Print

ကိုယ်ဝန်ဆောင်စဉ် စိတ်ကျရောဂါ ပျောက်ကင်းသက်သာစေတဲ့ ဆေးတွေသုံးစွဲခြင်းက...

  21-Oct-2018
Preview Image

ကိုယ်ဝန်ဆောင်မိခင်တွေ စိတ်ကျရောဂါပျောက်ဆေးတွေသုံးစွဲခြင်းဟာ ကလေးငယ်ရဲ့ အာရုံကြောဆိုင်ရာ ဖွံဖြိုးမှု သို့ ရုပ်ပိုင်းဆိုင်ရာအပြုအမူတွေအပေါ် ထိခိုက်မှုမရှိကြောင်း လေ့လာတွေ့ရိှိချက် အသစ်တွေအရသိရပါတယ်။


“ဒီလေ့လာချက်တွေက ကိုယ်ဝန်ဆောင်စဉ် စိတ်ကျေရာဂါပျောက်ဆေး သုံးစွဲမှုဟာ ကလေးငယ်ရဲ့ ဖွံ့ဖြိုးကြီးထွားမှုကို မထိခိုက်နိုင်ကြောင်း အထောက်အထားတွေပဲဖြစ်ပါတယ်။ တခြား အန္တရာယ်ဖြစ်နိုင်ချေတွေရှိပေမယ့် ခုထိတွေ့ရှိရတဲ့ အထောက်အထားတွေကတော့ စိတ်ကျဝေဒနာကို မကုသပဲထားတာက ပိုပြီးအန္တရာယ်များနိုင်ပါတယ်။" လို့ International Journal of Obstetrics and Gynecology ရဲ့ အယ်ဒီတာချုပ် John Thorp က ထုတ်ဖော်ပြောကြားထားပါတယ်။


လေ့လာသူတွေဟာ ဆေးဝါးသုံးစွဲမှု ပမာဏနဲ့ပတ်သက်ပြီး အမျိုးသမီးတွေရဲ့ ကျန်းမာရေးအခြေအနေ အသေးစိတ်ပေါ် မူတည်ပြီး သွေးထွက်လွန်နိုင်တဲ့ အခြေအနေလိုမျိုး အန္တရာယ်ဖြစ်နိုင်ခြေတွေကိုလည်း စမ်းသပ်လေ့လာခဲ့ကြပါတယ်။“ကိုယ်ဝန်ဆောင်စဉ် စိတ်ကျရောဂါပျောက်ဆေးတွေကို သုံးစွဲနေတဲ့ အမျိုးသမီးတွေမှာ ပြင်းပြင်းထန်ထန် ဖျားနာတာတွေဟာ ဆေးတွေကြောင့်
မဟုတ်ဘဲ သွေးကြောမျှင်တွေ ပေါက်ပြဲတာကြောင့် ဖြစ်ပါတယ်။


ဒီလေ့လာမှုကို အခြေခံပြီးပြောရရင် ကိုယ်ဝန်ဆောင်စဉ်အတွင်း ဆေးဝါးသုံးစွဲမှု ရပ်တန့်စရာမလိုဘူးလို့ အမျိုးသမီးတွေကို အကြံပေးချင်ပါတယ်။ ဒါပေမယ့် သွေးထွက်လွန်တာလိုမျိုး ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကို လျှော့ချနိုင်ဖို့ စနစတကျနဲ့အနီးကပ် ညွှန်ကြားချက်တွေအတိုင်း သုံးစွဲသင့်ပါတယ်။” လို့ University of Adelaide မှ ပါမောက္ခ Dr. Luke Grzekowiak က ပြောပြထားပါတယ်။


Ref:
Michelle

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18