Lymphoma ( ပြန်ရည်ကြောအဖွဲ့အစည်း ကင်ဆာ )
06-Nov-2018 လူခန္ဓာကိုယ်ရှိ
ရောဂါများကို ပြန်လည်တိုက်ခိုက်ပေးသော
ပြန်ရည်ကြော အဖွဲ့အစည်းတွင် ပြန်ရည်ကျိတ်များ၊ ဘေလုံး၊
သိုင်းမတ်စ်ဂလင်းနှင့် ရိုးတွင်းချဉ်ဆီတို့ပါဝင်သည်။ ပြန်ရည်ကြော အဖွဲ့အစည်း ကင်ဆာဖြစ်ပါက
ခန္ဓာကိုယ်တစ်ခုလုံးရှိ အင်္ဂါအစိတ်အပိုင်းများကို ပျံ့နှံ့နိုင်သည်။
Lymphoma ကို
·
Hodgkin’s lymphoma နှင့်
·
Non-Hodgkin’s Lymphoma ဟူ၍
နှစ်မျိုးခွဲခြားနိုင်သည်။
Hodgkin’s lymphoma
ပြန်ရည်ကြောအဖွဲ့အစည်းတွင်းရှိ
ဆဲလ်များ ပုံမမှန်ကြီးထွားပြီး ပြန်ရည်ကြော အဖွဲ့အစည်း ပြင်ပသို့ ရောက်ရှိခြင်းကြောင့်
ဖြစ်ပွားသောရောဂါဖြစ်သည်။
ရောဂါအမည်ကို ဖော်ထုတ်နိုင်ပြီး
ထိရောက်စွာ ကုသပါက ပျောက်ကင်းနိုင်သော ကင်ဆာရောဂါမျိုးဖြစ်သည်။
လက္ခဏာများ
လက္ခဏာများအနေဖြင့်
·
လည်ပင်း၊ ချိုင်းနှင့်
ပေါင်ခြံတို့တွင် ပြန်ရည်ကျိတ်များ ကြီးလာခြင်း ( မနာကျင်တတ်ပေ )
·
မောပန်းနွမ်းနယ်ခြင်း
·
ချမ်းတုန်၍ဖျားခြင်း
·
ညဘက်တွင် ချွေးစေးထွက်ခြင်း
·
ရုတ်တရက် ကိုယ်အလေးချိန်
အလွန်အမင်းကျသွားခြင်း
·
အစားအသောက်ပျက်ခြင်း
·
ယားယံခြင်း
·
အရက်သောက်ပြီးချိန်တွင်
ပြန်ရည်ကျိတ်များ လွန်စွာနာကျင်တတ်ခြင်း၊ အရက်ကို တုန့်ပြန်မှုပို၍ မြန်လာခြင်း
တို့ဖြစ်ပေါ်တတ်သည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
ဖြစ်ပွားရသော အကြောင်းရင်းကို
သေချာစွာမသိရသေးပေ။
Hodgkin's lymphoma မှာ
များသောအားဖြင့် ရောဂါပိုးများကို တိုက်ခိုက်ပေးသော ခုခံဓာတ် B ဆဲလ်တွင်
မျိုးရိုးဗီဇဆိုင်ရာ ချို့ယွင်းနေမှုကြောင့် ဖြစ်ရသည်ဟု လေ့လာချက်များအရ သိရသည်။
ဖြစ်နိုင်ချေများသူများ
·
အများအားဖြင့် အသက် ၁၅နှစ်နှင့်
၃၀အကြားရှိသူများ
·
မိသားစုများတွင် ပြန်ရည်ကျိတ်ကင်ဆာ
ဖြစ်ဖူးသူများ
·
အမျိုးသားများ
·
အက်စတိမ်းဘား (Epstein- Barr)
ရောဂါပိုးဝင်ဖူးသူများ
·
HIV /AIDS ရောဂါကဲ့သို့သော
ကိုယ်ခံအားနည်းနေသူများတွင် အဖြစ်များသည်။
စစ်ဆေးမှုများ
·
ဆရာဝန်နှင့်တိုင်ပင်ကာ
ပြန်ရည်ကျိတ်များကြီးမကြီး စမ်းသပ်စစ်ဆေးခြင်း
·
သွေးစစ်ခြင်း
·
ဓာတ်မှန်ရိုက်ခြင်း၊ ကွန်ပြူတာ
ဓာတ်မှန်ရိုက်ခြင်း
·
ပြန်ရည်ကျိတ်ကို ခွဲစိတ်၍ အသားစယူ
စစ်ဆေးခြင်း
·
ရိုးတွင်းချဉ်ဆီယူ၍ စစ်ဆေးခြင်း
တို့ကို ပြုလုပ်နိုင်သည်။
ကုသခြင်း
Hodgkin's lymphoma ကို
အဆင့်လေးဆင့်ခွဲခြားနိုင်သည်။
ရောဂါ၏ အဆင့်ကို လိုက်၍ ကုသပုံများ
ကွာခြားနိုင်သည်။
·
ကင်ဆာဆေးများသွင်း၍ ကုသခြင်း
·
ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း
·
ရိုးတွင်းချဉ်ဆီ အစားထိုးခြင်း
တို့ဖြင့် ကုသနိုင်သည်။
ဤကင်ဆာအမျိုးအစားမှာ
ရောဂါရှာဖွေတွေ့ရှိပြီး ထိရောက်စွာ ကုသပါက ပျောက်ကင်းနိုင်သည်။
အသက်ငယ်ရွယ်သူများတွင် ပျောက်ကင်းနိုင်ချေ ပိုများသည်။
Non-Hodgkin's lymphoma
ပြန်ရည်ကြောအဖွဲ့အစည်းတွင်းရှိ
lymphocytes များမှ အလုံးဖြစ်ကာ ကင်ဆာဖြစ်လာခြင်း ဖြစ်သည်။
Non-Hodgkin's lymphoma သည် Hodgkin's
lymphoma ထက် ပို၍ အဖြစ်များသည်။
လက္ခဏာများ
ရောဂါလက္ခဏာများအနေဖြင့်
·
လည်ပင်း၊ ချိုင်း၊ ပေါင်ခြံတို့တွင်
ပြန်ရည်ကျိတ်များတည်ခြင်း
·
ဗိုက်အောင့်ခြင်း၊ ဗိုက်တွင်
အလုံးများပေါ်ခြင်း
·
ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုးခြင်း၊
အသက်ရှူခက်ခြင်း
·
မောပန်းနွမ်းနယ်ခြင်း
·
ဖျားခြင်း
·
ညဘက်တွင် ချွေးစေးများ ပြန်ခြင်း
·
ကိုယ်အလေးချိန်ကျခြင်း တို့ကို တွေ့ရတတ်သည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
ဖြစ်ပွားစေသော အကြောင်းရင်းကို
သေချာစွာမသိရသေးပေ။ lymphocytes သွေးဖြူဥများ ပုံမမှန် ပွားများခြင်းကြောင့်
ဖြစ်ရသည်ဟု လေ့လာချက်များအရ သိရသည်။
အဖြစ်များသူများ
·
ကိုယ်ခံအားစနစ်ကို
လျှော့ချပေးသောဆေးများ
·
HIV နှင့် အက်စတိန်းဘားပိုး ရှိသူများ
·
ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများနှင့်
ထိတွေ့မှုရှိသူများ
·
အသက် ၆၀နှင့် အထက်ရှိသူများတွင်
အဖြစ်များသည်။
စစ်ဆေးခြင်း
·
ဆရာဝန်နှင့် ပြသ၍ ပြန်ရည်ကျိတ်များ၊
အသည်းနှင့် ဘေလုံးတို့ ကြီး၊ မကြီးစမ်းသပ်ခြင်း
·
သွေးနှင့် ဆီးတို့ကို စစ်ဆေးခြင်း
·
ဓာတ်မှန်ရိုက်ခြင်း၊ ကွန်ပြူတာ
ဓာတ်မှန်ရိုက်ခြင်း
·
အသားစယူ၍ စစ်ဆေးခြင်း
·
ရိုးတွင်းချဉ်ဆီယူ၍ စစ်ဆေးခြင်း
တို့ကို ပြုလုပ်နိုင်သည်။
ကုသခြင်း
ရောဂါလက္ခဏာများပြရန်ကြာသော (Indolent type) အမျိုးအစားဖြစ်ပါက ကုသမှုများ ခံယူရန်မလိုအပ်ဘဲ စောင့်ကြည့်ရန်သာ လိုအပ်သည်။
ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက ဆရာဝန်၏
ညွှန်ကြားချက်အတိုင်း
·
ကင်ဆာဆေးများသွင်းခြင်း
·
ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း
·
ရိုးတွင်းချဉ်ဆီဆဲလ် အစားထိုးခြင်း
·
ကင်ဆာကို ပြန်လည်တိုက်ခိုက်ရန်
ကိုယ်ခံအားကို မြှင့်တင်ပေးသော ဆေးများအသုံးပြုခြင်းဖြင့် ကုသနိုင်သည်။
Lei(Healthcare.com.mm)
Ref ; Mayo clinic
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။