ကလေးငယ်များအား ကာကွယ်ဆေးထိုးတိုက်ခြင်းဖြင့်ကာကွယ်နိုင်သော ရောဂါများအကြ...
10-Nov-2018ဆေးရုံဆေးခန်းတွေ မွေးဖွားသော ကလေးများကို မွေးဖွားလျှင်
မွေးဖွားပြီးခြင်း
• တီဘီရောဂါကာကွယ်နိုင်ရန်အတွက် ဘီစီဂျီ ကာကွယ်ဆေးနှင့်
• အသည်းရောင် အသားဝါ (ဘီ) ရောဂါကို ကာကွယ်ရန်အတွက် အသည်းရောင်
အသားဝါ(ဘီ) ကာကွယ်ဆေး တို့ကို ထိုးပေးရပါမည်။ ကလေးငယ်အသက် (၂)လ၊
(၄)လ အရွယ်တို့တွင်
• ပိုလီယိုအကြောသေရောဂါ ကာကွယ်နိုင်ရန်အတွက် ပိုလီယိုအစက်ချ
ကာကွယ်ဆေး ကို တိုက်ရပါမည်။
• ၂၀၁၂ နိုဝင်ဘာလမှစ၍ ၅ နှစ်အောက်ကလေးများတွင် အဖြစ်များပြီး
သေဆုံးမှုနှုန်း များသော ဦးနှောက်အမြှေးရောင် အဆုပ်ရောင်တို့ကို ဖြစ်ပွားစေသည့် ဟေမိုဖီလပ်
အင်ဖလူရင်ဆာ ဘီ (Haemophilus Influenza type B) ကို ကာကွယ်နိုင်သည့် ကာကွယ်ဆေးအသစ်တစ်မျိုးကို
အသက် ၁ နှစ်အောက် ကလေးများကို ထိုးနှံပေးနေ ပြီးဖြစ်ပါသည်။ ဤကာကွယ်ဆေးကို ယခင်ကထိုးခဲ့သော
ဆကမ (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်)၊ အသည်းရောင်အသားဝါ ဘီ ကာကွယ်ဆေးတို့နှင့် ပေါင်းစပ်ထုတ်လုပ်ထားပြီး (၁) ကြိမ်ထိုးရုံဖြင့် ရောဂါပိုး ၅ မျိုးကို
ကာကွယ်ပြီးသားဖြစ်သည်။
ကလေးငယ်အသက် ၉-လ နှင့် ၁၈-လအရွယ်တို့တွင်
• ဝက်သက်ရောဂါ ကာကွယ်နိိုင်ရန်အတွက် ဝက်သက်ရောဂါ ကာကွယ်ဆေးကို
ထိုးပေး ရပါမည်။
Ref:
အမာခံအဖွဲ့ဝင်များ လက်စွဲစာအုပ်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။