Thalassaemia (သာလာစီးမီးရားရောဂါ)
27-Jan-2019လက္ခဏာများ
-
ပင်ပန်းနွမ်းနယ်ခြင်း
-
အားနည်းခြင်း
-
ဖြူဖျော့ဖျော့ဖြစ်ခြင်း
-
မျက်နှာသွင်ပြင် လက္ခဏာ ပြောင်းလဲခြင်း
-
ကြီးထွားမှု နှေးကွေးခြင်း
-
ဆီးအရောင် ရင့်ခြင်း
အထက်ပါ
လက္ခဏာများကို အချို့ကလေးများတွင် အသက် ၂ နှစ်မှစ၍ ခံစားရနိုင်ပြီး အချို့သူများတွင်
ကြီးသည်အထိ လက္ခဏာမပေါ်ဘဲလည်း ရှိနေနိုင်သည်။ ဖြစ်သည့် သာလာစီးမီးရားရောဂါ အမျိုးအစား(အဆင့်)ပေါ်
မူတည်ပါသည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
ဟေမိုဂလိုဘင်
ဖြစ်မည့် မျိုးရိုးဗီဇ ချို့တဲ့ခြင်း၊ လုံလောက်စွာ မဖြစ်ပေါ်ခြင်းတို့ကြောင့် အဓိက ဖြစ်ပွားရသည်။
ဖြစ်နိုင်ချေများသူများ
မိဘမျိုးရိုးထဲတွင်
ထိုရောဂါရှိပါက ဖြစ်နိုင်ပါသည်။
နောက်ဆက်တွဲပြဿနာများ
-
ခန္ဓာကိုယ်တွင်း သံဓာတ်များခြင်း
-
ရောဂါပိုး ဝင်ရောက်နိုင်ခြင်း
-
အရိုးဖြစ်ပေါ်မှုပုံစံ ပြောင်းလဲခြင်း
-
Splenomegaly (ဘေလုံးကြီးခြင်း)
-
ကြီးထွားမှု နှေးကွေးခြင်း
-
နှလုံးရောဂါ ဖြစ်ခြင်း
စစ်ဆေးမှုများ
-
ကလေးမမွေးခင် ကြိုတင်၍ ရောဂါရှိမရှိ စစ်ဆေးခြင်း
-
သွေးစစ်ခြင်း
-
Electrophoresis - မိမိခန္ဓာကိုယ်ထဲတွင်ရှိသော ဟေမိုဂလိုဘင် အမျိုးအစား စစ်ဆေးခြင်း
-
ဆီးစစ်ခြင်း
-
ဓာတ်မှန်ရိုက်ခြင်း
ကုသခြင်း
Mild
thalassaemia - မဆိုးရွားသော သာလာစီးမီးရားသာ ဖြစ်ပါက ကုသမှု ထွေထွေထူးထူး မလိုအပ်ပါ။
ခွဲစိတ်ပြီးလျှင်
( သို့ ) ကလေး မွေးဖွားသောအခါတွင်မှသာ သွေးသွင်းမှု လိုအပ်နိုင်သည်။
Moderate
and severe - ဆိုးရွားသောအဆင့်တွင်
-
သွေးသွင်းခြင်း
-
လိုအပ်ပါက ဘေလုံး ခွဲစိတ်ထုတ်ခြင်း
-
လိုအပ်သော ကာကွယ်ဆေးများ ထိုးခြင်း
-
သံဓာတ် လျော့ချပေးမည့် ဆေးများသောက်ခြင်း၊ ထိုးခြင်း
-
ရောဂါ အပြီးသတ် ပျောက်ကင်းရန် stem cell transplant မွေးရာပါဗီဇဆဲလ် လဲလှယ်ခြင်း
လူနေမှုဘဝ နေထိုင်ပုံနှင့် အိမ်တွင်းကုထုံးများ
-
သံဓာတ် ပိုလျှံစွာ စားသောက်မှုမှ ရှောင်ရှားပါ။
-
အာဟာရ ပြည့်ဝစုံလင်အောင် စားပါ။
-
ရောဂါပိုး အလွယ်တက ူမဝင်အောင် ကာကွယ်ပါ။
ကာကွယ်ခြင်း
မိမိတွင်
Thalassaemia gene ဗီဇ ပါလာပါက ရှောင်လွဲလို့ မရပါ။ ကလေးယူမည ဆိုပါကလည်း ဆရာဝန်နှင့်
တိုင်ပင်ပြီး ဂရုတစိုက် ယူသင့်ပါတယ်။
Dr.hp
Ref:
Mayo clinic
Checked
by PTA