မိုးရာသီ အတွက် သတိထားစရာ အချက်များ
25-Feb-2017မိုးဦးရောက်ပြီဆိုတာနဲ့ လူတွေအတွက် သတိထားစရာတွေကရှိလာပါပြီ။ ရာသီသုံးပါးထဲမှာ မိုးရာသီဟာ စိုစွတ်တဲ့ရာသီတစ်မျိုးဖြစ်တာကြောင့် သီးနှံတို့ဖြစ်ထွန်းရာ လရာသီဖြစ်ပေမယ့် သဘာဝဘေးအန္တာရာယ်နဲ့ပတ်သက်ပြီး သတိထားရတဲ့ ရာသီဖြစ် ပါတယ်။မိုးရာသီကာလမှာ လူတွေအတွက် မိမိတို့ရဲ့ မိသားစုတွေ ဘေးအန္တာရာယ် ကင်းရှင်းကြစေဖို့ သတိထားစရာအချက်တစ်ချို့ကိုဖော်ပြပေးလိုက်ပါတယ်။
၁။ မိုးရေထဲမှာ သတိထားပြီး ကားမောင်းခြင်း
မိုးရာသီမှာ ရေလွှမ်းမိုးမှုများတာကြောင့် မိုးရေထဲ သတိထားပြီး ကားမောင်းခြင်းဟာ မိမိရဲ့လုံခြုံရေးကို ကြိုတင်ကာကွယ်ရာရောက်ပါတယ်။ကားလမ်းမတွေမှာ မိုးရေတွေနဲ့ ကားဘီးတွေအလွယ်တကူချော်စေတာကြောင့် ပုံမှန် အရှိန်နှုန်းထက် မပိုစေဘဲ ဖြည်းဖြည်း မှန်မှန်မောင်းနှင်ခြင်းက အကောင်းဆုံးဘဲဖြစ်ပါတယ်။အသက်ကို ဉာဏ်စောင့်ဆိုသလို သတိထားပြီး မောင်းနှင်သွားလာခြင်းက မိမိအတွက်သာမက မိသားစုတစ်ခုလုံး အတွက် ပါ စောင့်ရှောက်ရာရောက်စေပါတယ်။ဒီလို သတိထားမောင်းနှင်သွားလာခြင်းဖြင့် ကားအင်ဂျင်စက်တွေကို ရေဝင်တာတွေကိုရှောင်ကြဉ်နိုင်မှာဖြစ်ပါတယ်။ အရှိန်နှုန်း ကို ဖြည်းဖြည်းမှန်မှန်မောင်းနှင်ခြင်း ၊ ကားမီးကိုဖွင့်ထားခြင်း၊ ကားမောင်းစဉ် စတီယာ လက်ကိုင်ကို လက်နှစ်ဘက်နဲ့မောင်းနှင်ခြင်း ဖြင့် မိမိကားရှေ့အကွာအဝေးတွေကို ရှင်းလင်းစွာမြင်နိုင်စေပါတယ်။
၂။ ရောဂါဘာယတွေမဖြစ်ပွားရအောင် ကာကွယ်ခြင်း
မိုးရာသီကာလ ဟာ အထူးသဖြင့် စွတ်စိုထိုင်းမှိုင်းမှုတွေများတာကြောင့် ကိုယ်ခံ အားနည်းတဲ့ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေအတွက် ကျန်းမာရေးကို ဂရုစိုက် ဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကလေးတွေကို ဗီတာမင် C နဲ့ ဗီတာမင် E တွေပေါကြွယ်ဝ တဲ့ အစားအစာတွေ ၊အားဆေးတွေကိုတိုက်ကျွေးဖို့လိုအပ်ပါတယ်။ဗီတာမင်C တွေဟာ နာမကျန်းဖြစ်မှုတွေကိုကာကွယ်ပေးသလို အအေးမိဖျားနာခြင်းတို့ကိုကာကွယ်တိုက်ဖျက် ရာမှာ လိုအပ်တဲ့ ကိုယ်ခံအားစနစ်ကိုပေးစွမ်းပါတယ်။ ဗီတာမင် E ဟာ အအေးမိ ဖျားနာခြင်းကြောင့် ကိုက်ခဲနာကျင်ခြင်းတို့ကို ကာကွယ်ပေးပါတယ်။
ပြီးတော့ ဒီလို မိုးရာသီမှာ ကလေးတွေကိုကျွေးတဲ့အစားအစာနဲ့ပတ်သက်ပြီး ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။အထူးသဖြင့် လမ်းဘေး အစားအစာတွေကို မစားမိအောင် ဂရုစိုက်ပေးခြင်း၊ အမှည့်လွန်အသီးတွေကို မစားမိအောင် သတိထားခြင်းဖြင့် မိုးရာသီမှာ အဖြစ်လွယ်ကူစေတဲ့ ဝမ်းပျက်ဝမ်းလျောရောဂါတွေကို ကင်းဝေးစေနိုင်ပါတယ်။ မိုးရေထဲ အချိန်ကြာမြင့်စွာ မိုးရေချိုးခြင်းကို ရှောင်ကြဉ်ခြင်း ၊ မိုးမိပြီးပြန်လာရင် မိုးရေတွေ ကို ခြောက်သွေ့အောင် သုတ်ပေးခြင်းဖြင့် မိိုးရာသီမှာ အဖြစ်များတဲ့ နှာစေး ၊ တုပ်ကွေးမိခြင်းတို့ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။
မိုးရာသီမှာ ကလေးငယ်တွေကို အစားစားခြင်းနဲ့ပတ်သက်ပြီး တကိုယ်ရည် သန့်ရှင်းရေးကိုလည်းပိုပြီးဂရုစိုက်ပေးသင့်ပါတယ်။ အစားမစားမှီ ကလေးတို့ရဲ့လက်တွေ ကို ပုံမှန်ထက်ပိုပြီး အလေးထားဂရုစိုက်ပေးသင့်ပါတယ်။အခုလိုမိုးရာသီမှာ ကလေး တို့ဟာ မိုးရေထဲမှာ မြူတူးကစားရတာကို နှစ်သက်ကြတာကြောင့် မိုးရေထဲမြေပြင်ပေါ် မှာ ပေါက်ပွားနေတဲ့ ဘက်တီးရီးယားတွေနဲ့ ပိုလို့ထိတွေ့စေနိုင်ပါတယ်။ဒါကြောင့် ကလေးတို့ အစားမစားမှီ လက်ကို စင်ကြယ်အောင် ဂရုတစ်စိုက်ဆေးပေးခြင်းဖြင့် ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားခြင်းတို့ ကင်းဝေးစေနိုင်မှာဖြစ်ပါတယ်။
၃။ သဘာဝဘေးအန္တာရာယ်နဲ့ပတ်သက်ပြီးသတိထားခြင်း
မိုးရာသီမှာ သဘာဝဘေးအန္တာရာယ်နဲ့ပတ်သက်ပြီး လူတွေအနေနဲ့ သတိထားနိုင် ဖို့လည်းလိုအပ်ပါတယ်။မိုးရာသီမှာ မိုးကြီးမှုနဲ့အတူ လေလည်းကြီးနိုင်သလို ဖြစ်ပေါ် လာတဲ့အနေအထားကိုမူတည်ပြီး အန္တာရာယ်ကြုံတွေ့နိုင်တာတွေရှိပါတယ်။ဒါကြောင့် မိုးရာသီရောက်လာပြီဆိုတာနဲ့ မိုးရာသီရဲ့ သဘာဝဘေးအန္တာရာယ်နဲ့ပတ်သက်ပြီး မိမိတို့ရဲ့မိသားစုဝင်တွေကို ပညာပေးပြောပြပေးထားခြင်းဟာ အကောင်းဆုံးဘဲဖြစ် ပါတယ်။ အဓိကအားဖြင့် မိုးရာသီမှာ မိုးထဲလေထဲကို အရမ်းလျောက် မသွားဖို့ ကလေးတွေကို သတိပေးထားဖို့လည်းလိုပါတယ်။ စိုစွတ်တဲ့အခုလိုမိုးရာသီမှာ အဆိပ်ပြင်းတဲ့ပိုးမွှားတိရိစ္ဆာန်တွေလည်း အပြင်ထွက်လွယ်တဲ့အတွက် သတိထားပြီး သွားလာတတ်ဖို့လိုပါတယ်။အဆိပ်ပြင်းတဲ့မြွေအန္တာရာယ်၊ လျှပ်စစ်အန္တာရာယ်၊ မိုးကြိုးအန္တာရာယ်တွေက လူတွေအတွက် မိုးရာသီမှာ သတိထားစရာတွေဘဲဖြစ်ပါတယ်။
ဒါကြောင့် အခုလိုမိုးရာသီမှာ မိုးလေဝသသတင်းတွေကိုလည်း အမြဲမပြတ် နားထောင်ဖို့လိုပါတယ်။သဘာဝဘေးအန္တရာယ်ကျရောက်လာတော့မယ်ဆိုရင်လည်းသက်ဆိုင်ရာအာဏာပိုင်တို့ရဲ့လမ်းညွန်ချက်တွေကို အသေအချာလိုက်နာတတ်ဖို့လိုပါတယ်။ မိုးသက်လေပြင်းကျရောက်နေချိန်၊ လျှပ်စီးလက်ပြီး မိုးကြိုးပြင်းထန်စွာ ပစ်နေတဲ့ အချိန်တွေ မှာ မိမိတို့အိမ်ရှိလျှပ်စစ်ပစ္စည်း ဟူသမျကို ခလုတ်ပိတ်ထားဖို့ မမေ့သင့်ပါ။ လေပြင်း တိုက်ခတ်နေချိန်မှာ ပြတင်းတံခါးဖွင့်ပြီး အပြင်ကြည့်တာတွေကို အထူးရှောင်ရှားသင့် ပါတယ်။ဒါတွေဟာ မိုးရာသီမှာ ကျရောက်လာနိုင်တဲ့ သဘာဝဘေး အန္တာရာယ်တွေ နဲ့ပတ်သက်ပြီးလူတွေအနေနဲ့ သတိထားသင့်စရာအချက်လေးတွေဖြစ်တာကြောင့် မိသားစုအတွက် သတိမူနိုင်ကြစေဖို့ရည်ရွယ်ဖော်ပြလိုက်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
By Yangon Life