ရင်ဘတ်အောင့်ခြင်းနှင့်သင်၏အကျန်းမာရေး
08-Dec-2018ရင်ဘတ်အောင့်တာဟာ အခြေအနေမရွေး၊ အချိန်အခါမရွေးဖြစ်နိုင်ပြီး
တခါတရံ အပြင်ကနံရိုး၊ အရွတ်၊ ကြွက်သားတို့ကြောင့် ရင်ဘတ်အောင့်သည်ဟု ခံစားရခြင်းမဟုတ်ဘဲ နှလုံးကြွက်သားပုတ်ခြင်း၊ နှလုံးအမြှေးပါးရောင်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊အဆုတ်အမြှေးပါးရောင်ခြင်း၊
အဆုတ်ရောင်ခြင်း၊ အဆုတ်မှာပြည်တည်ခြင်း တို့ကြောင့်လည်း ဖြစ်နိုင်တာကြောင့် ရင်ဘတ်အောင့်လျှင် ပေါ့ပေါ့လျော့လျော့
မနေသင့်ပေ။ တစ်ဖက်က ရင်ဘတ်အောင့်ရခြင်းအကြောင်းရင်းများကို ကုသမှုကိုခံယူသင့်သလို မိမိ၏
နေထိုင်စားသောက်မှုပုံစံကိုလည်း ကျန်းမာရေးနှင့်ညီညွတ်အောင်နေခြင်းဖြင့်နောက်ထပ်မဖြစ်အောင် ကာကွယ်သင့်ပါတယ်။
အနားယူခြင်း
သင့်ခန္ဓာကိုယ်ဟာ နေ့စဉ်လုံလောက်တဲ့ နားချိန်၊ အိပ်ချိန်
ရှိမယ်ဆိုတာကို မမေ့ပါနဲ့။ ကိုယ်ခန္ဓာအနား မရခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုများ
ဖြစ်လာနိုင်ပါတယ်။ ရေများများသောက်ပါ ရေများများသောက်တာဟာ ရင်ဘတ်အောင့်တာကိုသာမကအခြားဝေဒနာများကိုပါ မဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ ဦးနှောက်ကို
အာရုံစူးစိုက်မှု ပိုကောင်းစေပြီး စိတ်ဖိစီးမှုကို လျော့ချစေပါတယ်။ ဒါကြောင့် ရေနွေးကြမ်း
(သို့) ရေကျက်အေးကို သတိရတိုင်း သောက်ပေးပါ။
ကျန်းမာရေးနှင့်ညီညွတ်သော အာဟာရမှီဝဲရန်
နေ့စဉ်မျှတသော အစာအုပ်စု (၃) ခုတွင် သင်၏ကိုယ်ခံအား ကောင်းစေသော၊ရောဂါပိုးမဝင်အောင် တွန်းလှန်နိုင်သော အသီးအရွက်များကို
များများစားသင့်ပါတယ်။
ဆေးလိပ်သောက်ခြင်းကိုရှောင်ပါ
ဆေးလိပ်သောက်ခြင်းဟာ ကင်ဆာအမျိုးမျိုးနှင့် ရောဂါအမျိုးမျိုးကို
ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ် သောက်ခြင်းကြောင့် နှလုံးသွေးကြောကျဉ်း
ရောဂါဖြစ်နိုင်ပြီး ရင်ဘတ်အောင့်နိုင်ပါတယ်။ဒီထက်ပိုဆိုးလျှင် နှလုံးကြွက်သားများ သွေးမရ၍
နှလုံးကြွက်သားပုပ်ပြီး နှလုံးအမောဖောက်၍ အသက်အန္တရာယ် စိုးရိမ်ရနိုင် ပါတယ်။ ဒါကြောင့်
ဆေးလိပ်ဖြတ်ဖို့ လိုအပ်ပါတယ်။
Dr.Myat Noe Oo
Latest tricks source
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။