စိတ်ဝေဒနာများနှင့်ဆေးစွဲမှု
29-Jan-2019ဆေးစွဲသူများအတွက် အလုပ်လုပ်နေကြသူများကို ဆေးစွဲခြင်းကြောင့်ဖြစ်သည့် စိတ်ရောဂါလက္ခဏာများကို လေ့ကျင့်ပေးထားရသည်၊။
စိတ်ဝေဒနာရှင်များအတွက် အကူအညီပေးနေသူများသည်လည်း စိတ္တဇရောဂါ၏ လက္ခဏာများကို သိထားရသည်။ တစ်ခါတစ်ရံတွင် စိတ်ရောဂါနှင့် ဆေးစွဲသည့် လက္ခဏာများကို မှားယွင်းဆုံးဖြတ် သူများရှိသည်။ သို့မဟုတ် အဆိုပါပြဿနာများ တစ်ပြိုင်နက်ဖြစ်ပေါ် သည့်အခါများလည်းရှိသည်။ ဤကဲ့သို့ဖြစ်ပေါ်လာသည့်အခါ တစ်ပြိုင်နက်ဝေဒနာများ ဟုခေါ်သည်။
ဆေးစွဲသည့်လက္ခဏာများသည် စိတ်ဝေဒနာလက္ခဏာများနှင့် သဏ္ဍာန်တူသည်။
စိတ်ကျန်းမာရေး ဖတ်စာအုပ်အသစ် တစ်ခုတွင်အောက်ပါအ တိုင်းတင်ပြလာသည်။
- ၂၉ ရာခိုင်နှုန်းသော စိတ်ဝေဒနာရှင်များသည် စိတ်ကိုပြောင်းလဲစေသည့်
ဆေးဝါးများကို အသုံးပြုကြသည်။
- ၄၇ ရာခိုင်နှုန်းသော စကီဇိုဖရမ်းနီးရာ စိတ်ဝေဒနာရှင်များတွင်
စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများကို အသးုံပြုသည့်
ပြဿနာရှိသည်။
- ၂၅ ရာခိုင်နှုန်းသော စိတ်သောကလွန် ဝေဒနာရှင်များတွင်
စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများကို အသးုံပြုသည့်
ပြဿနာရှင်သည်။
- ၄၇ ရာခိုင်နှုန်းသော စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများကို
အသးုံပြုသူများသည် စိတ်ကျန်းမာရေး ပြဿနာရှိသည်။
- စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများကို အသုံးပြုသည့်သူများအနက်
၇၂ ရာခိုင်နှုန်းသည် စိတ်ဝေဒနာ သို့မဟုတ် အရက်အလွန်အကျွံ
သောက်သုံးသည့်ပြဿနာရှိသည်။ စိတ်ဝေဒနာနှင့် စိတ်ကိုပြောင်းလဲစေသည့်
ဆေးဝါးများကိုအသုံးပြုသည့် ပြဿနာတို့ကို နေ့စဉ်တွေ့ကြုံရသည့်
လုပ်ငန်းများထဲတွင် ထည့်သွင်းစဉ်းစားသင့်သည်။
Ref:
WEAVE
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။