Myocardial Ischemia (နှလုံးသွေးကြောကျဉ်းရောဂါ)
19-Nov-2018Myocardial
Ischemia ရောဂါသည် နှလုံးသွေးကြောများ ကျဉ်းခြင်း/ပိတ်ခြင်းကြောင့် နှလုံးသို့သွေးစီးဆင်းမှုနည်းကာ
အောက်ဆီဂျင် အလုံအလောက် မရရှိသောရောဂါဖြစ်သည်။
လက္ခဏာများ
အချို့သောလူများတွင်
နှလုံးသွေးကြောကျဉ်းရောဂါသည် လက္ခဏာမပြတတ်သော်လည်း အတွေ့များသောလက္ခဏာများအနေဖြင့်
- ဘယ်ဖက်ရင်ဘတ်အောင့်ခြင်း
- လည်ပင်း/မေးရိုးနာကျင်ခြင်း
- ပုခုံး/လက်မောင်း
နာကျင်ခြင်း
- နှလုံးခုန်မြန်ခြင်း
- မောခြင်း
- ပျို့အန်ခြင်း
- ချွေးထွက်ခြင်းနှင့်
- မောပန်းလွယ်ခြင်းများကို
တွေ့ရတတ်သည်။
ဖြစ်ပွားရသောအကြောင်းရင်းများ
Myocardial
Ischemia ကို
.
Coronary artery disease - နှလုံးသွေးကြောကျဉ်းခြင်း
.
နှလုံးသွေးကြောထဲတွင် သွေးခဲဖြစ်ခြင်း
.
Coronary artery spasm - နှလုံးသွေးကြော မာလာကာ သွေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေခြင်းတို့ကြောင့်
ဖြစ်စေနိုင်သည်။
ဖြစ်နိုင်ချေများသူများ
Myocardial
Ischemia ဖြစ်နိုင်ချေများသူများမှာ
- ဆေးလိပ်သောက်သူများ
- ဆီးချိုရောဂါရှိသူများ
- သွေးတိုးရောဂါရှိသူများ
- သွေးတွင်းကိုလက်စထရောတက်နေသူများ
- အဝလွန်သူများ
- ကိုယ်လက်လှုပ်ရှားမှု
မရှိသူများဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
Myocardial
Ischemia ရောဂါသည် မကုသဘဲထားပါက နောက်ဆက်တွဲရောဂါများအနေဖြင့်
.
နှလုံးလေသင်တုန်းဖြတ်ခြင်း
.
နှလုံးခုန်မမှန်ခြင်း
.
နှလုံးပျက်သွားခြင်းများ ဖြစ်နိုင်သည်။
ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ
ရင်ဘတ်အောင့်ခြင်းကို
ကြာရှည်စွာ ခံစားနေရခြင်းနှင့် အခြားလက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဆေးခန်းသို့
သွားရောက်ပြသသင့်ပါသည်။
စစ်ဆေးမှုများ
စစ်ဆေးမှုများအနေဖြင့်
ရောဂါရာဇဝင်အကြောင်း မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများနှင့် နှလုံးစက်ဆွဲခြင်း၊ နှလုံးပုံရိပ်ဖမ်းခြင်း၊
နှလုံးကွန်ပျူတာဓာတ်မှန်ရိုက်ခြင်းနှင့် Cardiac angiography ( သွေးကြောထဲသို့ Dye
ထည့်၍ ရိုက်ခြင်းများ ပြုလုပ်နိုင်သည်။
ကုသခြင်း
Myocardial
Ischemia အား ကုသရာတွင် သောက်ဆေးများဖြစ်သော သွေးကြဲဆေး၊ သွေးကြောကျယ်ဆေး၊ နှလုံးခုန်နှေးဆေး၊
သွေးတွင်းအဆီကျဆေးနှင့် သွေးကျဆေးများပေးခြင်းများအပြင် ခွဲစိတ်မှုများဖြစ်သော ကျဉ်းနေသောသွေးကြောထဲသို့
ပြွန်သေးသေးလေးထည့်၍ ကုသခြင်း၊ တခြားနေရာမှ သွေးကြောဖြင့် ကျဉ်းနေသောနေရာသို့ အစားထိုးကုသခြင်းများဖြင့်
ကုသနိုင်ပါသည်။
ကာကွယ်ခြင်း
Myocardial
Ischemia အား ကာကွယ်နိုင်ရန်အတွက်
- အရက်၊
ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ခြင်း
- ကိုယ်လက်လှုပ်ရှားမှု
ပုံမှန်လုပ်ပေးခြင်း
- ပုံမှန်ကိုယ်အလေးချိန်ရအောင်
ထိန်းထားခြင်းတို့ကို လုပ်ဆောင်သင့်သည်။
Paing
Ref:
Mayo Clinic