Neuroendocrine tumor(ဦးနှောက်နှင့် စပ်ဆိုင်သော ဟော်မုန်းအကျိတ်)
24-Nov-2018ဦးနှောက်နှင့် ဟော်မုန်းအကျိတ်ဆိုသည်မှာ ဦးနှောက်ဟော်မုန်း( Neuroendocrine cells)အဖွဲ့အစည်း ဆဲလ်များအတွင်း ပုံမှန်မဟုတ်ဘဲ ပြောင်းလဲကာ အကျိတ်ဖြစ်ခြင်းဖြစ်သည်။ဦးနှောက်ဟော်မုန်းအကျိတ်ဆိုသည်မှာ အဖြစ်ရှားပြီး သော်လည်းခန္ဓာကိုယ်အနှံ့ မည်သည့်နေရာတွင်မဆိုဖြစ်နိုင်သည်။အဖြစ်များသောနေရာများမှာ- အဆုတ်၊ အူအတက်၊ အူသိမ်၊ အူဟောင်းအိမ်၊ နှင့် သရက်ရွက်တို့တွင် အဖြစ်များသည်။
အကျိတ်ဟုဆိုရာတွင်
Benign ( ရိုး ရိုးကျိတ်) နှင့် Malignant ( ကင်ဆာ ) ကျိတ်ဖြစ်နိုင်သည်။
ဥပမာ-
-Carcinoid
tumor
-Islet
cell cancer
-Merkel
cell carcionoma
-Medullary
thyroid carcinoma
-Pheochromocytoma
-Adrenal
cancer
-Small
cell carcinoma,lung
-Large
cell carcinoid tumor,lung
ရောဂါရှာဖွေပုံနှင့်
ကုသပုံများမှာ ဖြစ်ပွားသည့် အကျိတ်အမျိုးအစား၊ နေရာပေါ်မူတည်သည့် အပြင် ထိုအကျိတ်မှထုတ်သည့်
ဟော်မုန်းအမျိုးအစားပေါ်လည်းမူတည်ပါသည်။
လက္ခဏာများ
အူလမ်းကြောင်းအဖွဲ့အစည်းတွင်ဖြစ်လျှင်
ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း ၊ ဗိုက်အောင့်ခြင်း။
အဆုတ်လမ်းကြောင်းတွင်ဖြစ်လျှင်
ရင်ကျပ်ခြင်း၊ ရက်ရှည်ချောင်းဆိုးခြင်း။
အချို့အလုံးအကျိတ်များသည်
ဟော်မုန်းများကိုသွေးတွင်းသို့ထွက်စေပြီး ဝမ်းလျှောခြင်း၊ ကြွက်တက်ခြင်း၊ရင်ကျပ်ခြင်း၊သွေးတွင်းအချိုဓာတ်ကျခြင်း၊
သွေးပေါင်ခြင်းပြောင်းလဲခြင်း တို့ဖြစ်ပေါ်ခံစားရနိုင်ပါသည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
ဖြစ်ပွားရသောအဓိက
အကြောင်းရင်းအသေအချာ မရှိသေးပါ။
စစ်ဆေးမှုများ
-သွေးစစ်ခြင်း
-ဆီးစစ်ခြင်း
-အသားစယူ၍
စစ်ဆေးခြင်း
-ဓာတ်မှန်ရိုက်ခြင်း
-ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း
-သံလိုက်ဓာတ်မှန်ရိုက်ခြင်း
-အာထရာဆောင်း/တီဗွီဓာတ်မှန်ရိုက်ခြင်း
စသည်တို့ကို လိုအပ်သလိုပြုလုပ်ရမည်။
ကုသခြင်း
ဖြစ်ပွားနေသည့်
အကျိတ်နေရာပေါ်မူတည်၍ ကုုသမှုကွာခြားနိုင်သည်။
မူတည်သောအချက်များမှာ-
-အကျိတ်တည်ရှိနေသောနေရာ
-အကျိတ်ရောက်ရှိနေသည့်
အဆင့်
-ထိုသူ၏ ကျန်းမာရေးအခံပေါ်တွင်
မူတည်သည်။
ကုသနည်းများမှာ
-
အကျိတ်ကို
ခွဲစိတ်ထုတ်ခြင်း( surgery )
-
ခွဲစိတ်ရုံသာမက
ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း( Radiotherapy)
-
အလုံးအကျိတ်အား
သွေးထောက်ပံ့မှုပြတ်တောက်ရန်ပြုလုပ်ခြင်း( Embolisation)
-
ဆေးသွင်းကုသခြင်း
( Chemotherapy )
Dr.hp
Ref; NHSchoices , Mayo clinica
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။