ကြွက်တက်ခြင်း (CRAMP)
25-Feb-2017
ဖြစ်စေသောအကြောင်းရင်းများမှာ ကြွက်သားများပြင်းထန်စွာ အလုပ်လုပ်ရခြင်း၊ တာဝေးလမ်းလျှောက်ခြင်း၊ ရေကူးခြင်း ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အိမ်ရှင်မများ အဟာရဓါတ်များ လျော့နည်းသည့် အခါတွင်ဖြစ်ခြင်း၊ ဝမ်းဖောဝမ်းလျောသည့်အခါတွင် ခန္ဓာကိုယ်တွင်းရှိ ရေနှင့်ဓာတ်ဆားများ လျော့နည်းခမ်းခြောက်သည့်အခါတွင်ဖြစ်ခြင်းနှင့် နေပူထဲတွင်ပင်ပန်းကြီးစွာ အလုပ်လုပ်ရသည့် အတွက် ချွေးထွက်လွန်ခြင်းတို့ကြောင့်
ဖြစ်စေတတ်ပါသည်။
ပြုစုခြင်း
၁။ လူနာအားလဲလျောင်းပြုစုပါ။
၂။ ကြွက်တက်သောအစိတ်အပိုင်းအား လက်ဖြင့်ဆုပ်နယ်ပေးပါ။
၃။ အပြေစးသမားများ ကြွက်တက်ခြင်းဖြစ်ပါက လင်နမယ်နှင့်ပရုပ်ဆီ မလိမ်းသင့်ပါ။
၄။ ရေ (သို့) ရေခဲကို အိတ်(သို့) ပလက်စတစ်အိတ်အတွင်းထည့်၍ ကြွက်တက်သည့် အစိတ်အပိုင်းအား ကပ်ပေးပါ။
၅။ လူနာအားအနားပေးပါ။ လိ်ုအပ်ပါက ဆေးအကူအညီရယူပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
အခြေခံရှေးဦးပြုစုခြင်း လက်စွဲစာအုပ်
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

