Acute Liver Failure
04-Mar-2019ရုတ်တရက်အသည်းလုပ်ငန်းပျက်စီးခြင်းအကျဉ်းချုပ်ရှင်းလင်းချက်
လူတစ်ယောက် နဂိုကျန်းမာနေသော အသည်းသည် ရက်ပိုင်းအတွင်း
(သို့) ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ သူ၏ လုပ်ငန်းဆောင်တာများကောင်းကောင်းမလုပ်ဆောင်နိုင်တော့ခြင်းကို
ရုတ်တရက် အသည်း (လုပ်ငန်း) ပျက်စီးခြင်းဟု ခေါ်သည်။
ရောဂါလက္ခဏာများ
·
အသားရောင်ဝါလာခြင်း၊ မျက်သားများဝါလာတတ်ခြင်း
·
ဝမ်းဗိုက်ဖောင်းလာတတ်ခြင်းနှင့်အတူ
·
ချက်အပေါ်ဗိုက်၏ ညာဘက်အခြမ်းတွင်
နာလာတတ်ခြင်း
·
ပျို့ခြင်း၊ အန်ခြင်း
·
ကိုယ်လက်မအီမသာဖြစ်ခြင်း
·
ထင်ယောင်ထင်မှားဖြစ်ခြင်း
·
အိပ်ငိုက်နေတတ်ခြင်း
အဆိုပါရောဂါဟာ ပုံမှန်ကျန်းမာတဲ့လူတစ်ယောက်မှာ
မြန်မြန်ဆန်ဆန်ဖြစ်ပေါ်လာတတ်ပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာနိုင်သည်အထိ ပြင်းထန်နိုင်ပါသည်။
ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ
သင်ကိုယ်တိုင် (သို့) သင်နဲ့သိသောလူများမှာ
အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ဖြစ်လာခဲ့မယ် (သို့) တွေ့လာခဲ့မယ်ဆိုရင်ဖြင့် ဆရာဝန်နှင့်အမြန်ဆုံး
သွားရောက်ပြသဆွေးနွေးကာ လိုအပ်သော ကုသမှုခံယူသင့်ပါသည်။
ဖြစ်ပွားရသော အကြောင်းရင်း
·
ပါရာစီတမော အလွန်အကျွံသုံးစွဲခြင်း
·
အရက်အလွန်အမင်းသောက်သုံးခြင်း
·
အဆိပ်ရှိသောမှိုများစားသုံးမိခြင်း
·
သွေးအဆိပ်တက်၍ ရှော့ခ်ဝင်ကာ
အသည်းသို့သွေးကောင်းကောင်းမရောက်ခြင်း
စစ်ဆေးမှုများ
ဆရာဝန်များစမ်းသပ်ခြင်းများအပြင်-
·
သွေးစစ်ခြင်း သင့်အသည်းကောင်းကောင်းအလုပ်လုပ်/မလုပ်
သွေးခဲရန်ကြာချိန်ကိုစစ်ခြင်း (Prothrombin time)
·
တီဗီဓာတ်မှန်၊ ကွန်ပျူတာဓာတ်မှန်၊
သံလိုက်ဓာတ်မှန်ရိုက်ခြင်း (USG, CT, MRI)
·
အသည်းအသားစယူကာ စစ်ဆေးခြင်း
(Liver Biopsy)
ကုသမှုများ
ကုသမှုများသည် ဒီရောဂါဖြစ်လာရသည့်အကြောင်းရင်းပေါ်မူတည်၍
·
Medication to reverse
poisoning (အဆိပ်သင့်စေသောအရာ၏ ပြေဆေးပေး၍ကုသခြင်း)
·
အသည်းအစားထိုးကုသခြင်း
Reference: Mayo
Clinic
Credit: Dr.Myat