အားဆေးထိုးတာနှင့် အားဆေးသောက်တာ ဘာကွာခြားပါသလဲ
01-Mar-2017
အားဆေးထိုးတာနဲ့ အားဆေးသောက်တာက အမှန်တကယ်တော့ သိပ်မကွာပါဘူး။ အားဆေးထိုးတယ် ဆိုတာက ဂလူးဂို့စ် (Glucose) ပါတယ်။ နောက် B1 , B6 , B12 အစရှိတာတွေ ထိုးကြပါတယ်။ လောလောဆယ်မှာ ဖျားတယ်။ အရမ်းကို အားနည်းနေတယ်။ အစားအသောက်ကိုလည်း ပြန်မစားနိုင်သေးဘူး။ အစရှိတဲ့ အခြေအနေတွေမှာသာ ထိုးပေးပါတယ်။ လူကြီးဖြစ်လို့ တစ်ပတ်တစ်ခါ အားဆေးကို မှန်မှန် ထိုးသင့်တယ်လို့လည်း မရှိပါဘူး။ အစားအသောက်ကို ကောင်းကောင်းစားသုံးနိုင်သေးရင်၊ ကျန်းမာနေရင် မလိုပါဘူး။
လူကြီးတစ်ယောက်က သွားသွားလာလာ စားစားသောက်သောက် ရှိနေရဲ့သားနှင့် အားရှိနေအောင် အားဆေးထိုးဖို့ မလိုပါဘူး။ အားဆေးပုလင်းတွေ ချိတ်တာကိုလည်း လုပ်ဖို့မလိုပါဘူး။ အားဆေးထိုးဆေးက ရေရယ်၊ ဂလူးဂို့စ်ရယ်၊ ဗီတာမင်တွေရယ်ပဲ အဓိကပါတာပါ။ အဲဒါတွေက သောက်ဆေးသောက်တာလည်း အတူတူတွေပါပဲ။
Credit:
ဇွန်ခိုင်ဦး
Arogyam magazine, December 2013, Pg. 64
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

