သင့်ရဲ့ ကျန်းမာရေးအတွက် ဒိန်ချဉ်သောက်ပါ
24-Feb-2019
Lactobacillus Acidophilus လိုမျိုး သက်ရှိ ပိုးမွှားတွေဟာ
ခန္ဓာကိုယ် အတွက် အကျိုးပြု ဘက်တီးရီးယား တွေဖြစ်ပြီး အစာခြေ စနစ်ကို ကောင်းမွန်စေတဲ့
အပြင် ခန္ဓာကိုယ် ကျန်းမာရေး အတွက်ပါ ကောင်းမွန်ပါတယ်။ Probiotic ခေါ်တဲ့ ခန္ဓာကိုယ် အကျိုးပြု
ဘက်တီးရီးယားတွေ ပါဝင်တဲ့ ဒိန်ချဉ် Cheese ကိုစားပြီး မီဆို ဟင်းချို
သောက်ခြင်းဖြင့် အောက်ပါ အကျိုး ကျေးဇူးတွေ ရရှိ နိုင်ပါတယ်။
ကိုလက်စထရော အဆင့်လျှော့ချနိုင်ခြင်း
ပဲပရိုတင်းနဲ့အတူ Probiotics တွေ စားပေးတာဟာ သင့်ရဲ့မကောင်းတဲ့
ကိုလက်စထရော LDL အဆင့်ကို လျှော့ချ နိုင်ပါတယ်။ Wollongong တက္ကသိုလ်မှ သုတေသီတွေရဲ့
လေ့လာမှုအရ ပဲနို့ ဒိန်ချဉ်သောက် ကိုလက် စထရော အဆင့် အနည်းငယ် မြင့်မားနေတဲ့ အမျိုးသားနဲ့
အမျိုးသမီး တွေမှာ မကောင်းတဲ့ ကိုလက် စထရောအဆင့် သိသိသာသာ လျှော့ချနိုင်ပြီး သွေးကြောတွေ
ကျန်းမာရေး
ကောင်းစေတယ်လို့ သိရပါတယ်။
ဝမ်းဗိုက်အဆီကျခြင်း
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ သူတို့ရဲ့ကိုယ်ဝန် အစောပိုင်း
ကာလ (ပထမသုံး လပတ်) အတွင်း Probiotics တွေ စသောက် ထားပါက ကလေး မွေးပြီး တစ်နှစ် အကြာမှာ
ဝမ်းဗိုက်မှာ အဆီတွေ စုနိုင်ခြေ နည်းတယ်လို့ Finlandမှ လေ့လာမှု
အရ သိရပါတယ်။ Probiotics အားဖြည့် ဆေးတွေဟာ အစာမှ ရရှိတဲ့
ကယ်လိုရီကို စုပ်ယူမှု နည်းတာကြောင့် အဆီ အနေနဲ့ စုမဝေး နိုင်ဘူးလို့ ကျွမ်းကျင်သူ တွေက
ဆိုပါတယ်။ ဒီအကျိုး ကျေးဇူးကို ရရှိဖို့ ကိုယ်ဝန် ဆောင်ဖို့ မလိုအပ်ပါဘူး။ သာမာန်လူ
တွေလည်း ရရှိ နိုင်ပါတယ်။
အစာခြေစနစ် ပိုကောင်းခြင်း
Probiotic အားဖြည့်ဆေး တွေဟာ ဗိုက်ပွတာ၊ လေထိုးတာတွေကို
သက်သာ
နိုင်တယ်လို့ ပြင်သစ်မှ လေ့လာမှု အသစ်တွေအရ သိရပါတယ်။ အချဉ်ဖောက်
ထားတဲ့
နို့ကိုနေ့စဉ် သောက်သူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ နှစ်ပတ်
အကြာမှပိုပြီးအစာခြေနိုင်ကာ
လေပွတာနဲ့ ဗိုက်ပွတာ သက်သာ နိုင်ကြောင်း လေ့လာ မှုတွေအရ
သိရ ပါတယ်။
ဓာတ်မတည့်မှု လျော့နည်းနိုင်ခြင်း
နေ့စဉ် Probiotic သောက်ထားတဲ့ ရာသီဥတုကိုလိုက်ပြီး ဓာတ်မတည့်မှု
ရှိသူ တွေမှာ hay fever လက္ခဏာ ရစေတဲ့ Antibodies Immunoglobulin E (Ig E) အဆင့် နည်းသွားကာ၊
ဓာတ်မ တည့်မှု တုံ့ပြန်တာကို ကာကွယ်ပေးတဲ့ Immunoglobulin G(Ig G) အဆင့်တွေ မြင့်တက်
လာတာကို British မှ သုတေသန ပြုသူတွေမှ
တွေ့ရှိခဲ့ပါတယ်။အနည်းဆုံးတော့ ၁ ပတ်ကို ၁ ခါ ဒိန်ချဉ်
သောက်ပေးခြင်းဟာ သင့်ရဲ့ ကျန်းမာရေးကို များစွာ အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။
Ref:
မြဝတီ
Thursday, September 25, 2014
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
