ဆံပင်ဆေးဆိုးခြင်းအကြောင်း သိကောင်းစရာ
11-Dec-2018- အမျိုးသမီးလေးဦးမှာ သုံးဦးဆံပင် ဆေးဆိုးကြပါတယ်။
ဆံပင်ဖြူကိုဖုံး ကွယ်ဖို့ဖြစ်စေ၊ ဖက်ရှင်အလှဆင်ဖို့ ဖြစ်စေ ဆေးဆိုးကြသလို အချို့က တော့
အပြောင်းအလဲလုပ်ချင်လို့ဆေးဆိုးကြပါတယ်။ ဆံပင်အရောင်ချွတ်လိုက်တဲ့အခါ အဖြူရောင်
(သို့) နို့နှစ်ရောင် ကျန်ခဲ့ ပေမယ့် ဆံပင်မကျွတ်စေနိုင်ပါဘူး။- ဆံပင်တစ်ခါတစ်ခါဆေးဆိုးချိန်
ကြားမှာအနည်းဆုံး တစ်လခန့် ြခား သင့်ပါတယ်။ မကြာခဏဆေးဆိုးနေ
မယ်ဆိုလျှင် ဆံပင်နှစ်ခွဖြစ်ခြင်း၊ ခြောက်သွေ့ခြင်းတို့ဖြစ်စေပါတယ်။ ဆံပင်အရောင်နှင့်လိုက်ဖက်အောင် မျက်ခုံးမွေး အရောင်မဆိုးသင့်ပါ။ ဆံပင်ဆိုးဆေးကိုမျက်ခုံးမွေးမှာ
သုံးတဲ့အခါ အရေပြားဓါတ်မတည့်မှု ဆိုးဆိုးရွားရွားဖြစ်စေပါတယ်။ မျက်ခုံး မွေးဆွဲခဲတံ၊
ပေါင်ဒါ၊ ဂျယ်လီတို့ကိုသာ အသုံးပြု၍မျက်ခုံးမွေးအလှဆင်ပါ။
-ဆံပင်ဆိုးဆေးတစ်ခုခုမိမိနှင့်တည့်မတည့်သိလိုလျှင် အနံ့ခံကြည့်ပါ။နှာချေလာတာ၊ ချောင်းဆိုးလာတာရှိ လျှင် မတည့်ပါ။ ဆံပင်ဆိုးဆေးတစ်
စက်ခန့် လက်မောင်းမှာဖြစ်စေ၊ နား ရွက်အနောက်မှာဖြစ်စေ တို့ထိကြည့် ပြီး နှစ်ရက်အတွင်း
အဖုအပိမ့်တွေ ပေါက်လာလျှင်မတည့်ပါ။
- မိမိလိုချင်တဲ့ အရောင်ရဖို့ ဆံ ပင်ဆိုးဆေးနှစ်ခုကို
မစပ်ပါနှင့်။- lead acetate ဓါတုပစ္စည်းဟာ ဆံပင်အနက်ဆိုးဆေးတို့မှာ အတွေ့ ရများပါတယ်။ ၎င်းပါဝင်တဲ့ဆိုးဆေးတွေကို ဥရောပနှင့် ကနေဒါတို့မှာ ပိတ်ပင်ထားပေမယ့် ကျန်နိုင်ငံတွေ
မှာ သုံးနေကြဆဲဖြစ်ပါတယ်။
- ဆံပင်ဆေးဆိုးတဲ့အခါ ဓါတုပစ္စည်း အနည်းငယ်ဦးရေပြားကတစ်ဆင့်
ဝင်ရောက်တတ်ပေမယ့် သန္ဓေသားကို ထိခိုက်မှုမရှိပါဘူး။
Source : WebMD
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။