Print

ကိုယ်တွင်းအဆိပ်အတောက်တွေရှင်းချင်တယ်ဆိုရင်

  30-Sep-2018
Preview Image

အရွယ်တင်နုပျိုစေဖို့၊ ခန္ဓာကိုယ်အားပြန်ပြည့်စေဖို့နဲ့ နိုးကြားတက်ကြွနေစေဖို့အတွက် ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေ ဖယ်ရှားပေးဖို့ လိုအပ်လာပါတယ်။ ဒီလိုဖယ်ရှားရာမှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဖျော်ရည် လတ်လတ်ဆတ်ဆတ်သောက်တာ အန္တရာယ်အကင်းဆုံးဖြစ်တာမို့ ဘယ်ဖျော်ရည်တွေကကောင်းကျိုးပြုတယ်ဆိုတာ မျှဝေပေးလိုက်ပါတယ်။

၁။ လတ်ဆတ်တဲ့ ပန်းသီးဖျော်ရည်မှာ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနဲ့အာဟာရဓာတ်တွေ ပါဝင်ပြီး ကျောက်ကပ်နဲ့ အသည်းကို သန့်စင်ပြီးသားဖြစ်စေပါတယ်။

၂။ ရေကတော့ အစာခြေဖျက်အားကောင်းစေပြီး မကောင်းတဲ့အမှုန်အမွှားနဲ့ အဆိပ်အတောက်တွေကို အစာခြေလမ်းကြောင်းကတစ်ဆင့် ဖယ်ရှားပေးတဲ့ အရိုးရှင်းဆုံး သဘာဝဆေးပဲဖြစ်ပါတယ်။

၃။ မုန်လာဥနီ(ဗီတွတ်)ဖျော်ရည်ဖြစ်ပြီး သတ္တု ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေနဲ့ ဗီတာမင်တွေ ပါဝင်တာကြောင့် အသည်းကို သန့်စင်စေတဲ့အပြင် သွေးအားနည်းတာကိုပုံမှန်ဖြစ်စေကာ ကိုလက်စထရောအဆင့်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

၄။ သံပရာရည်မှာပါတဲ့ ဆီထရစ်အက်စစ်က အစာခြေမှု၊ ချက်မှုအတွက် ထောက်ကူသလိုကင်ဆာဖြစ်စေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်လို့ ဆိုပါတယ်။ 

၅။ မုန်လာဥနီဖျော်ရည်မှာလည်း ဗီတာမင်အေနဲ့ သတ္တုဓာတ်တွေ ပါဝင်ပြီးအစာမကြေတာတွေ၊ ဝမ်းချုပ်တာတွေ နဲ့ အူတွင်းကပ်ပါးကောင်တွေကိုဖယ်ရှားပေးပါတယ်။

၆။ လတ်လတ်ဆတ်ဆတ် လိမ္မော်သီးဖျော်ရည်ကလည်း သတ္တုဓာတ်နဲ့ ဗီတာမင်တွေကြွယ်ဝစွာ ပါဝင်ပြီး ကိုယ်တွင်းဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

၇။ လက်ဖက်စိမ်း(ဂရင်းတီး) ဟာဆိုရင်လည်း ကင်ဆာနဲ့ အခြားသောရောဂါတွေမဖြစ်ရလေအောင် ကာကွယ်ပေးတယ် လို့ဆိုပါတယ်။ ဒေါက်ခွရွက်၊ ပန်းဂေါ်ဖီစိမ်းနဲ့ ကိုက်လန်လိုမျိုး ဟင်းရွက်စိမ်းတွေကို ဖျော်ရည်လုပ်သောက်နိုင်သလိုဟင်းသီးဟင်းရွက်စုံနဲ့ သစ်သီးစုံဖျော်ရည် ပျစ်ပျစ် (Smoothie) တွေကလည်း ခန္ဓာကိုယ်တွင်းအဆိပ် အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

Ref: wellnessbin

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18