Print

ဂိုနိုရောဂါ (Gonorrhea, Gono, VD နှင့် Chlamydia ပိုးဝင်ခြင်း)

  26-Sep-2018
Preview Image

Gonorrhea နှင့် Chlamydia နှစ်မျိုးစလုံးသည် စိုးရိမ်ဖွယ်ရောဂါများဖြစ်သည်။ သို့ရာတွင် စောစီး စွာကုသပါက ပျောက်ကင်းလွယ်ပါသည်။ မကုသပါကပြင်းထန်စွာ
ရောဂါပိုးဝင်ပြီး ယောကျ်ားမိန်းမနှစ်ဦးစလုံး၌ မြုံခြင်းကို ဖြစ်စေနိုင်သည်။ အမျိုးသားများ၌ ရောဂါရှိသူနှင့် လိင်ဆက်ဆံပြီး ၂ ရက်မှ ၅ ရက်ကျော်လျှင် ရောဂါလက္ခဏာက စတင်တွေ့ရှိရသည်။ သို့ရာတွင် မည်သည့် လက္ခဏာမှမပေါ်ဘဲ ရောဂါရှှိသော အမျိုးသားများ လည်းရှှိတတ် သည်။ အမျိုးသမီးများ၌ ရောဂါလက္ခဏာသည် သီတင်း
ပတ်ပေါင်းများစွာ (သို့) လပေါင်းများစွာကြာမှ ပေါ်တတ်သည်။ သင့်၌မည်သည့်ရောဂါလက္ခဏာမှ မပေါ်သော်လည်း Gonorrhea နှင့် Chlamydia အားအခြားသူများသို့ ကူးစက်နိုင်သည်။

မိန်းမများတွင်ဖြစ်တတ်သောရောဂါလက္ခဏာများ

• မွေးလမ်းကြောင်း (သို့) စအိုမှ အဝါရောင် (သို့) အစိမ်းရောင်အရည်များဆင်းခြင်း။
• ဆီးသွားရာတွင် နာကျင်ခြင်း၊ ပူလောင်ခြင်း၊ ဆီးမကြာခဏသွားခြင်း။
• အဖျားတက်ခြင်း။
• ဗိုက်အောက်ပိုင်းနာခြင်း။
• လိင်ဆက်ဆံချိန်တွင် နာခြင်း (သို့) သွေးထွက်ခြင်း။
• မည်သည့်လက္ခဏာမှမပေါ်ခြင်း။

ယောကျ်ားများတွင်ဖြစ်တတ်သောရောဂါလက္ခဏာများ
• ယောကျ်ားလိင်အင်္ဂါမှညောင်းကျခြင်း။
• ဆီးသွားစဉ်နာကျင်ခြင်း၊ ပူစပ်ခြင်း။
• ဝှေးစေ့များနာခြင်း (သို့) ရောင်ခြင်း။
• မည်သည့်လက္ခဏာမှမပေါ်ခြင်း။

Ref: WEAVE

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18