Intestinal obstruction (အူပိတ်ခြင်း)
22-Oct-2018အကျဉ်းရှင်းလင်းချက်
အူပိတ်ခြင်းဆိုသည်မှာ အူသိမ် (သို့)အူမကြီးပိုင်းတွင် အစာ(သို့)ရေဖြတ်သန်းသွားနိုင်ခြင်းမရှိတော့ပဲ့ ပိတ်ဆို့နေခြင်းကိုခေါ်သည်။ အများအားဖြင့် အမျှင်တစ်ရှုးများကြောင့်ဖြစ်စေ၊ ပိုးဝင်ယောင်ခြင်းကြောင့်ဖြစ်စေ ၊ အူကျခြင်း၊အူမကြီးကင်ဆာကြောင့်ြ့ဖစ်စေ ဖြစ်လေ့ရှိတတ်သည် ။
လက္ခဏာများ
ဗိုက်မအီမလည်ဖြစ်ခြင်း၊ ဗိုက်နာခြင်း
ခံတွင်းပျက်ခြင်း
ဝမ်းချုပ်ခြင်း ၊ အန်ခြင်း
လေမလည်ခြင်း
ဗိုက်ဖောင်းလာခြင်း တို့ဖြစ်တတ်သည်
ဖြစ်ပွားရသော အကြောင်းရင်းများ
လူကြီးများတွင် အဖြစ်အများဆုံးအကြောင်းအရင်းမှာ အူကပ်ခြင်း(ဗိုက်ခွဲပြီးနောက်ပိုင်းတွင် အမျှင်တစ်သျှူးများကြောင့်) နှင့် အူမကြီးကင်ဆာ တို့ကြောင့်ဖြစ်ပြီး ကလေးများတွင်တော့ အူထပ်ခြင်းကြောင့်အဖြစ်များပြီး အူကျခြင်း၊ အူယောင်ခြင်း၊ ပိုးဝင်ခြင်း ၊ အူလိမ်ခြင်း၊ ဆမြင်းတုန်းများကြောင့် ဖြစ်ပွားရတတ်သည် ။
ဖြစ်နိုင်ချေများသူများ
ဝမ်းဗိုက် ခွဲစိတ်မှုလုပ်ထားဖူးသူများ
အူယောင်ရောဂါရှိသူများ
ဝမ်းဗိုက်တွင်းအင်္ဂါတစ်ခုခု ကင်ဆာရောဂါရှိနေသူများ၊ ဓာတ်ကင်နေရသူများ
နောက်ဆက်တွဲ ပြဿနာများ
မကုသပဲထားလျှင် အသက်အန္တရာယ်ထိခိုက်မှုမျိုးပါဖြစ်နိုင်သည် အူပိတ်ခြင်း ဖိမိသောကြောင့်အူကိုသွားသော သွေးကြောများပိတ်မိပြီးအူပုတ်ခြင်း အူပေါက်ခြင်းများဖြစ်တတ်ပြီး ပိုးဝင်ပျံ့နှံ့လျှင်သေစေနိုင်ပါသည် ။
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
စစ်ဆေးမှုများ
ဆရာဝန်စမ်းသပ်စစ်ဆေးခြင်း
ရင်ဘတ်ဓာတ်မှန်၊ ကွန်ပျူတာဓာတ်မှန် ၊ အာထရာဆောင်း များဖြင့်သိရှိနိုင်သည်။ ဆေးသွင်းပြီးဓာတ်မှန်ရိုက်ခြင်းလဲပြုလုပ်နိုင်သည် ။
ကုသခြင်း
ပိတ်သည့်အူနေရာ ပမာဏပေါ်မူတည်၍ စောင့်ကြည့်ကုသခြင်း ၊ ဆေးပေးခြင်း ၊ ခွဲစိတ်ခြင်း ၊ မှန်ပြောင်းနှင့်ပြွန်ချောင်းထည့်ချဲ့ခြင်း များကုသနိုင်သည်။
Ref: Mayo Clinic
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။