ဘာကြောင့် ခေါင်းကိုက်ရ သလဲ
25-Feb-2017
ခေါင်း မကြာခဏ ကိုက်တတ်ပါက အောက်ပါတို့ကြောင့် ဆိုတာ ဆန်းစစ်ပါ။ အချက် တစ်ခုခုကြောင့် ဆိုရင် ထိုအချက်ကို သင်ကိုယ်တိုင် ဖြေရှင်းနိုင်ပါလိမ့်မယ်။
(၁) ပင်ကိုယ်စရိုက် သဘောထား တင်းမာသူလား၊ အစွဲအလမ်း ကြီးသူလား (စိတ်ကို ပြင်နိုင်က ပြင်ပါ)။
(၂) အမျိုးသားများတွင် အပြေးသမားများနှင့် ဝိတ်မသူများ၊ အပြင်းအထန် လေ့ကျင့် ပါက ခေါင်းကိုက်တတ်ပါသည်။
(၃) လိင် ဆက်ဆံမှု တက်ကြွသော အမျိုးသားများတွင် ရုတ်တရက် ခေါင်းကိုက်တတ်ခြင်း။
(၄) စနေ၊ တင်္ဂနွေလို အားလပ်ရက်များမှာ ပုံမှန် အလုပ်လုပ်နေကျမှ အနားယူလိုက်သည့် အတွက် ခေါင်းတစ်ခြမ်းကိုက် ဝေဒနာ ခံစားလာခြင်း။
(၅) အခန်းတွင်း သုတ်ဆေးရနံ့ ပြင်းထန်ကာ မခံနိုင်လို့ ခေါင်းကိုက်ခြင်း။
(၆) ရေဓာတ်ခန်းခြင်း။
(၇) ကော်ဖီ၊ လက်ဖက်ရည်၊ ကိုကာကိုလာတွေ အများကြီးသောက်မိခြင်း။
(၈) မလှုပ်မရှား ငြိမ်ငြိမ်လေး နေတဲ့ ဓလေ့ရှိခြင်း။
(၉) အိပ်ရေးပျက်ခြင်း။
(၁၀) ဝိုင်နီ၊ ဘီယာ၊ အချိုမှုန့်၊ ဟင်းခတ်မှုန့်၊ ချောကလက်၊ ချိစ်၊ တာရှည်ခံအစားအစာများ၊ အငန်ကဲသော အစားအစာများ အလွန်အကြူး စားခြင်း။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
မေ
Health Digest Journal
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

