Laryngitis (အသံအိုး ရောင်ရမ်းခြင်း)
31-Oct-2018အသံအိုးကို
အလွန်အကျွံ အသုံးပြုခြင်း (ဥပမာ - အော်ဟစ်၍ စကားပြောရခြင်း)၊
လည်ချောင်းယားယံခြင်း၊ ပိုးဝင်ခြင်းတို့ကြောင့် အသံအိုးရောင်ရမ်းနိုင်သည်။
အသံအိုးရှိ အသံကြိုးများရောင်ရမ်းခြင်းကြောင့် အသံဝင်ခြင်း၊ အသံသြခြင်းတို့ကို
ဖြစ်စေသည်။ အများစုမှာ ဗိုင်းရပ်စ်ပိုးဝင်ခြင်းနှင့်
အသံကြိုးတင်းခြင်းတို့ကြောင့် ဖြစ်ရသည်။
လက္ခဏာများ
အသံအိုးရောင်ရမ်းပါက
တစ်ပတ်အတွင်းတွင် ပြန်လည်သက်သာနိုင်သည်။ ရောဂါလက္ခဏာများ အနေဖြင့်
·
အသံသြခြင်း
·
အသံဝင်ခြင်း
·
လည်ချောင်းယားခြင်း၊ နာခြင်း
·
လည်ချောင်း ခြောက်ခြင်း
·
ချောင်းခြောက်ဆိုးခြင်း
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
·
လည်ချောင်းရောင်ရမ်းသည့်
လက္ခဏာများ နှစ်ပတ်နှင့်အထက်ကြာသည်အထိ ရှိနေခြင်း
·
အသက်ရှူရခက်ခြင်း
·
ချောင်းဆိုးသွေးပါခြင်း
·
အဖျားမကျခြင်း
·
လည်ချောင်းပိုမိုနာကျင်လာခြင်း
·
အစာမျိုရခက်ခြင်းတို့
ဖြစ်ပေါ်ပါက နီးစပ်ရာဆရာဝန်ထံ သွားရောက်ကာ အမြန်ဆုံး ဆေးကုသမှုခံယူသင့်သည်။
ကလေးများတွင်
·
အသက်ရှူသံ
ပြင်းလာခြင်း
·
သွားရည်ကျခြင်း
·
အစာမျိုချရခက်ခြင်း
·
အသက်ရှူရခက်ခြင်း
·
အဖျား ၁၀၃
ဒီဂရီဖာရင်ဟိုက်ထက်ကျော်အောင် ဖျားခြင်းတို့ဖြစ်ပေါ်ပါက နီးစပ်ရာ ဆေးရုံ၊
ဆေးခန်းသို့ အမြန်ဆုံးသွားရောက် ပြသသင့်သည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
ခေတ္တ အသံအိုးရောင်ရမ်းခြင်း ( Acute Laryngitis ) သည်
·
အအေးမိခြင်း၊
ဗိုင်းရပ်စ်ပိုးဝင်ခြင်း
·
အသံအိုးကို
အလွန်အကျွံ အသုံးပြုရခြင်း၊ အော်ဟစ်ခြင်း
· ဆံုံဆို့ရောဂါကဲ့သို့သော ဘတ်တီးရီးယားပိုးများဝင်ခြင်းကြောင့် ဖြစ်ရသည်။
နာတာရှည် အသံအိုးရောင်ရမ်းခြင်း (Chronic Laryngitis)
သုံးပတ်ထက်ကျော်၍ အသံအိုးရောင်ရမ်းခြင်းကို နာတာရှည် အသံအိုးရောင်ရမ်းခြင်းဟုခေါ်သည်။
·
ဓာတုဓာတ်ငွေ့များ၊
မတည့်သော အမှုန်များ၊ မီးခိုးများရှူမိခြင်း
·
အစာအိမ်အတွင်းမှ
အက်ဆစ်များ အထက်သို့ ပြန်တက်ခြင်း
·
ထိပ်ကပ်နာရှိခြင်း
·
အရက်အလွန်အကျွံသောက်ခြင်း
·
အသံကျယ်လောင်စွာပြောတတ်သော
အလေ့ရှိခြင်း
·
ဆေးလိပ်သောက်ခြင်း
· ဘက်တီးရီးယား၊ မှိုနှင့် ကပ်ပါးကောင်တို့ကြောင့် ဖြစ်ရသည်။
- လည်ပင်းပိုင်းတွင်
ကင်ဆာဖြစ်နေသူများ
- ထိခိုက်မိခြင်း၊ လေဖြတ်ခြင်း၊
အဆုတ်အတွင်း အကျိတ်တည်ခြင်းတို့ကြောင့် အသံကြိုး မလှုပ်ရှားနိုင်ခြင်း
- အသက်အရွယ်အိုမင်းခြင်းတို့ကြောင့်လဲ အသံသြနိုင်ပြီး အသံအိုးရောင်ရမ်းခြင်းနှင့် မှားယွင်းနိုင်သည်။
ဖြစ်နိုင်ချေများသူများ
·
အအေးမိခြင်း၊
လေပြွန်ရောင်ခြင်း၊ ထိပ်ကပ်နာစသော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများရှိသူများ
·
ဆေးလိပ်၊
အရက် အလွန်အကျွံသောက်သုံးသူများ
·
ဓာတုဓာတ်ငွေ့များ
ရှူမိသူများ
·
အသံကျယ်လောင်စွာ
အသုံးပြုရသူများတွင် အဖြစ်များသည်။
·
နောက်ဆက်တွဲ ပြဿနာများ
· အသံအိုးပိုးဝင်ရောင်ရမ်းခြင်းကို အချိန်မီမကုသပါက ပိုးများအသက်ရှူလမ်းကြောင်းသို့ ပျံ့နှံ့သွားနိုင်ပါသည်။
စစ်ဆေးမှုများ
·
အသံအိုးရောင်ရမ်းခြင်း၏ အဓိက
လက္ခဏာဖြစ်သော အသံသြခြင်း၊ အသံဝင်ခြင်းတို့ကို စစ်ဆေးခြင်း
·
အသံအိုးကို ပြွန်ထည့်၍ စစ်ဆေးခြင်း
·
အသားစယူ စစ်ဆေးခြင်း တို့်ကို
ပြုလုပ်နိုင်ပါသည်။
ကုသခြင်း
ရေတို အသံအိုးရောင်ရမ်းခြင်းမှာ
တစ်ပတ်အတွင်းတွင် သက်သာသွားတတ်သည်။
နာတာရှည် အသံအိုးရောင်ရမ်းနေပါက
·
အကြောင်းရင်းများဖြစ်သည့် ဆေးလိပ်၊
အရက် အလွန်အကျွံသောက်ခြင်းကို ရပ်ခြင်း၊ အစာအိမ်တွင်း အက်ဆစ်များခြင်းကို ကုသခြင်း
·
ပိုးသတ်ဆေးများသောက်ခြင်း
·
စတီးရွိုက်များသောက်ခြင်း
တို့ဖြင့် ကုသနိုင်ပါသည်။
အိမ်တွင်းကုထုံးများအဖြစ်
·
ရေနွေးငွေ့ရှူခြင်း
·
အသံအိုးကို အသုံးပြုဘဲ
အနားပေးခြင်း
·
ရေများများသောက်ခြင်း
·
ဆားရည်ဖြင့် ပလုပ်ကျင်းခြင်း
·
တီးတိုးပြောခြင်းကို ရှောင်ခြင်း
တို့ကို ပြုလုပ်နိုင်ပါသည်။
ကာကွယ်ခြင်း
·
ဆေးလိပ်သောက်ခြင်း၊
ဆေးလိပ်ငွေ့ရှူခြင်းတို့ကို ရှောင်ခြင်း
·
အရက်၊ ကော်ဖီတို့ကို အလွန်အကျွံ
မသောက်ခြင်း
·
ရေများများသောက်ခြင်း
·
အစပ်များကို ရှောင်ခြင်း
·
အသီးအရွက်၊ အသီးအနှံများ၊ ဆန်၊
ဂျုံ၊ ပြောင်းတို့ကို များများစားခြင်း
·
မကြာခဏ လည်ချောင်းရှင်းခြင်းကို
ရှောင်ခြင်း
·
အသက်ရှူလမ်းကြောင်းဆိုင်ရာ
ရောဂါများ မဖြစ်အောင် ဂရုစိုက်ခြင်းတို့ဖြင့် ကာကွယ်နိုင်ပါသည်။
Lei (Healthcare.com.mm)
Ref; Mayo Clinic
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။