေးတွေမပျက်စီးအောင်
ပျိုမေတို့ရဲ့ ဆံနွယ်လေးတွေကို မထိခိုက်ရအောင် သင်္ကြန်ရေပက်ခံမထွက်ခင် ညဘက်မှာ သံလွင်ဆီလိမ်း၊ ခေါင်းပေါင်းပြီးအိပ်ပါ။ အိမ်ပြန်ရောက်ရင်လည်း သင်္ကြန်ရေတွေစိုနေတဲ့ဆံပင်တွေကို အိမ်မှာရေအသန့်နဲ့ Conditioner လေးသုံး ပြီး ပျော့ဆေးလေးပါထည့်ပြီး လျှော်ပါ။ ပြီးရင်ခေါင်းခြောက်အောင် သုတ်ပြီး သံလွင်ဆီ ထပ်လိမ်းပြီးမှ အိပ်ပါနော်။

 

ပေါ့ပေါ့ပါးပါးဖြစ်မယ့်ဖိနပ်ကိုရွေးစီးပါ
ရေတွေစို၊ နေတွေပူနေကြတဲ့ကြားထဲ ဖိနပ်ကပါ ရေတွေစိုပြီး လေးနေရင် ဘယ်ကောင်းပါ့မလဲ။ အဲဒီတော့ ထိပ်ပိတ်၊ နောက်ပိတ်ရှူ းတွေ မဝတ်ပါနဲ့။ ရေစိုရင် အရမ်းလေးသွားမယ့် ဖိနပ်မျိုးတွေ မဝတ်ပါနဲ့။ လေဝင်လေထွက်ကောင်းပြီး ချောင်ချိ သက်သာမယ့်၊ ပေါ့ပေါ့ပါးပါး ဖိနပ်မျိုးကို ရွေးဝတ်ပါ။

 

ပိုက်ဆံကို ရှိသလောက်အကုန် ထည့်မသွာပါနဲ့
တစ်နှစ်မှာ တစ်ခါလည်ရတာ စာထားသမျှ အကုန်သုံးလိုက်မဟဲ့ဆိုပြီး ရှိသမျှ ပိုက်ဆံ အကုန်ထည့်မသွားဘဲ လိုတာလေးတွေ ဝယ်စားလို့ရအောင် လုံလောက်တဲ့ ပမာဏကိုသာ ထည့်သွားပါ။ သင်္ကြန်မှာ တရာစခန်းဝင်မယ့် မမတွေ၊ ညီမလေး၊ ဒေါ်ဒေါ်တွေ၊ ကိုကို၊ ဦးဦးတွေ၊ မောင်လေးတွေရော၊ လည်လည်ထွက်မယ့် သူတွေပါ အန္တရာယ် ကင်းကင်း ဘေးရှင်းရှင်းနဲ့ ပျော်ရွှင်နိုင်ကြပါစေ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Mercy Angel
Ziwaka magazine, April 2016, Pg.126-127



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18