Print

အာရုံလွှာကွာလေသည့် မျက်စိ

  25-Feb-2017
Preview Image

 

အာရုံလွှာကွာလျှင် ရောင်စုံခွဲခြားသိမှု နည်းပါးမည်။ အရာဝတ္ထု ကြီးသွားခြင်း၊ သေးငယ်သွားခြင်းတို့ကို မြင်ရတတ်သည်။ မျက်စိရှေ့တွင် ရွေ့လျားနေသော အစက်အပြောက်များစွာကို တွေ့နိုင်သည်။ လင်းခနဲ လျှပ်စစ်စီးသကဲ့သို့လည်း မြင်တတ်သည်။ မျက်စိရှေ့ တွင် အမည််းကွက်တွေ့ခြင်း၊ မြင်ကွင်းကွယ်သွားခြင်း စသည်တို့ကို တွေ့နိုင်ပါသည်။ 

 

ဤရောဂါလက္ခဏာများ ပေါ်ပေါက်တွေ့ရှိနိုင်သော်လည်း မျက်စိနာကျင်ကိုက်ခဲ သည့် ဝေဒနာကို လုံးဝမခံစားရပါ။ ဖော်ပြပါ ရောဂါလက္ခဏာစု အားလုံးကို တစ်ပြိုင်တည်း ခံစားရမည်ဟု မဆိုနိုင်ပါ။ အာရုံလွှာကွာချိန် လျင်မြန်ခြင်း၊ ဖြည်းညင်းစွာကွာခြင်းများ အပေါ်မူတည်၍ လက္ခဏာခံစားရမှု ကွာခြားနိုင်ပါသည်။ အရောင်လင်းလက်ခြင်း၊ အစက်အပြောက်ပေါ်ခြင်း၊ မြင်ကွင်းကွယ်ခြင်း တစ်ပြိုင်တည်း ဖြစ်ပေါ်ပါက အာရုံလွှာ ကွာတတ်သည်ကို သတိထားရပါမည်။ မျက်စိဆရာဝန်ထံ သွားရောက်ပြသသင့်ပါသည်။ 

 

အာရုံလွှာကွာသူ အချို့မှာမူ လိုက်ကာနှင့် မြင်ကွင်းကို ကာလိုက်သကဲ့သို့ ခံစားရကြောင်း ပြောတတ်ပါသည်။ မျက်စိထိခိုက်ဒဏ်ရာရခြင်းနှင့် အာရုံလွှာကွာခြင်းတို့ နီးစပ်သော ဆက်သွယ်မှုများရှိပါသည်။ သဘာဝအားဖြင့် မျက်စိကို ပတ်ပတ်လည် တွင်ရှိသည့် မျက်ခွံရိုး၊ နှာခေါင်းတို့ဖြင့် ကာရံထားသဖြင့် အလွယ်တကူ မထိခိုက်နိုင်ပါ။ လက်သီးနှင့် တည့်တည့်ထိုးမိသည့်တိုင် မျက်စိပတ်ပတ်လည်ရှိ ကြွက်သားများ၊ အဆီများနှင့် ဝန်းရံထားသဖြင့် ပေါက်ပြဲသည့်အဆင့်သို့ ရောက်ခဲပါသည်။ လွန်စွာအရှိန်ပြင်းမှသာ ပေါက်ပြဲတတ်ပါသည်။ ရုတ်ခြည်းပြင်းထန်သောအားနှင့် ထိပါက အာရုံလွှာကွာခြင်း၊ မက်ကူလာအပေါက်ဖြစ်ခြင်း၊ မြင်းခွာပုံသဏ္ဍာန် ပေါက်ပြဲခြင်း များ တွေ့ရသည်။ မျက်စိကို ဖောက်ထွင်းသော ဒဏ်ရာရပါကလည်း အာရုံလွှာကွာ တတ်ပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး


Credit:
ဒေါက်တာထွန်းအောင်ကျော်
Health for all magazine, No.110, March 2016, Pg. 65



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18