ကျန်းမာရေးအတွက် ကြက်မောက်သီးရဲ့ အကျိုးပြုပုံများ
06-Mar-2019ယခုရာသီမှာ ပေါပေါများများတွေ့ရတဲ့ အသီးတွေထဲမှာ ကြက်မောက်သီးလည်း
အပါအဝင် ဖြစ်ပါတယ်။ ကိုယ်စားသုံးတဲ့အရာဟာ ကိုယ်အတွက် ဘယ်လိုအာနိသင်ကောင်းတွေ ပေးတယ်ဆိုတာကို
လူတိုင်းသိထားသင့်ပါတယ်။ ဒါမှသာ အစားအစာကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးနိုင်မှာ
ဖြစ်ပါတယ်။ သွေးတိုးရောဂါ ဝေဒနာသည် များအနေနဲ့ တစ်နေ့ကို ကြက်မောက်သီး ၈ လုံးကနေ ၁ဝ လုံးခန်
့စားပေးသင့်ပါတယ်။ အစေ့ထဲတွင် hypoglycemic ဓာတ်ပါရှိခြင်းကြောင့်လည်း သွေးထဲရှိသကြားပမာဏကို
ကျဆင်းစေပါတယ်။ ကြက်မောက်သီးတစ်ခွက်စာ ပမာဏကို စားသုံးသောအခါ၊
တစ်နေ့တာ လိုအပ်သည့် ဖော့စ်ဖရပ်စ် ၄.၃% ကို ရရှိစေသည့်အတွက်၊ ကျောက်ကပ်ကို ကောင်းစွာအလုပ်လုပ်နိုင်အောင် ထောက်ပံ့ပေးပါတယ်။ ကျောက်ကပ်ကိုလည်းသန့်စင်စေပါတယ်။ ကယ်လ်စီယမ်ဓာတ် ပါရှိခြင်းကြောင့်
သွားနှင့်အရိုးများကိုခိုင်ခန့်စေပါတယ်။ ကြက်မောက်သီးကို စားပေးခြင်းဖြင့် အူလမ်းကြောင်းရှိ
ကပ်ပါးကောင်များကို သေစေနိုင်သည့်ပြင်၊ ဝမ်းလျှော၊ ဝမ်းပျက်ခြင်း ဝေဒနာတို့ကိုလည်း သက်သာစေပါတယ်။ ကြက်မောက်သီးအစေ့ကို
သူ့ချည်းဘဲ အစိမ်းလိုက်ဝါးစားနိုင်သလို၊ ကြိတ်ချေပြီး အခြားအစားအစာတိုနဲ့ တွဲဘက်စားပေးခြင်ဖြင့်
ခန္ဓာကိုယ်အဆီများကို ထိထိရောက်ရောက် ချပေးနိုင်ပါတယ်။
ထို့ပြင် အသားအရည်ကို ကျန်းမာစေပြီး အထူးသဖြင့်
မျက်နှာအသားအရည်ကို နူးညံ့ချောမွေ့စေပါတယ်။ (လူအချို့ကတော့ ကြက်မောက်သီးအစေ့နှင့်
မွေးရာပါ ဓာတ်မတည့်မှုများရှိတတ်သဖြင့် သတိပြု၍ စားသုံးသင့်ပါသည်)။ ကြက်မောက်ပင်အရွက်ကို
ထောင်းထု၍ အနာအုံဆေး အဖြစ်လည်ကောင်း၊ အသားအရေခြောက်သွေ့ခြင်းအတွက် lotion အဖြစ်လည်းကောင်း
အသုံးပြုနိုင်ပါတယ်။ ခေါင်းကိုက်သောအခါတွင် ကြက်မောက်ပင်အရွက်ကို နားထင်ပတ်လည်တွင်
ထောင်းအုံပေးခြင်းဖြင့်လည်း ဝေဒနာများ သက်သာလာစေနိုင်ပါတယ်။
ထို့ပြင် ကြက်မောက်သီးအရွက်ကိုသန့်စင်အောင်ဆေးကြောပြီး၊
ရေအနဲငယ်ထဲ့၍ ကြိတ်ချေပါ။ ထိုအနှစ်ကို အဝတ်သန့်သန့်ဖြင့် ထုပ်ကာညှစ်ပြီး ရလာသည့် အရွက်ရည်ကို
ဦးရေးပြားအနှံ့ မှန်မှန်လိမ်းပေးခြင်းဖြင့် ဆံပင်သားများ သန်စွမ်းနက်မှောင်လာစေပါမည်။
ဆံပင်ဆိုးဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ ကြက်မောက်သီးအခွံကို ခပ်ပါးပါးလှီးပြီး၊
ရေ ၃-ခွက်တစ်ခွက်တင်ကြို၍ အအေးခံကာ တစ်နေ့၂-ကြိမ် သောက်သုံးပေးခြင်းဖြင့် ဝမ်းကိုက်ရောဂါကို ပျောက်ကင်းစေနိုင်ပါတယ်။
ကြက်မောက်သီးအစေ့ ၅-လုံးကိုလှော်၍ ကျိတ်ချေပါ။ ပြီးရင်
ရေအေးအေးတစ်ခွက်ဖြင့် ထိုနည်းအတိုင်း တစ်နေ့၂-ကြိမ် သောက်သုံးပေးပါက၊ ဆီးချိုရောဂါ
ကို သက်သာလာစေနိုင်ပါတယ်။ ကြက်မောက်သီး အခွံခြောက် ၁၅-ဂရမ် ခန့်ကို ရေ ၃-ခွက်စာပမာဏဖြင့်ရော၍
၁၅-မိနစ်လောက် ဆူအောင်တည်ပါ။ အအေးခံပြီးနောက် ထိုပြုတ်ရေကို တစ်နေ့ ၃-ကြိမ် သောက်ပေးခြင်းဖြင့်
ဖျားနာရောဂါများ ယူပစ်သလို ပျောက်ကင်းစေနိုင်ပါတယ်။ ပင်စည်သားကိုပြုတ်၍ မှက္ခရုနာများကို
လိမ်းကျံပေးခြင်းဖြင့် ပျောက်ကင်းသက်သာစေနိုင်ပါတယ်။ ကြက်မောက်ပင်၏ အမြစ်ကိုပြုတ်၍
သန်ချဆေးအဖြစ် သောက်သုံးနိုင်သည့်အပြင် ကြက်မောက်သီး အခွံခြောက်များကို ဖျားနာခြင်း
ဝေဒနာအမျိုးမျိုးတို့ကို ကုသရန်အတွက် အသုံးပြုနိုင်ပါတယ်။
Ref:
Sandar
Source:
Organic Pilinuts
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။