Print

Carcinoid Syndrome

  17-Mar-2019
Preview Image

Carcinoid syndrome ဆိုသည်မှာ Carcinoid tumour ဟုခေါ်သော ကင်ဆာအလုံးအကျိတ် တစ်မျိုးမှနေ၍ သွေးထဲသို့ဓာတုပစ္စည်းများ ထုတ်လွှတ်ပေးခြင်းကြောင့် ဝမ်းလျှောခြင်း၊ အသားနီရဲလာခြင်း စသည့်အမျိုးစုံသော လက္ခဏာများ ပြလာခြင်းကို ခေါ်သည်။


လက္ခဏာများ

Carcinoid syndrome တွင် အတွေ့ရများသော လက္ခဏာများမှာ 

. မျက်နှာနှင့် ရင်ဘတ်အပေါ်ပိုင်း အရေပြားတွင် နီရဲလာခြင်း

. နှာခေါင်းနှင့် အပေါ်နှုတ်ခမ်းတွင် သွေးကြောမျှင်များ ပေါ်လာခြင်း

. ဝမ်းလျှောခြင်း

. အသက်ရှူရ ခက်ခဲခြင်း

. နှလုံးခုန် မြန်ခြင်း အစရှိသည်တို့ဖြစ်ပါသည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

Carcinoid syndrome ဖြစ်ပွားရသော အကြောင်းရင်းမှာ အထက်တွင် ဖော်ပြခဲ့သကဲ့သို့Carcinoid tumour ကြောင့် ဖြစ်သည်။ Carcinoid tumour များသည် အစာအိမ်နှင့် အူလမ်းကြောင်းထဲတွင် အဖြစ်များပြီး ၎င်းမှ ထုတ်သော ဓာတုပစ္စည်းများကို အသည်းမှ ချေဖျက်ပေးသည်။ သို့ရာတွင် အသည်းသို့ကင်ဆာဆဲလ်များ ပျံ့နှံ့သွားပါက မချေဖျက်နိုင်တော့ဘဲ Carcinoid syndrome ဖြစ်လာတော့သည်။ 


နောက်ဆက်တွဲ ပြဿနာများ

Carcinoid syndrome ၏ နောက်ဆက်တွဲ ရောဂါလက္ခဏာများ အနေဖြင့် 

- Carcinoid heart disease (နှလုံးရောဂါ)

- Bowel obstruction (အူပိတ်ခြင်း)

- Carcinoid crisis ( အရေပြား နီရဲခြင်း၊ သွေးပေါင်ကျခြင်း၊ တွေဝေခြင်းနှင့် အသက်ရှူရ ခက်ခဲခြင်း ) များ ဖြစ်စေနိုင်ပါသည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

Carcinoid syndrome သည် ကင်ဆာကြောင့် ဖြစ်သည့်အတွက် လက္ခဏာများ ခံစားရသည်နှင့် နီးစပ်ရာ ကျန်းမာရေးဆေးခန်းသို့သွားရောက်ပြသသင့်ပါသည်။


စစ်ဆေးမှုများ

ရောဂါအကြောင်း သိရှိရန် မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများအပြင် သွေးထဲတွင် Chromogranin A ပါမပါ စစ်ဆေးခြင်း၊ ဆီးစစ်ခြင်းနှင့် CT scan၊ MRI scan ရိုက်ခြင်း အစရှိသော စစ်ဆေးခြင်းများ ပြုလုပ်သင့်ပါသည်။


ကုသခြင်း

Carcinoid syndrome ကို ကုသရန် 

• ကင်ဆာအလုံးအကျိတ်ကို ခွဲစိတ်၍ ဖယ်ရှားပစ်ခြင်း၊ 

• ဓာတုပစ္စည်းများ မထွက်စေရန် ဆေးဝါးများ သောက်သုံးခြင်း၊ 

• ခုခံအား ကောင်းစေရန် Interferon alfa ဟုခေါ်သော ဆေးထိုးခြင်း၊ 

• Hepatic artery embolization နည်းဖြင့် အသည်းကို သွေးပို့မှု မရစေရန် ဖြတ်တောက်ပစ်ခြင်း၊ 

• Radiofrequency ablation or Cryotherapy နည်းဖြင့် ကင်ဆာဆဲလ်များအား သတ်ပစ်ခြင်းနှင့် 

• Chemotherapy (ကင်ဆာဆေး)များသုံးခြင်းတို့ဖြင့် ကုသနိုင်ပါသည်။

  ထို့ပြင် အရက်သောက်ခြင်း၊ အစားကို အများကြီးစားခြင်း၊ အပူအစပ်များ စားခြင်း၊ ငန်သော အစာများ စားခြင်းတို့ကို ရှောင်ကြဉ်ခြင်းနှင့် စိတ်ဖိစီးမှုများကို လျှော့ချခြင်းတို့ကိုလည်း ပြုလုပ်ပေးသင့်ပါသည်။


ကာကွယ်ခြင်း

Carcinoid syndrome ကို ကာကွယ်နိုင်ရန်

. မျိုးရိုးထဲတွင် ကင်ဆာရောဂါရှင်များ ရှိပါက ပုံမှန် စစ်ဆေးမှု ခံယူခြင်း

. အစာအိမ်အနာများ ရှိပါကလည်း ကြိုတင်ကာ စနစ်တကျ ဆေးဝါးကုသမှု ခံယူထားခြင်းနှင့်

. ဆေးလိပ်၊ အရက်များကို ရှောင်ကြဉ်ခြင်းတို ့ပြုလုပ်ပေးသင့်ပါသည်။


Ref: Mayo clinic

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18