Print

ခြေဖနောင့်ကွဲခြင်းအတွက် ငှက်ပျောသီး

  31-Dec-2018
Preview Image


ငှက်ပျောသီးက အစိုဓာတ်ကိုထိန်းပေးလို့ ခြေဖနောင့်ကွဲအက်တာကို ဖယ်ရှားနိုင်ပါတယ်။ ငှက်ပျောသီးမှည့် နှစ်လုံးကို ခြေပြီးသန့်စင်ထားတဲ့ ခြေဖဝါးနဲ ခြေဖနောင့်ပေါ် လိမ်းပေးပါ။ ၁၀ မိနစ်ထားပြီးမှ ရေနဲ့သန့် စင်ဆေးကြောပါ။

ကြေးချွတ်အာနိသင်ရှိတယ်
ငှက်ပျောသီးမှာ အင်တီအောက်ဆီးဒင့်တွေ များစွာပါဝင်လို့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ဆဲလ်အသစ်ဖြစ်ပေါ်မှုကိုလည်း အားပေးပါတယ်။

နည်းလမ်း(၁) ။ ။ ငှက်ပျောသီးမှည့်ကို သကြားထမင်းစားဇွန်း တစ်ဇွန်းနှင့်ရောပြီး မျက်နှာပြင်အနှံ့ စက်ဝိုင်းပုံစံ ပွတ်လိမ်းပေးပါ။ ငှက်ပျောသီးက ခြောက်သွေ့နေတဲ့ အရေပြားကို စိုပြေစေပြီး ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးပါတယ်။

နည်းလမ်း(၂)။ ။ ငှက်ပျောသီးမှည့်ကို အုတ်ဂျုံ ထမင်းစားဇွန်း ၂-၃ ဇွန်း၊ ပျားရည် ထမင်းစားဇွန်း တစ်ဇွန်း၊ နို့ ထမင်းစားဇွန်း တစ်ဇွန်းတို့နှင့်ရောပြီး မျက်နှာပြင်အနှံ့ ပွတ်လိမ်းပေးပါ။ ၅ မိနစ်ထားပြီးမှာ ရေအေးနဲ့ သန့်စင် ဆေးကြောပါ။

နည်းလမ်း(၃)။ ။ ငှက်ပျောသီးမှည့် တစ်ဝက်ကို အုန်းနို့ထမင်းစားဇွန်း တစ်ဇွန်း၊ ဆန်ထမင်းစားဇွန်း နှစ်ဇွန်း၊ တို့နဲ့ရောပြီး စက်ထဲထည့်မွှေပါ။ ရလာတဲ့ ခပ်ပျစ်ပျစ်အရည်ကို မျက်နှာပေါ် ညင်သာစွာ ပွတ်လိမ်းပါ။ ၁၅ မိနစ် ထားပြီးမှ ရေနဲ့သန့်စင်ပေးပါ။

နည်းလမ်း(၄)။ ။ ငှက်ပျောသီးမှည့်နှစ်လုံးနှင့် စတော်ဘယ်ရီသီး ၄-၅ လုံးကို စက်ထဲထည့်မွှေပြီး သကြားလက်ဖက်စားဇွန်း ၃ ဇွန်းနဲ့ ရောကာ ခန္ဓာကိုယ်အနှံ့ပွတ်လိမ်းပေးပါ။ ပြီးမှရေချိုးပါ။

Ref:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18