မိခင်များအတွက် မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်း၏ အကျိုးကျေးဇူးမျာ...
10-Jan-2019မိခင်၏ကျန်းမာရေးကို ကာကွယ်ပေးပါသည်။
• မွေးပြီးပြီးချင်း ကလေးသည် မိခင်နို့စိုခြင်းဖြင့် မိခင်အတွက်
မွေးပြီးစသွေးသွန်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။
• မိခင်နို့ထွက်စေရန် ဆောင်ရွက်သော ဟော်မုန်းကြောင့် မိခင်သားအိမ်
ပုံမှန်အနေအထားသို့ ပြန်လည်ကျုံဝင်မှုကို ကူညီပါသည်။ မွေးဖွားပြီးသွေးလွန်မှုကို နည်းပါးစေပြီး
သွေးအားနည်းရောဂါကို တားဆီးနိုင်ပါသည်။
• မိခင်နို့တိုက်ကျွေးခြင်းသည် မိခင်တွင် မမျိုးဥကင်ဆာဖြစ်ခြင်း၊
ရင်ကင်ဆာဖြစ်ခြင်းတို့ကို လျော့နည်းကျဆင်းစေနိုင်ပါသည်။
ကလေးငယ် ပထမ ၆ လအတွင်း မိခင်နို့တစ်မျိုးတည်းကိုသာ ကလေးဆာတိုင်း
တိုက်ကျွေးခြင်းသည် မိခင်ရာသီသွေးပေါ်ခြင်းကို နှောင့်နှေးစေပါသည်။ နောက်တစ်ကြိမ်ကိုယ်ဝန်ဆောင်ခြင်းကိုလည်း
နှောင့်နှေးကြန့်ကြာစေနိုင်ပါသည်။ နေ့ညအချိန်မရွေး
အသင့်ရရှိနိုင်သဖြင့် ညအချိန်ကလေးနို့ဆာလျှင် ပင်ပန်းစွာထ၍ဖျော်စရာမလိုပါ။
ထို့ကြောင့် အချိန်ကုန် ငွေကုန် သက်သာပါသည်။
Ref:
အမာခံအဖွဲ့ဝင်များ လက်စွဲစာအုပ်
(ရပ်ရွာအဆင့်)
သင်သိလိုသမျှ
ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887
သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့်
တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။