Print

ခေါင်းထိခိုက်မိသောအခါလုပ်ဆောင်ရမည့်အရေးပေါ်နည်းလမ်းများ =

  25-Sep-2018
Preview Image

- ခေါင်းထိခိုက်မိသော အခါ ၏ ဦးခေါင်းခွံနှင့် ဦးနှောက်ကိုထိခိုက်စေနိုင်ပါသည်။ ဒဏ်ရာကြောင့်အခြေအနေ မှာ သာမန်အဆင့်မှ ဆိုးရွားသည့် အဆင့်ထိ ဖြစ်နိုင်ပါသည်။

- ပွင့်ထွက်သည့်ဒဏ်ရာ (သို့မဟုတ်) ပိတ်နေသည့် ဒဏ်ရာ (၂) မျိုးရှိပါသည်။ ချွန်ထက်သောအရာနှင့်ထိခိုက်မိလျှင် ပွင့်ထွက်သည့်ဒဏ်ရာကို ဖြစ်စေနိုင်ပြီး တုံးသည့်ပစ္စည်းကြောင့် ဆိုလျှင် ပိတ်သည့်ဒဏ်ရာမပွင့်ထွက်သော ဒဏ်ရာကိုဖြစ်စေပါသည်။ အပြင်ရှိဒဏ်ရာမှာမဆိုးရွား မပွင့်ထွက်သော်လည်း ဦးခေါင်းခွံ အတွင်းတွင် ပြင်းစွာသော သွေးယိုစိတ်မှု ဖြစ်နိုင်သည်ကို သတိပြုစေချင်ပါတယ်။

လက္ခဏာများ

- ခဏ (သို့မဟုတ်) အကြာကြီး သတိမေ့ခြင်း။ (coma)
-မူးဝေနေခြင်း။
- သွေးယိုခြင်း။
- အန်ခြင်း။
- နှာခေါင်းမှအရည် (သို့) သွေးထွက်ခြင်း။
- မျက်စိအမြင်၊ နားအကြား၊ လျှာအရသာ ထိခိုက်ခြင်း။
- နှလုံးခုန်မမှန်ခြင်း။
- တက်ခြင်း။
- ခြေ၊ လက်၊ ကိုယ်မလှုပ်နိုင်တော့ခြင်း။
- စိတ်အနေအထား မမှန်တော့ခြင်း။

လုပ်ဆောင်ရန်များ
- ထိခိုက်ဒဏ်ရာအား ရေခဲတင်ပါ။
- ဒဏ်ရာအရွယ်အစား သေးသော်လည်း အခြေအနေဆိုးရွားခြင်းလည်းဖြစ်နိုင်ပါသည်။
- သွေးထွက်ခြင်းရှိမရှိ စစ်ဆေးပါ။ (သွေးထွက်လျှင်ဖိထားပေးပါ)
- နှလုံးမခုန် အသက်မရှူမရှူ စစ်ဆေးပါ။ (နှလုံးမခုန်၊ အသက်မရှူတော့လျှင် အရေးပေါ် အသက်ကယ်နည်းစလုပ်ပါ။)
- အန်နေလျှင်၊ သတိလစ်နေလျှင် ကိုယ်တစ်ဖက်စောင်းထားပေးပါ။
- မအန်ပါက လူနာကို တည့်တည့်အနေအထား အိပ်ပါစေ။
- လူနာကို မလှုပ်ရှားစေရပါ။ (ဦးထုပ်ဆောင်းထားလျှင် မချွတ်ပစ်ပါနှင့်)
- ၂၄ နာရီစောင့်ကြည့်ပါ။ (အန်ခြင်း၊ သတိမကောင်းတော့ခြင်း၊ နားနှာခေါင်းမှ သွေးယိုခြင်း၊ တက်ခြင်း) များဖြစ်လျှင် ဆေးရုံဆေးခန်းသို့ အမြန်ဆုံးပို့ပေးပါ။

ဒေါက်တာ ခြူးမျက်ချယ်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18