ပါးချိတ်ရောင်ခြင်းအတွက် အိမ်တွင်းကုထုံးများ
25-Feb-2017- ပါးချိတ်ရောင်ခြင်းမှာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသောကြောင့် ပိုးသတ်ဆေးများဖြင့် ကုသ၍မရပါ။
- ပုံမှန်အားဖြင့် ဖြစ်ပွားပြီး နှစ်ပတ်အတွင်းတွင် သူ့အလိုအလျောက် ပျောက်ကင်း သွားလေ့ရှိသည်။
ပါးချိတ်ရောင်ပါက နာကျင်ခြင်းကို သက်သာစေရန်နှင့် အခြားသူများကို မကူးစက်စေရန်
• အိပ်ရာထဲတွင် နားနေပါ
• စတင်ဖြစ်ပွားချိန်မှ တစ်ပတ်အထိ အခြားသူများနှင့် ထိတွေ့ခြင်းကို အတတ်နို်င် ဆုံး ရှောင်ပါ
• အနာသက်သာစေရန် ပါရာစီတမောကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်ပါ
• ရေအေးဖတ် သို့မဟုတ် ရေနွေးဖတ်များကို ရောင်နေသောနေရာသို့ ကပ်ပါ
• ပါးချိတ်ရောင်ခြင်း၏အဓိက နောက်ဆက်တွဲပြဿနာဖြစ်သော ဝှေးစေ့ရောင်ခြင်း
သက်သာစေရန် လိင်အင်္ဂါကို အအေးဖတ်ကပ်ပေးပါ၊ ကောင်းစွာထောက်ခံပေးနိုင်သော အတွင်းခံကောင်းကောင်း ဝတ်ပါ
• များများဝါးရန်လိုအပ်သော အစာမာများကို ရှောင်ပါ
• ချဉ်သောအစာများကို ရှောင်ပါ
• ရေများများသောက်ပါ
Lei
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref; Mayoclinic