Print

မျက်ခွံတွဲကျရောဂါဘယ်လိုကုမလဲ

  25-Feb-2017
Preview Image

 

မျက်ခွံတွဲကျတာနဲ့ ပတ်သက်လို့ ဆရာတို့က အဓိက ရောဂါ ရှာဖွေတာမျိုးပါပဲ။ ဥပမာပြောရရင် မျက်စိမှုန်တယ်ဆိုပြီး ရောက်လာတဲ့ လူနာကို စမ်းလိုက်လို့ ဆီးချိုသွေးချိုရောဂါကြောင့် မှုန်တာကိုသိရင် ဆီးချိုရောဂါအထူးကု ဆရာဝန်ဆီကို လွှဲပေးလိုက်သလိုမျိုးပါပဲ။ ဒါပေမယ့် ဆီးချိုရောဂါကြောင့်ဖြစ်တဲ့ Retinopathy ကိုတော့ ဆရာတို့ ကုသမှုပေးပါတယ်။ ဒီလိုပဲ မျက်ခွတွဲကျတာကိုလည်း သက်ဆိုင်ရာ အာရုံကြော အထူးကုကို လွှဲပေးလိုက်ပါတယ်။ မျက်စိစွေတာတို့ ဘာတို့ကလည်း ယာယီပါပဲ။ မျက်ခွံတွဲကျတာကို ကုသလိုက်ရင် အလိုလိုပြန်ကောင်းသွားပါတယ်။

 

အများအားဖြင့် မျက်ခွံတွဲကျရင် တစ်ဖက်တည်း ဖြစ်ပေမယ့် တစ်ခါတစ်ရံ နှစ်ဖက် စလုံး မျက်ခွံတွဲကျတဲ့ အခြေအနေ (Bilateral Ptosis) ဆိုရင် မနက်ပိုင်းမှာ အခြေအနေ ကောင်းပေမယ့် ညနေပိုင်းမှာ မျက်ခွံနှစ်ဖက်စလုံးကျသွားပါတယ်။ တချို့လူတွေမှာ အတော်ဆိုးဆိုးရွားရွား ဖြစ်တတ်တယ်။ အထူးသဖြင့် မိန်းကလေးတွေ လှလည်းလှချင်တယ်။ မျက်ခွံနှစ်ဖက်စလုံးကလည်း တွဲကျနေတယ်ဆိုရင်တော့ စိတ်အနှောက်အယှက်ဖြစ်သွားတတ်ပါတယ်။ 

 

လှချင်တယ်ဆိုရင် Levator Sling ဆိုတဲ့ ပစ္စည်းကို မျက်စိနှစ်ဖက်စလုံး ထည့်ပေးလိုက်ပါတယ်။ ဒါပေမယ့် ဒါမျိုးက ဆရာတို့လုပ်ခဲပါတယ်။ ဘာလို့လည်းဆိုတော့ မျက်ခွံတွဲကျရောဂါက ဆေးပေးလိုက်ရင် ၉၉ ရာခိုင်နှုန်းက တုံ့ပြန်မှု အားကောင်းနေ တာကြောင့်ပါ။ တချို့ ကုမ္ပဏီဝန်ထမ်းတွေကတော့ မျက်ခွံတွဲကျနေတာက လုပ်ငန်းခွင်မှာ မတင့်တယ်ဘူး။ အစည်းအဝေးလုပ်နေတုန်း မျက်ခွံတွဲကျရင် ငိုက်တယ်လို့ ထင်နေတယ်၊ အဲဒီတော့ ရာထူးတိုးဖို့ ဘာညာ စဉ်းစားလာရတယ် ထင်ပါတယ်။ 

 

အလုပ်အကိုင်ပေါ်လည်း သိပ်အနှောင့်အယှက်ဖြစ်တယ်၊ အလှလည်းပျက်တယ်။ စသဖြင့် ပြောလာခဲ့ရင်တော့ ရှားရှားပါးပါး အခြေအနေမျိုးမှာ Levator Sling ကို ထည့်ပေးပါတယ်။ ဒါက ခွဲစိတ်ရမယ့် အခြေအနေလည်း မဟုတ်တာကြောင့် လူနာက အဆင်မပြေလို့ ထည့်ပေးပါလို့ တောင်းဆိုလွန်းမှသာ လုပ်ပေးပါတယ်။ ဒါက လုပ်ငန်းခွင် အဆင်ပြေအောင် ယာယီအခိုက်အတန့် လုပ်ပေးလိုက်တဲ့ သဘောမျိုးပါ။ ဒီဟာ ထည့်ထားရင်းနဲ့ အာရုံကြောအထူးကုဆရာဝန်နှင့် ဆက်ပြပြီး ဆေးသောက်ရင်း မျက်ခွံတွဲကျရောဂါ ဖြစ်ရတဲ့ အခြေခံအကြောင်းရင်းကို ကုသရပါမယ်။

 

မျက်ခွံတွဲကျတာက ရောဂါအခြေအနေပေါ် မူတည်ပြီး တချို့လူနာတွေဆိုရင် တစ်ညလုံး မျက်ခွံတွဲကျချင်ကျနေတတ်ပါတယ်။ အိပ်လိုက်မှမျက်ခွံတွေက အနားရပြီး ပြန်လည်သက်သာသွား တတ်ပါတယ်။ ဆရာတို့ကတော့ ဒီလို လူနာတွေကို အလုပ်မှာ တစ်နာရီလောက်ကြာတိုင်း အချိန်ငါးမိနစ် ခြောကမိနစ်လောက် မျက်စိမှိတ်ပြီး မျက်စိကြွက်သားတွေကို အနားပေးဖို့ အကြံပေးလေ့ရှိပါတယ်။ ဒါပေမယ့် လူနာအများစုက မျက်စိကို ပုံမှန်နားပေးဖို့ကို မလိုက်နာတတ်ကြပါဘူး။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.256, December 2013, Pg. 39



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18