Print

သင့်ကျန်းမာရေးမကောင်းမှန်း ပြသနေသည့် ခန္ဓာကိုယ်၏ လက္ခဏာများ

  25-Feb-2017
Preview Image

 

ကျွန်မတို့ ကျန်းမာပြီး အသက်ရှည်ဖို့အတွက် ခန္ဓာကိုယ်တွင်းက စနစ်တွေကို ကျန်းမာရေးနှင့် ညီညွတ်မှုရှိအောင် ထိန်းသိမ်းတတ်ဖို့ လိုအပ်ပါတယ်။ အောက်ပါ ၁၀ ခုဟာ သင်လျစ်လျူမရှုသင့်တဲ့ လက္ခဏာတွေဖြစ်ပါတယ်။

 

၁။ အသက် ၂၀ မတိုင်မီ ဆံပင်ဖြူခြင်း

မိသားစုမျိုးရိုးလိုက်တာကြောင့် ငယ်ရွယ်စဉ်မှာ ဆံပင်ဖြူတတ်တာဖြစ်ကြပေမယ့် အသက် ၃၀ အရွယ်မှာ ခေါင်းတစ်ဝက်လောက်က ဆံပင်ဖြူတွေ ရှိနေရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။ ဆီးချိုရောဂါဖြစ်နိုင်တာကြောင့်ပါ။

 

၂။ မွေးရာပါအမှတ်အသားများ

သင့်ခန္ဓာကိုယ်ထဲက မှဲ့တစ်ချို့က နေရောင်နှင့် ထိတွေ့မှုများတာကြောင့် ပုံသဏ္ဍာန်၊ အရွယ်အစားနဲ့ အရောင်ပြောင်းလဲမှု ဖြစ်နေရင် ကင်ဆာဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

 

၃။ မျက်လုံး၏ အဖြူရောင်မျက်သား

မျက်လုံးရဲ့ အဖြူရောင်မျက်သားတွေဟာ အမြဲတမ်း အဖြူရောင်ဖြစ်နေရပါမယ်။ သင့်ရဲ့ မျက်လုံးကနေ ခန္ဓာကိုယ်တွင်း ပြဿနာဖြစ်နေတာကို သိရှိနိုင်ပါတယ်။ အိပ်ရေး မဝတာနဲ့ အအေးမိတာမှအပ မျက်သား အနီရောင်ဖြစ်နေတာက သွေးတိုးနေတာ ဒါမှမဟုတ် မျက်မြှေးရောင်လိုမျိုး ဗိုင်းရပ်စ်ပိုးဝင်တာကြောင့်ဖြစ်ပြီး အဝါရောင်ဖြစ်နေ တာက အသားဝါ၊ အသည်း၊ ဒါမှမဟုတ် သည်းခြေအိတ်မှာ ရောဂါဖြစ်နေတာ ကို ဖော်ပြနေတာပါ။

 

၄။ နှုတ်ခမ်းအက်ကွဲခြင်း

နှုတ်ခမ်းအက်ကွဲတာက ရာသီဥတုပြောင်းလဲတာ ဒါမှမဟုတ် လေအေးအတိုက်ခံ ရများတာကြောင့်ပါ။ ဒါပေမယ့် သင်ဟာ မကြာခဏ နှုတ်ခမ်းကွဲအက်နေရင်တော့ ဗီတာမင် ဘီ နဲ့ သွပ်ဓာတ်ချို့တဲ့နေပါပြီ။ မှိုပိုးဝင်ရောက်တာကြောင့်နဲ့လည်း ဆက်စပ်မှုရှိပါတယ်။

 

၅။ လည်ပင်းရောင်ခြင်း

သင့်လည်ပင်းရောင်ရမ်းနေတာကို သတိထားမိရင် ဆရာဝန်နဲ့ ချက်ချင်းပြင်ပါ။ လည်ပင်းအရှေ့နေရာက ရောင်နေရင်တော့ သိုင်းရွိုက်ဂလင်းပြဿနာဖြစ်နိုင်ပါတယ်။ အသက်၂၀-၅၀ နှစ်ကြား အမျိုးသမီးတွေ အထူးသတိထားရမှာပါ။

 

၆။ မျက်တောင်မွေးကျွတ်ခြင်း

လူအများစုက ဆံပင်ကျွတ်တတ်ကြပေမယ့် ရုတ်တရက် ဆံပင်အများကြီးကျွတ် လာတာ၊ မျက်တောင်မွေးတွေပါ ကျွတ်လာတာဖြစ်ခဲ့ရင်တော့ သိုင်းရွိုက်ဂလင်း မှာ ပြဿနာဖြစ်နေပါပြီ။ သိုင်းရွိုက်အလုပ်လွန်တာ ဒါမှမဟုတ် အလုပ်မလုပ်တာမျိုးတွေဖြစ်တာမို့ ဆရာဝန်နဲ့ပြပါ။

 

၇။ နှုတ်ခမ်းရေယုန်ပေါက်ခြင်း

နှုတ်ခမ်းကွဲတာက ဗီတာမင် ဘီ နဲ့ သွပ်ဓာတ်ချို့တဲ့တာကြောင့်ဖြစ်ပြီး မှိုပိုးကူးစက်တာနဲ့ ဆက်စပ်မှုရှိပါတယ်။ နှုတ်ခမ်းမှာ ရေယုန်ပေါက်နေတာက စိတ်ဖိစီးမှုများနေတဲ့ လက္ခဏာပါ။ ရေယုန်ပေါက်ချိန်ကြာနေရင် ခုခံအားစနစ် လျော့ ကျနိုင်တာမို့ စိုးရိမ်စိတ်တွေကို တတ်နိုင်သမျှ လျှော့ချပါ။

 

၈။ လက်သည်းပြောင်းလဲခြင်း

လက်သည်းမှတစ်ဆင့် သင့်ကျန်းမာရေးကို ဖော်ပြနိုင်ကာ ကျန်းမာရေးပြဿနာပေါ် မူတည်ပြီး သင့်လက်သည်းပုံသဏ္ဍာန်ပြောင်းလဲသွားတတ်ပါတယ်။

 

၉။ ခြေဖျားအေးခြင်း

ခြေထောက်ဟာ နှလုံးနဲ့ အဝေးဆုံးနေရာမှာ ရှိနေပေမယ့်သူတို့ က နှလုံးသွေးကြောရောဂါနဲ့ ဆက်စပ်နေပါတယ်။ Reynald’s ရောဂါက မိမိဆဲလ် ကိုယ်မိမိ တိုက်ခိုက်တဲ့ရောဂါ တစ်မျိုးဖြစ်ပြီး လက်၊ ခြေချောင်း၊ နှာခေါင်းနဲ့ နားရွက်မှာ ရှိတဲ့ သွေးကြောတွေကို တင်းကျပ်စေနိုင်တာမို့ ခြေဖျားလက်ဖျားတွေ အမြဲတမ်းအေးနေ တတ်ပါတယ်။

 

၁၀။ မျက်နှာနီးမြန်းခြင်း

ဟော်မုန်းအပြောင်းအလဲ၊ ရာသီဥတုအပြောင်းအလဲတွေကြောင့် အသက် ၃၀-၅၅ နှစ်အရွယ်ကြား အမျိုးသမီးတွေမှာ မျက်နှာနီးမြန်းနေတတ်ပါတယ် ။Rosaceaခေါ် တဲ့ အရေပြားရောဂါတစ်မျိုးကြောင့်လည်း ပါးမှာ နှင်းဆီရောင်သန်းနေတတ်ပါ တယ်။ ဘာကြောင့် အဲဒီရောဂါဖြစ်လဲဆိုတာတော့ အခုအထိ မသိသေးပါဘူး။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာခင်မိုးမိုး
Good Health Journal



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18